• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၃၀ နို ၂၀၂၅

သင့်ကို ဘုရားသခင် ကူညီစောင့်မပေးနေပါတယ် !

ထုတ်ဝေသည့်ရက်စွဲ ၃၀ နို ၂၀၂၅

“မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။” ‭ဟေရှာယ‬ ‭41‬:‭10‬ ‭

ဒီနေ့ကတော့ သင်ဟာ အောင်မြင်သောသူ ဖြစ်ကြောင်း ကျွန်မတို့ ဆင်ခြင်လေ့လာနေတဲ့ ရက်သတ္တပတ်ရဲ့ နောက်ဆုံးရက်ပဲ ဖြစ်ပါတယ် ။ 

တောင်တန်းတွေကိုကြည့်ရင်းခရီးသွားရတဲ့ အချိန်လေးတွေကို ကျွန်မအရမ်းနှစ်သက်တယ် ။ အရမ်းမြင့်မားတဲ့ တောင်တွေကိုဆို အဝေးမှာတည်းက တောင်ထိပ်ပိုင်းကို လှမ်းမြင်ရတဲ့ အချိန်က ရောက်တော့မယ် ၊ နီးနေပြီ ဆိုတဲ့ ခံစားချက်ကို ဖြစ်စေပါတယ် ။ 

“ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ​သော​တောင်​ရိုး​သို့ ငါ​မျှော်​ကြည့်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ၏။” ဆာလံ‬ ‭121‬:‭1‬-‭2‬ ‭

ဆာလံဆရာက တောင်ရိုးကို မျှော်ကြည့်တယ်လို့ ဘာကြောင့် ရေးထားရတာလဲ ?

ဣသရေလလူမျိုးတွေဟာ ယေရုရှလင်မြို့ ဗိမာန်တော်ဆီ ဝတ်ပြုဖို့ ၊ ပွဲတော်ကျင်းပဖို့ သွားကြတဲ့အခါ ဆာလံသီချင်း နဲ့ ဓမ္မသီချင်းတွေကိုသီဆိုကြတယ် ။ ဘုရားသခင်နဲ့ အထူးတွေ့ဆုံမယ့်အရာကို မျှော်လင့်ပြီး သွားကြတယ် ။ သူတို့ရဲ့ အပြစ်တွေ လွှတ်ခြင်းခံရမယ်ဆိုတာကို သိထားကြတယ် ။ 

အဲ့ဒီလိုပဲ မိတ်ဆွေ ! သင်လည်း မျှော်လင့်ချက်ထားပါ ! 

သင့်ရဲ့ ဘုရားသခင်ဟာ သင့်ကို ကောင်းကြီးပေးဖို့ ၊ ကူညီစောင့်မဖို့ အဆင်သင့်ရှိနေပါတယ် ! 

ဒါဟာ သင့်အတွက် ဘုရားသခင်ရဲ့ ကတိတော် ဖြစ်ပါတယ် …

“တောင်​ကြီး​တို့​သည်​ရွေ့၍၊ တောင်​ငယ်​တို့​သည် လှုပ်​ရှား​သော်​လည်း၊ ငါ၏​မေ​တ္တာ​သည် သင်​မှ​မ​ရွေ့​ရ။ ငါ၏​ငြိမ်​သက်​ခြင်း ပ​ဋိ​ညာဉ်​လည်း မ​လှုပ်​ရှား​ရ​ဟု သင်၌ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။” ဟေရှာယ‬ ‭54‬:‭10‬ ‭

ဒါကြောင့် တောင်တွေကိုမြင်တွေ့တဲ့အခါတိုင်း ၊ မျှော်လင့်ချက်ပျောက်ဆုံးတော့မလို ဖြစ်တိုင်း ၊ အထက်က ကျမ်းပိုဒ်လေးကို ဖတ်တဲ့အခါတိုင်းမှာ  ဒီအရာတွေကို သတိရပါ...

  • ဘုရားသခင်ဟာ သူ့ရဲ့ ကတိတော်များကို ပြည့်စုံစေမယ်

  • သူ့ရဲ့ မေတ္တာတော်ဟာ မရွေ့လျားနိုင်ပါဘူး

  • လောကကအရာအားလုံးပြိုလဲသွားသော်လည်း သင့်ကိုမပြိုလဲစေပါဘူး

  • သူ့ရဲ့ ငြိမ်သက်ခြင်းဟာလည်း သင်နဲ့အတူ အမြဲရှိနေပါတယ် 

သင့်အတွက် ဘုရားသခင် ကူညီစောင့်မပေးနေပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။