ဘုရားသခင်ဆိုတာ ဘယ်သူလဲ?
ခရစ်ယာန်ယုံကြည်ခြင်းအရ ဘုရားသခင်ဆိုတာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာလောကနဲ့ စကြဝဠာကြီးကို ဖန်ဆင်းတော်မူတဲ့ အရှင်သခင်ဖြစ်ပါတယ်။ ကိုယ်တော်ဟာ မေတ္တာကရုဏာနဲ့ ပြည့်စုံပြီး စိတ်ရှည်သည်းခံတတ်တဲ့၊ တရားမျှတတော်မူတဲ့ 'ဖခင်' တစ်ဦးလည်း ဖြစ်ပါတယ်။ အစအဦးကနေ ယနေ့တိုင်အောင် ဘယ်တော့မှ ပြောင်းလဲခြင်းမရှိတဲ့ ဘုရားသခင်ဟာ ထာဝရအမြဲ တည်ရှိနေမှာဖြစ်ပါတယ်။
ဘုရားသခင်သည် မည်သူနည်း
လူတွေရဲ့ ဘုရားသခင်အပေါ် အမြင်တွေဟာ လူတစ်ဦးနဲ့တစ်ဦး၊ ယုံကြည်သူနဲ့ မယုံကြည်သူ၊ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုအကြား များစွာကွဲပြားခြားနားကြတယ်။ မတူညီတဲ့ ဘဝအတွေ့အကြုံတွေနဲ့ မတူညီတဲ့ ကြီးပြင်းလာပုံတွေဟာလည်း ဒီမေးခွန်းအပေါ် မတူညီတဲ့ အမြင်ကွဲပြားခြားနားသွားစေတဲ့ လွှမ်းမိုးမှုများစွာထဲက အနည်းငယ်သာ ဖြစ်ပါတယ်။