စစ်မှန်တဲ့အနားယူခြင်းဆိုတာ ဘုရားသခင်ကို အခွင့်ပေးခြင်းပါပဲ

သခင်ယေရှုက နှုတ်ကပတ်တော်ထဲမှာ ကျွန်ုပ်တို့ကို ထပ်မံဖိတ်ခေါ်ထားပါတယ် - 'ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။- ' ရှင်မဿဲ ၁၁:၂၈-၂၉
ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ဟာ အဆုံးမရှိ ရက်ရောပေးသနားတော်မူသော ဘုရားသခင်ဖြစ်ပါတယ်- ကိုယ်တော်ဟာ ပေးသနားတယ်၊ ခွင့်လွှတ်တယ်၊ ပြီးတော့ ကျွန်တော်တို့အတွက် သူ့အသက်ကိုပင်ကို စွန့်ခဲ့သော ဘုရားသခင်ဖြစ်ပါတယ်။
လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုက “အမှုပြီးပြီ” လို့ ကြွေးကြော်ခဲ့ပါတယ်။ (ရှင်ယောဟန် ၁၉:၃၀)
ဒါဟာ ဘယ်လောက်တောင် တန်ခိုးကြီးတဲ့ ကြေညာချက်တစ်ခုလဲ။ သခင်ယေရှုဟာ မြေကြီးပေါ်မှာ လုပ်ဆောင်ရမယ့်အရာအားလုံးကို အပြီးသတ် လုပ်ဆောင်ခဲ့ပြီးပြီလို့ ကြွေးကြော်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် -
-
သခင်ယေရှုဟာ သင့်ရဲ့ဝန်ထုပ်တွေ၊ နာကျင်ခြင်းတွေ၊ အပြစ်တွေ၊ ဆင်းရဲဒုက္ခတွေနဲ့ နာမကျန်းခြင်းတွေအားလုံးကို လက်ဝါးကားတိုင်တော်ပေါ်မှာ ထမ်းဆောင်ခဲ့ပြီးပါပြီ။
-
သခင်ယေရှုကိုယ်တိုင်နဲ့ ခမည်းတော်ဘုရားသခင်တို့နဲ့အတူ မိတ်သဟာယဖွဲ့ရသောအခွင့်ကိုလည်း သင့်အတွက် ပြန်လည်ရယူပေးခဲ့ပြီးပါပြီ။
-
သင့်ရဲ့မျှော်လင့်ချက်တွေကို ပြန်လည်ရှင်သန်စေခဲ့ပါပြီ။
ရှင်ဘုရင်ဒါဝိဒ်က ဒီလိုကြွေးကြော်ခဲ့ပါတယ်- 'စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။' (ရှင်ယောဟန် ၁၉:၃၀)
ကျွန်ုပ်တို့ရဲ့ ငြိမ်သက်ခြင်းကို ပိုင်သအုပ်စိုးတော်မူသော သူဟာ ဘုရားသခင်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ အနားယူရာနေရာကို ဘယ်လိုဦးဆောင်ခေါ်သွားရမလဲဆိုတာ သိတော်မူသော ဘုရားသခင်ဖြစ်ပါတယ်။
ဟုတ်ပါတယ်… အနားယူခြင်း၊ ကျွန်ုပ်တို့ရဲ့ စစ်မှန်တဲ့ဝမ်းမြောက်ခြင်းဆိုတာ ကောင်းသောသိုးထိန်းဖြစ်တဲ့ သခင်ယေရှုရဲ့အနားမှာ နေထိုင်အသက်ရှင်ခြင်းပါပဲ။ ဒါကြောင့် စစ်မှန်တဲ့အနားယူခြင်းဆိုတာ ဘုရားသခင်ကို “အခွင့်ပေးခြင်း”လည်း ဖြစ်ပါတယ်။
မိတ်ဆွေ၊ သင့်အပေါ်မှာ လေးလံနေတဲ့အရာမှန်သမျှကို ဘုရားသခင်လက်ထဲ အပ်နှံဖို့ရန်အတွက် သင်ဆန္ဒရှိမယ်ဆိုရင် အခုပဲ ကျွန်ုပ်နဲ့အတူ ဆုတောင်းနိုင်ပါတယ်… “ဘုရားသခင်၊ ကျွန်ုပ်နဲ့အတူ အမြဲရှိနေပြီး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်းမှာ ကျွန်ုပ်တို့နဲ့အတူ အမြဲရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။ ယခုကျွန်ုပ်ရင်ဆိုင်နေရတဲ့ အခြေအနေကတော့ [သင်ရင်ဆိုင်နေရတဲ့ အခြေအနေကို ထည့်ပြောပါ] ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုယ်တော့်ထံမှာ အကြွင်းမဲ့ အပ်နှံပါတယ်။ ကျွန်ုပ်တစ်ယောက်တည်းရဲ့အားဖြင့် ဘာမှမတတ်နိုင်ပါဘူး။ သခင်ဘုရား၊ ကိုယ်တော့်ကိုပဲ အကြွင်းမဲ့ယုံကြည်အားကိုးပြီး အရာအားလုံးကို စိတ်ချစွာ အပ်နှံပါတယ်။ အရာခပ်သိမ်းအတွက် ကျေးဇူးတင်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”
