
ယေရှုခရစ်တော် အကြောင်း
ယေရှုက ဘယ်သူလဲ?
သင့်အတွက်... ယေရှုဟာ ဘယ်သူလဲ။ ပရောဖက်တစ်ပါးလား။ စိတ်ခွန်အားပေးသူတစ်ဦးလား။ ဒါမှမဟုတ် ဘုရားသခင်ရဲ့ သားတော်လား။ ကယ်တင်ရှင်မေရှိယလား၊ သမိုင်းထဲက လိမ်လည်သူတစ်ဦးလား။ယေရှုတကယ်ပဲ ရှိခဲ့သလား။ ကိုယ်တော်ရဲ့ သွန်သင်ချက်တွေ၊ လုပ်ဆောင်ခဲ့တဲ့ အမှုတွေနဲ့ ကိုယ်တော်ရဲ့ ဘဝတစ်ခုလုံးက ဒီနေ့ ကျွန်ုပ်တို့ရဲ့ အသက်တာတွေအပေါ် ဘယ်လိုသက်ရောက်နေဆဲလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ဒီနေရာမှာ ဝင်ရောက်လေ့လာပြီး ရှာဖွေလိုက်ပါ။

ယေရှုခရစ်တော်အကြောင်း လေ့လာရန်
ယေရှုခရစ်တော်သည် လူများစွာအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ခွန်အား၏ အဓိကအရင်းအမြစ်တစ်ခု ဖြစ်သည်။ ကိုယ်တော်၏ အသက်တာသည် စိတ်ဝင်စားဖွယ်ဖြစ်သလို၊ ကိုယ်တော်ယူဆောင်လာသော သတင်းစကားမှာလည်း ထူးခြားလှသည်။
ကိုယ်တော်၏ ဖွားမြင်ခြင်းက ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့ပြီး၊ လူဦးရေ ၂.၃ ဘီလီယံက ကိုယ်တော်သည် ယနေ့တိုင် အသက်ရှင်လျက်ရှိသည်ဟု ယုံကြည်ကြသည်။ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာသည့်တိုင် ကိုယ်တော်၏ အသက်တာ၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့က မျက်မှောက်ခေတ်ကမ္ဘာကို မည်သို့ဆက်လက်လွှမ်းမိုးနေကြောင်း ဤနေရာတွင် လေ့လာနိုင်ပါသည်။