• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၇ နို ၂၀၂၅

သင်ဟာ ဘုရားသခင်ရဲ့ သားသမီးတစ်ယောက် ဖြစ်ပါတယ်..

ထုတ်ဝေသည့်ရက်စွဲ ၁၇ နို ၂၀၂၅

သင်ဟာ တခြားအရာတွေ... သင့်အလုပ်၊ သင့်အမှုတော်ဆောင်ခြင်း၊ သင့်တာဝန်တွေ၊ ဒါမှမဟုတ် သင့်အောင်မြင်မှုတွေ... မဖြစ်ခင်မှာ၊ သင်ဟာ ဘုရားသခင်ရဲ့ သားသမီးတစ်ယောက် ဖြစ်ပါတယ်။ 💛

ဒီအမှန်တရားက အရာအားလုံးကို ပြောင်းလဲစေပါတယ်။

ကျွန်တော်တို့ဟာဒီအပတ်တစ်လျှောက်လုံးမှာ ဘုရားသခင်နဲ့ ရင်းနှီးခြင်း၊ ချီးမွမ်းခြင်းနဲ့ ကိုးကွယ်ခြင်းရဲ့ အရေးကြီးပုံကို ကျွန်တော်တို့ လေ့လာခဲ့ကြပါတယ်။ ဘုရားသခင်နဲ့ ဒီလိုရင်းနှီးကျွမ်းဝင်မှုကို ပုံမှန်နဲ့ တတ်နိုင်သလောက် မကြာခဏ ထိန်းသိမ်းထားဖို့က အလွန်အရေးကြီးပါတယ်။ ဒါဟာ အသက်ရှူသလိုပါပဲ... မရှိမဖြစ် လိုအပ်ပါတယ်။ ချီးမွမ်းကိုးကွယ်ခြင်းဟာ သင့်ခရစ်ယာန်အသက်တာအတွက် မရှိမဖြစ်လိုအပ်ပြီး၊ ဘုရားသခင်နဲ့ သင့်ဆက်ဆံရေးအတွက် အသက်သွေးကြော ဖြစ်ပါတယ်။

သင် ချီးမွမ်းကိုးကွယ်တဲ့အခါ၊ သင်က ဘုရားသခင်ကို ချစ်ကြောင်း ပြသတယ်။ ဒါပေမဲ့ ဘုရားသခင်က ယေရှုကို စေလွှတ်လိုက်တဲ့အခါ၊ ဘုရားသခင်က သင့်ကို ချစ်ကြောင်း ပြသခဲ့တယ်။ အဲ့ဒီမေတ္တာက သင့်ကို ခွင့်လွှတ်ပေးရုံတင် မဟုတ်ဘူး... သင့်ကို ဖြစ်ခြင်းအသစ်တစ်ခု ပေးခဲ့ပါတယ်။

'ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-' ၁ ရှင်ယောဟန် 3:1

ကျွန်တော်တို့ဒါကို  ခဏလောက် အချိန်ယူပြီး ဆင်ခြင်ကြည့်ကြရအောင်။ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းသောသူက သင်နဲ့ ကျွန်တော့်ကို "ငါ့ သား/သမီး" လို့ ခေါ်တယ်။ 

ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ ဘုရားသခင်ရဲ့ လက်ခံခြင်းကို ခံရဖို့ ရုန်းကန်၊ ကြိုးစားစရာ လုံးဝ မလိုတော့ပါဘူး... သင်ဟာ လက်ခံခြင်းခံရပြီးသားပါ။ အချစ်ခံရဖို့ ဘာမှထပ်လုပ်ပြစရာ မလိုတော့ပါဘူး... သင်ဟာ အချစ်ခံရပြီးသားပါ။ ပြီးတော့ စွန့်ပစ်ခံရမှာကိုလည်း ကြောက်စရာ မလိုတော့ပါဘူး... ဘာလို့လဲဆိုတော့ သင့်ရဲ့ ကောင်းကင်ဖခင်ဟာ သူ့ရဲ့သားသမီးကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်လို့ပဲဖြစ်ပါတယ်။

သင် ဒါကို တကယ် နားလည်သွားတဲ့အခါ၊ သင့်ခရစ်ယာန်အသက်တာက အရာအားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ သင့်ဆုတောင်းခြင်းအသက်တာဟာ ရှင်ဘုရင်တစ်ပါးအတွက် လုပ်ဆောင်ပြရတဲ့ ဖျော်ဖြေမှုတစ်ခုပုံစံ မဟုတ်တော့ဘဲ၊ သင့်ဖခင်နဲ့ စကားပြောတဲ့ ပုံစံမျိုးဖြစ်လာပါလိမ့်မယ်။ သင့်ရဲ့ကိုးကွယ်ခြင်းဟာလည်း တာဝန်ဝတ္တရားတစ်ခုသက်သက် မဟုတ်တော့ဘဲ၊ ချစ်ခြင်းရဲ့ လျှံထွက်ခြင်း ဖြစ်လာပါတယ်။ ပြီးတော့ သင့်ရဲ့လျှောက်လှမ်းခြင်းက တည်ငြိမ်ပြီး ငြိမ်သက်သွားပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သင် ဘယ်သူ့လက်ကို ဆွဲကိုင်ထားလဲဆိုတာ သင် သိသွားလို့ပဲဖြစ်ပါတယ်။

ဒါဟာ သင့်နှလုံးသားကို လွတ်မြောက်စေတဲ့ ဖွင့်ပြချက်တစ်ခုဖြစ်ပါတယ်

👉 သင်ဟာ ဘုရားသခင်ဆီ ရောက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး... သင်ဟာ ဘုရားသခင်နဲ့အတူ လျှောက်လှမ်းနေသောသူ ဖြစ်ပါတယ်။

သင်ဟာ ကောင်းကင်ဘုံအတွက် သူစိမ်းသက်သက် မဟုတ်တော့ပါဘူး၊ သင်ဟာ ကောင်းကင်မိသားစုဝင်ဖြစ်ပါတယ်။ သင်ဟာတစ်ယောက်တည်း မဟုတ်တော့ပါဘူး၊ သူ့ရဲ့မေတ္တာက သင့်ကို နေ့ရက်တိုင်း ချီပင့်ထားပါတယ်။

'အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-' ရောမ 8:15

ဒါဟာ ဘုရားသခင်ပြောတဲ့ သင် ဘယ်သူလဲဆိုတာပါပဲ၊ မိတ်ဆွေ ရေ ရွေးကောက်ခြင်းခံရပြီး တန်ဖိုးထားခံရတဲ့ ဘုရားသခင်ရဲ့ သားသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးတော့ ဒါကို သင့်စိတ်ထဲမှာပဲ မဟုတ်ဘဲ၊ သင့်ဝိညာဉ်ထဲမှာ သိသွားတဲ့အခါ... ကြောက်ရွံ့ခြင်းက သင့်ကို မလွှမ်းမိုးနိုင်တော့ဘူး၊ အရှက်တရားကလည်း သင့်ကို မဟန့်တားနိုင်သလို၊ မောပန်းနွမ်းနယ်မှုကလည်း သင့်ကို မချုပ်ကိုင်နိုင်တော့ပါဘူး။ 

ဒါကြောင့် ဒီအမှန်တရားကို ဆွဲကိုင်ပြီး သင့်ဘဝရဲ့ ရှေ့ဆက်ရမယ့် အခန်းတစ်ခုဆီတိုင်းကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းပါ။ သင်ဟာ ဘုရားသခင်နဲ့ ဆက်ဆိုင်သောသူ ဖြစ်ပါတယ်။ 

အတူတကွ ဆုတောင်းကြပါစို့။ “အဖဘုရား၊ ကျွန်ုပ်တို့ကို ကိုယ်တော့် သားသမီးလို့ ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ အားနည်းတယ်လို့ ခံစားရတဲ့အခါ၊ ကျွန်ုပ်တို့ဟာ ဘယ်သူနဲ့ဆိုင်သလဲဆိုတာ သတိပေးပါ။ ကျွန်ုပ်တို့ ကြောက်ရွံ့နေတဲ့အခါတိုင်း၊ ကိုယ်တော့်မေတ္တာထဲမှာ ကျွန်ုပ်တို့အား နီးနီးကပ်ကပ် ပွေ့ဖက်ထားပါ။ ကိုယ်တော်နဲ့ ထာဝရ သက်ဆိုင်ရခြင်းရဲ့ လုံခြုံမှုထဲမှာ ကျွန်ုပ် အနားယူပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

မိတ်ဆွေ သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။ ဘုရားသခင် သင့်ကို သာ၍ ကောင်းချီးပေးပါစေ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။