သင့်ဝန်ထုပ်ဝန်ပိုးများကို ဘုရားသခင်ထံ ယူဆောင်လာပါ!
လူတိုင်းမှာ မတူညီတဲ့ ဝန်ထုပ်ဝန်ပိုးတွေရှိနေနိုင်ပါတယ် ။ ဝန်ထုပ်ဝန်ပိုးလို့စဉ်းစားကြည့်တဲ့အခါ မဖိတ်ခေါ်ပဲ ကျွန်မတို့အထဲမှာရှိနေတတ်ပါတယ် မိတ်ဆွေ ရေ၊ သင့်အနေနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ချည်နှောင်ခံရသလို ခံစားဖူးပါသလား? နေ့စဉ်ဘဝရဲ့ဖိအားတွေကို မခံနိုင်လောက်အောင် ခံစားရပြီး "ငါမဖြတ်သန်းနိုင်တော့ဘူး" လို့ ပြောမိဖူးပါသလား? တာဝန်ဝတ္တရားတွေများလွန်းလို့ အသက်ရှင်ရတာအရမ်းပင်ပန်းလာတဲ့အချိန်ကို ဖြတ်သန်းနေရပါသလား ?
ချီးမွမ်းခြင်းက သင့်ကို လေးလံစေတဲ့ ဝန်ထုပ်တွေကနေ ပေါ့ပါးစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချီးမွမ်းတဲ့အခါ သင့်အာရုံက ဖိစီးနေတဲ့ကိစ္စရပ်တွေမှာမဟုတ်ဘဲ ဘုရားသခင်အပေါ် အာရုံ စူးစိုက်သွားလို့ပါ ….
ဘုရားသခင်ကိုချီးမွမ်းခြင်းက -
🔹 သင့်အာရုံတွေကို စိုးရိမ်မှုတွေကနေ ဘုရားသခင်ဆီလှည့်ပေးတယ်
🔹 "ဘုရားသခင်ကြီးမြတ်ပါတယ်" လို့ ကြွေးကြော်တဲ့အခါ "ငါ့ပူပန်မှုတွေက ဘုရားရှေ့မှာ သေးငယ်တယ် " ဆိုတာ အလိုလိုသိလာတယ်
🔹 သင့်ပြဿနာတွေကို ဘုရားလက်ထဲထည့်ပြီး ဘုရားကိုစိတ်ချယုံကြည်နိုင်စွမ်းပေးတယ်
ဒါကြောင့် သင့်နှလုံးသားက ဖိစီးမှုမရှိတော့ဘဲ လွတ်လပ်မှု ရလာပါမယ် …
“ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေးသောသူ၌လည်းကောင်း၊ နီးသောသူ၌လည်းကောင်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။” ဟေရှာယ 57:19
သင့်နှုတ်ခမ်းက ချီးမွမ်းလိုက်တဲ့အခါ မုန်တိုင်းထန်နေတဲ့ အခြေအနေတွေက ငြိမ်သက်ခြင်းဖြစ်လာပါတယ် ။ ဒါကြောင့် အဆင်ပြေတဲ့ အချိန်မှာလည်း ချီးမွမ်းသလို အခက်ခဲဆုံးအချိန်မှာလည်း ပိုလို့တောင်ချီးမွမ်းရဦးမှာဖြစ်ပါတယ် ။
သင့်နှလုံးသား ဘယ်လိုပဲ အားနည်းနေပါစေ၊ ဘယ်လိုအခြေအနေရှိပါစေ
သင့်ဝန်ထုပ်တွေကို ဘုရားထံယူလာပြီး ဘုရားသခင်ကိုပဲ အာရုံစိုက်ကာချီးမွမ်းကိုးကွယ်ဖို့ ခွန်အားပေးချင်ပါတယ် …
ချီးမွမ်းကိုးကွယ်ခြင်းအားဖြင့် သင့်ရဲ့ ဝန်ထုပ်များကို ဘုရားသခင်ရှေ့မှာ ချထားလို့ရပါတယ် 🤍