• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ဘဝဆိုင်ရာ မေးခွန်းများ

ခွင့်လွှတ်ခြင်းအကြောင်း ယေရှု၏ မိန့်မှာတော်မှုချက် ၁၀ ချက်

ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး လူတွေရဲ့ခံယူချက်နဲ့ အမြင်ကို တစ်စုံတစ်ယောက်က အခြေခံကျကျ ပြောင်းလဲပေးခဲ့တယ်ဆိုရင်၊ ထိုသူက ယေရှုပါပဲ။ သမ္မာကျမ်းစာမှာ ခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့အကြောင်း ယေရှုမိန့်မှာခဲ့တဲ့ ကျမ်းချက်နဲ့ ကိုးကားချက်တွေ များစွာရှိနေတာကို တွေ့ရပါတယ်။ ယေရှုခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့ ရှုထောင့်ဟာ တခြားသူတွေနဲ့မတူဘဲ ကွဲပြားခြားနားပါတယ်။ ကိုယ်တော်သွန်သင်တဲ့ ခွင့်လွှတ်ခြင်းဟာ ကိုယ့်ကိုယ်ကို အာရုံစိုက်ခြင်းမဟုတ်ဘဲ၊ သူတစ်ပါးနဲ့ အထူးသဖြင့် ဘုရားသခင်ကို အာရုံစိုက်ခြင်း ဖြစ်ပါတယ်။

ခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့မိန့်မှာချက်တွေဟာ တစ်ခါတလေမှာ အစွန်းရောက်တယ်လို့ ထင်ရပြီ စဉ်းစားဆင်ခြင်နိုင်ဖို့ အချိန်ယူရတတ်ပါတယ်။ ဒါပေမဲ့ အဲဒီသွန်သင်ချက်တွေဟာ နက်ရှိုင်းပြီး သင့်ကို စိန်ခေါ်မှုတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် ယေရှုက ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး ဘာတွေမိန့်မှာခဲ့သလဲ။

ကျွန်ုပ်တို့နှင့် သူတစ်ပါးတို့၏ သံကြိုးများကို ချိုးဖျက်နိုင်သည့် တန်ခိုးရှိသည်

တရားမျှတမှုကို တောင်းဆိုပြီး အငြိုးအတေးအာဃာတတွေကို ဆုပ်ကိုင်ထားလေ့ရှိတဲ့ လောကကြီးထဲမှာ၊ ယေရှုဟာ ကျွန်ုပ်တို့ကို မတူကွဲပြားတဲ့ အသက်တာတစ်ခုဆီသို့ ဦးဆောင်ခဲ့ပါတယ်။ အဲဒီအသက်တာဟာ မေတ္တာတရား၊ ကရုဏာတရား၊ သက်သာခြင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အခြေခံပါတယ်။ ယေရှုရဲ့စကားလုံးတွေဟာ ကျွန်ုပ်တို့ကို ချည်နှောင်ထားတဲ့အရာတွေကနေ လွတ်မြောက်စေပြီး ရဲရင့်စေပါတယ်။

ခွင့်လွှတ်ခြင်းအကြောင်း ယေရှု၏ မိန့်တော်မူချက်များ

သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။
ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။
ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။
လက်ဝါးကပ်တိုင်ပေါ်မှ ယေရှု၏စကား
သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။

ဆု​တောင်း​ပ​တ္ထ​နာ၏ အစိတ်အပိုင်း
ရှင်မဿဲ ၆:၉ - ၁၅ (JBMLE)

သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။ တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။
တစ်ဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။- ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တစ်ဖန် အပြစ်ဖြေသော ပူဇော်သကာကို ပြုစေရာအကြောင်းမရှိ။
သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
အကြွေးရှင်နှင့် အကြွေးတင်သူနှစ်ဦး ဥပမာ

ဥပမာများဖြင့် သွန်သင်သော ခွင့်လွှတ်ခြင်း

ဒီမိန့်မှာချက်တွေအပြင်၊ ယေရှုဟာ ခွင့်လွှတ်ခြင်းရဲ့အရေးကြီးပုံကို အလေးပေးဖော်ပြဖို့ ပုံဥပမာ (parables) တွေနဲ့လည်း သွန်သင်လေ့ရှိပါတယ်။ ဒီပုံဥပမာတွေဟာ အဖြစ်မှန်ဇာတ်လမ်းတွေ မဟုတ်ပေမဲ့၊ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့ နက်ရှိုင်းတဲ့အနှစ်သာရကို ပြသနေပါတယ်။ ဥပမာ၊ အမွေတွေကို ဖြုန်းတီးပြီးမှ ဖခင်ဆီကို ပြန်ရောက်လာတဲ့ ‘ပျောက်သောသား’ ပုံပြင်ကို မြင်ယောင်ကြည့်ပါ။ ဒါဟာ ခြွင်းချက်မရှိတဲ့ ခွင့်လွှတ်ခြင်းရဲ့ အကောင်းဆုံးပုံဥပမာတစ်ခုဖြစ်သလို၊ အဲဒီခွင့်လွှတ်ခြင်းကို လက်မခံနိုင်တဲ့ သူ့အစ်ကိုရဲ့ ရုန်းကန်နေရမှုကိုလည်း ဖော်ပြထားပါတယ်။

နောက်ထပ်ဥပမာတစ်ခုကတော့ ခွင့်မလွှတ်တတ်သော ကျွန် အကြောင်းပါပဲ။ ယေရှုက ငွေအကြွေးအများကြီးတင်နေတဲ့ ကျွန်တစ်ယောက်အကြောင်း ပုံပြင်တစ်ပုဒ် ပြောပြခဲ့ပါတယ်။ သူဟာ အကြွေးပြန်မဆပ်နိုင်တဲ့အတွက် သူ့မိသားစုနဲ့အတူ ကျွန်အဖြစ် ရောင်းစားခံရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေခဲ့ရတယ်။ အဲဒီအခါမှာ သူက ဘုရင်ကြီးကို အကြွေးဆပ်ဖို့ အချိန်ဆိုင်းပေးဖို့ တောင်းပန်ခဲ့တယ်။ ဘုရင်ကြီးက သနားပြီး သူ့ရဲ့အကြွေးတွေအားလုံးကို ကြေအေးပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျွန်ဟာ သူ့ဆီမှာ ငွေအနည်းငယ်ပဲ အကြွေးတင်နေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်ကိုတော့ သနားညှာတာခြင်းမရှိဘဲ ထောင်ထဲထည့်ခဲ့တယ်။ ဘုရင်ကြီးက ဒီအဖြစ်အပျက်ကို ကြားတဲ့အခါ အလွန်အမျက်ထွက်ပြီး သူ့ကို ထောင်ထဲထည့်ခဲ့ပါတယ်။ ဒီပုံဥပမာကနေတစ်ဆင့်၊ “သင်တို့ဟာ အပြစ်လွှတ်ခြင်းခံရသလို၊ သူတစ်ပါးရဲ့အပြစ်ကိုလည်း စိတ်နှလုံးအကြွင်းမဲ့ ခွင့်လွှတ်ရမယ်” ဆိုတဲ့အချက်ကို ယေရှုက သွန်သင်ခဲ့ပါတယ်။ မဿဲ ၁၈:၂၃-၃၅ JBMLE

အတိတ်ကို လက်လွှတ်ပြီး ရှေ့ဆက်ဖို့ ခက်ခဲနေပါသလား

ခွင့်လွှတ်ရတာ သင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေရင်၊ စိတ်ဖိစီးမှုကို လျှော့ချပြီး စိတ်အေးချမ်းမှုရရှိနိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ကျွမ်းကျင်နည်းပြတစ်ဦးရဲ့ အကြံပြုချက်တွေနဲ့အတူ လေ့လာကြည့်လိုက်ပါ။