• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
Holidays

အီစတာ- ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းက အမှန်တရားလား ဒါမှမဟုတ် ပါးနပ်တဲ့ လိမ်ညာမှုတစ်ခုလား

ဒါဟာ သင်ဖတ်ဖူးသမျှထဲမှာ အရေးကြီးဆုံးသော ဆောင်းပါးတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါက နည်းနည်းတော့ ဒရာမာဆန်သွားနိုင်ပါတယ်။ ဒါပေမဲ့ အီစတာရဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းထဲကို ခဏလောက် ဝင်ရောက်ကြည့်ကြပါစို့။

အီစတာအတွင်းမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။ ကျွန်ုပ်တို့ ဘာကြောင့် အီစတာပွဲကို ဆက်ပြီးကျင်းပနေကြတာလဲ။ ပြီးတော့ အီစတာယုန် (Easter Bunny) ကရော ဘယ်ကနေရောက်လာတာလဲ။ အရေးကြီးဆုံးကတော့၊ မေးခွန်းကို သင်ကိုယ်တိုင် အဖြေရှာရမှာပါ။ အီစတာဇာတ်လမ်းကို သင်အမှန်တရားလို့ ယုံကြည်သလား၊ ဒါမှမဟုတ် ပါးနပ်တဲ့ လိမ်ညာမှုတစ်ခုလို့ ထင်ပါသလား။

အီစတာဆိုတာ ဘာလဲ

အီစတာဟာ အမှန်တရားလား ဒါမှမဟုတ် ပါးနပ်တဲ့လိမ်ညာမှုတစ်ခုလားဆိုတာကို အဖြေရှာဖို့အတွက်၊ သူ့ရဲ့မူလအစကို အရင်နားလည်ရပါမယ်။ အီစတာဟာ ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ဂုဏ်ပြုတဲ့ပွဲတစ်ခုဖြစ်ပြီး၊ ခရစ်ယာန်တွေက ယေရှုဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ဟုတ်ပါတယ်၊ ရှင်ပြန်ထမြောက်ခြင်းပါ။ သေဆုံးခဲ့တဲ့ ယေရှုဟာ ပြန်အသက်ရှင်လာခဲ့တာပါ။

အီစတာဇာတ်လမ်းဟာ ယေရှုခရစ်တော်ရဲ့အကြောင်းပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော်က သူဟာ အစ္စရေးနိုင်ငံတစ်ဝှမ်း ခရီးသွားရင်း ထူးခြားတဲ့ဇာတ်လမ်းတွေ မျှဝေခဲ့တယ်၊ အံ့ဖွယ်အမှုတွေကို ပြုလုပ်ခဲ့ပြီး၊ အဲဒီနောက် သူ့ခေတ်က ဘာသာရေးအာဏာပိုင်တွေကိုလည်း စိန်ခေါ်ခဲ့ပါတယ်။ အီစတာမတိုင်မီ တစ်ပတ်အလို၊ သံလွံခက်တနင်္ဂနွေနေ့ (Palm Sunday) မှာ လူအုပ်ကြီးတွေက သူ့ကို ရောမအုပ်ချုပ်မှုကနေ ကယ်တင်မယ့် သူရဲကောင်းတစ်ယောက်၊ ပရောဖက်ပြုချက်ပါ ကယ်တင်ရှင် ("မေရှိယ") အဖြစ် ယေရုရှလင်မြို့သို့ ကြိုဆိုခဲ့ကြတယ်။

သို့သော်လည်း ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်လာခဲ့ကြတယ်။ ကြာသပတေးနေ့မှာ ယေရှုဟာ သူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ ယုဒရှကာရုတ်ရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရတယ်။ သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြပြီး သေဒဏ်ချမှတ်ခဲ့ကြတယ်။ အသေခံတော်မူရာနေ့ (Good Friday) မှာ ယေရှုဟာ လက်ဝါးကပ်တိုင်ပေါ်မှာ အသက်ကိုစွန့်တော်မူခဲ့တယ်။ သူ့ရဲ့မိတ်ဆွေတွေက သူ့ကို သင်္ဂြိုဟ်ပြီး၊ ယခု သန့်ရှင်းသောစနေနေ့ (Holy Saturday) လို့ခေါ်တွင်တဲ့နေ့မှာ ဝမ်းနည်းပူဆွေးခဲ့ကြတယ်။ သို့သော်လည်း တနင်္ဂနွေနေ့မှာတော့… ယေရှုရဲ့သင်္ချိုင်းဂူဟာ ဗလာဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒီတွေ့ရှိမှုက ကမ္ဘာကြီးကို ပြောင်းပြန်လှန်လိုက်သလိုပါပဲ။ လူရာပေါင်းများစွာက ယေရှုသေဆုံးတာကို မျက်မြင်တွေ့ခဲ့ကြပေမဲ့၊ နောက်ပိုင်းမှာ လူအများအပြားက သူ့ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ပြောဆိုချက်တွေကို သမ္မာကျမ်းစာထဲမှာ ရေးမှတ်ခဲ့ပြီး၊ ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက လူဦးရေ ၂.၃ ဘီလီယံကျော်က ယေရှုဟာ အသက်ရှင်နေတယ်လို့ ယုံကြည်ကြပါတယ်။

အီစတာဇာတ်လမ်း

သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ အီစတာအကြောင်းကို အသေးစိတ်လေ့လာကြည့်ကြပါစို့။ ဓမ္မသစ်ကျမ်းထဲက မဿဲ၊ မာကု၊ လုကာ နဲ့ ယောဟန်ဆိုတဲ့ ခရစ်ဝင်ကျမ်းတွေမှာ လေးကြိမ်တိုင်တိုင် မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ အသေးစိတ်အချက်အလက်အချို့မှာ ကွဲပြားသော်လည်း၊ အဓိကပေးချင်တဲ့ သတင်းစကားကတော့ အတူတူပင် ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခြင်း

အီစတာမနက်ခင်းမှာ အမျိုးသမီးသုံးဦးဟာ ဓလေ့ထုံးစံအတိုင်း ယေရှုရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းပြုစုဖို့ သူ့ရဲ့သင်္ချိုင်းဂူကို သွားရောက်ခဲ့ကြတယ်။ သို့သော် သင်္ချိုင်းဂူဟာ ဗလာဖြစ်နေခဲ့ပါတယ်။ သင်္ချိုင်းဂူကို ပိတ်ထားတဲ့ ကျောက်တုံးကြီးဟာလည်း လှိမ့်ဖယ်ထားခံခဲ့ရပြီး၊ အလောင်းကိုပတ်တဲ့ ပိတ်စတွေဟာလည်း သပ်သပ်ရပ်ရပ် ခေါက်ထားလျက်သား ရှိနေကာ၊ ယေရှုရဲ့ခန္ဓာကိုယ်ဟာလည်း ပျောက်ဆုံးနေခဲ့ပါတယ်။

တွေ့ဆုံခြင်း

မာဂဒလမာရိဟာ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ စိတ်ပူပန်နေတဲ့သူမဟာ အစပိုင်းမှာ သူ့ကို ဥယျာဉ်မှူးလို့ အထင်မှားခဲ့ပါတယ်။ သို့သော် ယေရှုက သူမရဲ့နာမည်ကို ခေါ်လိုက်တဲ့အခါမှာ သူမဟာ သူ့ကို မှတ်မိသွားခဲ့တယ်။ ယေရှုက မာရိကို သူ့ရဲ့နောက်လိုက်တွေကို ဒီသတင်းကို မျှဝေဖို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မာရိဟာ တခြားသူတွေကို ပြောပြဖို့ အလျှင်အမြန်ပြေးသွားခဲ့သော်လည်း၊ ဘယ်သူမှ သူမကို မယုံကြည်ခဲ့ကြပါဘူး။

မယုံကြည်နိုင်ခြင်း

တပည့်တော်တွေဟာ မာရိရဲ့ပြောဆိုချက်ကို သံသယဝင်ခဲ့ပေမဲ့ သိချင်စိတ်ပြင်းပြခဲ့ကြပါတယ်။ ဂျူးခေါင်းဆောင်တွေဟာ သူတို့ကို ယေရှုနောက်လိုက်ခဲ့တဲ့အတွက် အပြစ်ပေးမှာကို စိုးရိမ်နေခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘာလုပ်ရမှန်းမသိဖြစ်ပြီး တံခါးပိတ်၍ ပုန်းနေကြစဉ်မှာ၊ ယေရှုဟာ သူတို့ရဲ့အလယ်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။

အမှုတော်

"သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း" လို့ ယေရှုဟာ သူတို့အလယ်မှာ ရပ်နေပြီး ပြောလိုက်ပါတယ်။ သူဟာ အသက်ရှင်နေကြောင်း တပည့်တော်တို့ကို ပြသခဲ့ပြီး၊ သူ့ရဲ့ခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့ သတင်းစကားကို ဝေငှခဲ့တယ်။ အဲဒီနောက် တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်ဖို့ တိုက်တွန်းခဲ့ပြီး၊ အရေးအကြီးဆုံးအရာကတော့ သူတို့ကို ဧဝံဂေလိသတင်းကောင်းကို ဝေငှဖို့နဲ့ တခြားသူတွေကို ဂရုစိုက်ဖို့ အထူးတာဝန်ပေးခဲ့ပါတယ်။

သမ္မာကျမ်းစာထဲမှာ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တခြားသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း များစွာ မှတ်တမ်းတင်ထားပြီး၊ သူ့ကို အသက်ရှင်လျက်မြင်တွေ့ခဲ့သူ လူပေါင်း ၅၀၀ ကျော်ပင်ရှိတယ်လို့ ဖော်ပြထားပါတယ်။ တပည့်တော်တွေဟာ သူတို့ရဲ့တာဝန်တွေကို စိတ်နှလုံးထဲမှာ အထူးထားရှိပြီး "ယေရှု အသက်ရှင်သေးသည်" ဟူသော သတင်းစကားကို အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဝေခဲ့ကြပါတယ်။

အမှန်တရားလား၊ ပါးနပ်တဲ့လိမ်ညာမှုတစ်ခုလား

တပည့်တော်တွေဟာ ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကို ဘယ်သောအခါမှ သံသယမဝင်ခဲ့ကြပါဘူး။ သူတို့ဟာ အာရှ၊ ပါရှား၊ အီသီယိုးပီးယား၊ အိန္ဒိယ နဲ့ ဥရောပတစ်ဝှမ်းကို ဧဝံဂေလိသတင်းကောင်းမျှဝေဖို့ ခရီးထွက်ခဲ့ကြတယ်။ အဲဒီအမှုအရာအတွက် သူတို့ရဲ့အသက်ကိုပင် ပေးဆပ်ဝံ့ကြတယ်။ ယေရှုရဲ့တပည့်တော်အများစုဟာ သူတို့ရဲ့ယုံကြည်ချက်တွေကြောင့် ရက်ရက်စက်စက်ပင် အသတ်ခံခဲ့ကြရပါတယ်။

ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို ဖိနှိပ်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ကြသော်လည်း၊ ဒါဟာ နှစ်ပေါင်းထောင်ချီ တည်တံ့နေခဲ့ပါတယ်။ ယနေ့ခေတ်မှာ လူဦးရေ ၂.၃ ဘီလီယံကျော်ဟာ (ရှင်ပြန်ထမြောက်ခြင်း) အီစတာဇာတ်လမ်းကို ယုံကြည်ကြပါတယ်။ ရှေးဦးမျက်မြင်သက်သေတွေရဲ့ သက်သေခံချက်တွေကိုလည်း ယုံကြည်ကြပြီး၊ ယေရှုခရစ်တော်နဲ့ ချိတ်ဆက်ခြင်းတွေကိုလည်း ကိုယ်တွေ့ကြုံခံစားနေကြပါတယ်။

ခရစ်ယာန်တွေဟာ ယေရှုဟာ ကောင်းကင်ဘုံကိုပြန်ကြွသွားပြီဖြစ်သော်လည်း၊ ဆုတောင်းခြင်းမှတစ်ဆင့် လူတွေနဲ့ ဆက်သွယ်နေဆဲဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ လူအများအပြားဟာ အိပ်မက်တွေ၊ ဗျာဒိတ်ရူပါရုံတွေ၊ ဒါမှမဟုတ် ပိုမိုမေတ္တာထားတတ်ပြီး အသက်ရှင်နေထိုင်တတ်ဖို့ လိုအပ်တဲ့ စိတ်အားထက်သန်မှုတွေ စတဲ့ သူတို့ရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့ ယေရှုခရစ်တော်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုလည်း ဖော်ပြလေ့ရှိကြပါတယ်။

အီစတာယုန်ကရော

ချောကလက်တွေ၊ ကြက်ဥတွေ၊ ပြီးတော့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အီစတာယုန်တွေကရော ဘယ်လိုဖြစ်ပေါ်ခဲ့တာလဲ။ ပျော်ရွှင်စရာကောင်းပေမဲ့၊ ဒီဓလေ့ထုံးတမ်းတွေဟာ သမ္မာကျမ်းစာထဲက ဇာတ်လမ်းနဲ့ ပတ်သက်ခြင်းမရှိပါဘူး။ တချို့က ကြက်ဥဟာ ယဉ်ကျေးမှုအမျိုးမျိုးမှာ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခရစ်ယာန်နဲ့ ခရစ်ယာန်မဟုတ်တဲ့ အခြားဓလေ့ထုံးတမ်းတွေဟာ ပေါင်းစပ်သွားပြီး၊ အီစတာမီးပုံပွဲတွေလိုမျိုး နွေဦးရာသီဓလေ့ထုံးစံတွေကိုလည်း ထည့်သွင်းလာခဲ့ကြပါတယ်။

အီစတာ (ရှင်ပြန်ထမြောက်ခြင်း) က သင့်ကို ပြန်လည်စဉ်းစားဆင်ခြင်ဖို့ ဖိတ်ခေါ်နေပါတယ်။ ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းဟာ အမှန်တရားလား ဒါမှမဟုတ် ပါးနပ်တဲ့လိမ်ညာမှုတစ်ခုလား။ ဒါကို သင်ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ယေရှုရဲ့ဘဝနဲ့ အီစတာအကြောင်း ပိုမိုလေ့လာလိုပါသလား။ သမ္မာကျမ်းစာထဲက ယောဟန်ခရစ်ဝင်ကျမ်းကို အခြေခံထားတဲ့ ဒီရုပ်ရှင်ကို ကြည့်ရှုလိုက်ပါ။

ခရစ္စမတ်ရဲ့ တကယ့်အဓိပ္ပာယ်ကို သင် ရှာဖွေနေပါသလား။

သစ်ပင်အလှဆင်ခြင်းနဲ့ လက်ဆောင်ပေးခြင်းတွေရဲ့ နောက်ကွယ်မှာ၊ သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေပါတယ်။ မျှော်လင့်ခြင်း၊ မေတ္တာတရားနဲ့ ကယ်တင်ခြင်းအကြောင်း ပြောပြနေတဲ့ ဒီအံ့ဩဖွယ်ရာ ခရစ္စမတ်ဇာတ်လမ်းရဲ့ နက်ရှိုင်းတဲ့အနှစ်သာရကို အတူတူ လေ့လာကြည့်ကြရအောင်။