ဆုတောင်းခြင်းနည်းလမ်း
သင်ဟာ အကူအညီတစ်ခုတောင်းခံရန် အသည်းအသန်လိုအပ်နေသည့်အတွက် တစ်ဖက်က ဖုန်းကိုင်မယ့်သူကို နာရီနဲ့ချီပြီး စောင့်ဆိုင်းနေရပြီးမှ ရုတ်တရက်လိုင်းကျသွားသည့်အခါ ဖုန်းကို လွှင့်ပစ်ချင်လောက်အောင် စိတ်တိုဒေါသထွက်ခဲ့ရဖူးပါသလား။ ဒီခံစားချက်ကို လူတိုင်းနီးပါး တွေ့ကြုံခံစားဖူးပါလိမ့်မည်။
တစ်ခါတရန်မှာ ဆုတောင်းခြင်ကလည်း ဒီလိုမျိုး ခံစားရစေနိုင်ပါတယ်။ သင်ဟာ အကူအညီတစ်ခု အလွန်အမင်းလိုအပ်နေပြီး ဘုရားသခင်နဲ့ မဆက်သွယ်နိုင်သလို ခံစားနေရတတ်ပါတယ်။ ဒါမှမဟုတ် သင်ဟာ ဆုတောင်းလေ့မရှိသည့် အတွက် ဆုတောင်းနည်းမှားနေမှာကို စိုးရိမ်ပြီး သင့်စကားကို ဘုရားသခင်ကြားမှာမဟုတ် ဟုထင်နေနိုင်ပါတယ်။ ကိုယ်တော်က သင့်စကားကို ဘယ်အချိန်ကြမှ ကြားမှာလဲဟု တွေးကောင်းတွေးနိုင်ပါတယ်။

ဆုတောင်းနည်းကို တစ်ဆင့်ပြီးတစ်ဆင့် သင်ယူပါ
ဆုတောင်းခြင်းက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သင်လုံးဝမသိရင်တောင်၊ သင်ဟာ အရေးကြီးဆုံးအဆင့်ကို လှမ်းနှင့်ပြီးသား ဖြစ်ပါသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ဆက်သွယ်လိုစိတ်၊ ကိုယ်တော်နဲ့ စကားပြောလိုစိတ်ကနေ ရိုးရှင်းစွာ စတင်ပါတယ်။ အကယ်၍ သင်ဟာ ဒီဆောင်းပါးကို ဖတ်နေသည်ဆိုရင် သင်သည် ဘုရားသခင်နှင့် စကားပြောလိုစိတ် သင့်မှာရှိနှင့်နေပြီကိုဆိုလိုပါသည်။ သို့သော် ဒီနေရာမှာပဲ မရပ်လိုက်ပါနဲ့၊ ဆက်သွားပါ၊သင့်အတွက်ထိုက်တန်သောအရာ ဖြစ်ပါလိမ့်မည်။
အဆင့် ၁: ဆက်သွယ်လိုစိတ်ရှိခြင်း
သင်သိပါသလား ပျမ်းမျှအားဖြင့် လူဦးရေရဲ့ ၄၉% ဟာ နေ့စဉ်နီးပါး ဆုတောင်းကြတယ်ဆိုတာကို သုတေသနစာတမ်း တွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အာဖရိကနဲ့ အာရပ်နိုင်ငံတွေမှာ ဆုတောင်းသည့် ရာခိုင်နှုန်း အလွန်မြင့်မားပြီး၊ တစ်ခါတရံ နေထိုင်သူ ၉၅% လောက်က နေ့စဉ်ဆုတောင်းကြပါတယ်။ ဟုတ်ပါတယ် အဲ့ဒီအထဲမှာ ဘာသာတရားအားလုံး ပါဝင်ပြီး ဘယ်သူ့ထံသို့ ဆုတောင်းသလဲဆိုတာမှာတော့ ကွာခြားချက်ရှိပါတယ်။ မမြင်ရတဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ဦး၊ ကောင်းကင်ဘုံ၊ ဖန်ဆင်းရှင် ဒါမှမဟုတ် ဘုရားသခင်နဲ့ ဆက်သွယ်လိုသည် စိတ်ဆန္ဒဟာ လူသားတွေရဲ့ သဘာဝတစ်ခုလိုပါပဲ။ အရာအားလုံးက ထိုစိတ်ဆန္ဒမှ စတင်တာပါတယ်။
အဆင့် ၂: ရွေးချယ်မှုပြုလုပ်ခြင်း
သင်ဟာ ဘုရားသခင်နဲ့ ဆက်သွယ်မှုရရှိဖို့ သေချာစေရန် သင်ဟာ ဘယ်သူ့ထံကို ဆုတောင်းနေသလဲဆိုတာ အတိကျ သိဖို့လိုအပ်ပါတယ်။ သင်ဟာအကယ်၍ ကျပန်းဖုန်းနံပါတ်တွေကိုသာ ရိုက်ထည့်ပြီး ဖုန်းခေါ်လည် သင်ခေါ်ခြင်သည့်လူမှန်နှင့် ဖုန်းပြောခွင့်ရရန် ခက်ခဲပါလိမ့်မည်။ ဘုရားသခင်နဲ့လည်း ဒီလိုပါပဲ။ သင်ဟာ ဘယ်ဘုရားထံကို ဆုတောင်းမလဲဆိုတာ သင်ရွေးချယ်နိုင်ပါတယ်။ သင်က အလ္လာဟ်အရှင်မြတ်ထံကို ဆုတောင်းမှာလား၊ ကိုယ့်ကိုယ်ကို ဆုတောင်းမှာလား၊ ဒါမှမဟုတ် တခြားဘုရားအများကြီးထဲက တစ်ပါးပါးကို ဆုတောင်းမှာလား ဒါမှမဟုတ် သမ္မာကျမ်းစာထဲက ဘုရားသခင်ကို ဆုတောင်းမှာလား။ ဘာပဲဖြစ်ပါစေ သမ္မာကျမ်းစာထဲက ဘုရားသခင်ကတော့ သင်နဲ့ အလွန်ဆက်သွယ်ချင်နေပါတယ်။
တစ် ဖန် မိန့် တော် မူ သည် ကား၊ သင် တို့ သည် ငါ့ ကို ခေါ်၍ သွား လာ ကြ လိမ့် မည်။ ဆု တောင်း သော အ ခါ သင် တို့ စ ကား ကို ငါ နား ထောင် မည်။
အဆင့် ၃: ဘုရားသခင်နှင့် သာ၍ ရင်းနီးကျွမ်းဝင်ပါ
သင်က အဆင့် ၁ နဲ့ ၂ ကို ကျော်ကောင်းကျော်နိုင်သလို၊ ဒါမှမဟုတ် လေ့လာစူးစမ်းနေဆဲလည်း ဖြစ်နိုင်ပါတယ်။ သို့သော် အဆင့် ၃ ဟာ ဆုတောင်းနည်းကို သင်ယူလိုသူတိုင်းအတွက် အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ဘယ်သူလဲဆိုတာလေ့လာပါ၊ ကိုယ်တော်နဲ့ ပိုမိုကျွမ်းဝင်အောင်လုပ်ပါ၊ ဘုရားသခင်ဟာ ဘယ်သူဖြစ်တယ်၊ ဘယ်သူမဟုတ်ဘူးဆိုတာကို ရှာဖွေပါ။ ဘုရားသခင်ဟာ သင်အော်ဒါမှာလို့ရတဲ့ အွန်လိုင်းစတိုးဆိုင်မဟုတ်ဘူး။ သင့်ရဲ့ဒုက္ခတွေကို ရိုက်ထည့်ပြီး 'send' နှိပ်လိုက်ရုံနဲ့ရတဲ့ သင် Complaint တက်လို့ရတဲ့နေရာလည်း မဟုတ်ဘူး။ သင်ကအခွင့်မပေးဘဲ သင့်ရဲ့စာမေးပွဲတွေကို မှန်ကန်စွာလုပ်ဆောင်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား စစ်ဆေးပေးမယ့်ဘုရားမဟုတ်ဘူး။ စတဲ့ အထင်အမြင်လွဲမှားမှုတွေက ဘုရားသခင်အပေါ် အဆိုးမြင်တဲ့ပုံရိပ်ကို ဖြစ်ပေါ်စေပါတယ်။
သား သည် မုန့် ကို တောင်း လျှင် မိ မိ သား အား ကျောက် ကို ပေး မည် သူ၊- ငါး ကို တောင်း လျှင် မြွေ ကို ပေး မည် သူ တစ် စုံ တစ် ယောက် မျှ သင် တို့ တွင် ရှိ သ လော။- သင် တို့ သည် အ ဆိုး ဖြစ် လျက် ပင် ကိုယ် သား တို့ အား ကောင်း သော အ ရာ ကို ပေး တတ် လျှင်၊ ထို မျှ မ က ကောင်း ကင် ဘုံ၌ ရှိ တော် မူ သော သင် တို့ အ ဘ သည် ဆု တောင်း သော သူ တို့ အား ကောင်း သော အ ရာ ကို သာ၍ ပေး တော် မူ မည် မ ဟုတ် လော။
ဘုရားသခင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တော်က မိမိကိုယ်ကို ဘယ်လိုဖော်ပြထားတယ်ဆိုတာကို လေ့လာခြင်းပါပဲ။ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းပိုဒ်မှာ ဘုရားသခင်ဟာ မိမိကိုယ်ကို "ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဘ" လို့ ဖော်ပြထားပါတယ်။ ကောင်းတဲ့ဖခင်တစ်ယောက်ဟာ သူ့ရဲ့ကလေးတွေနဲ့ စကားပြောရတာ၊ နားထောင်ပေးရတာကို နှစ်သက်ပါတယ်။ သင့်မှာ မေတ္တာမရှိတဲ့ ဖခင်တစ်ယောက် ရှိခဲ့ရင်တောင်၊ ကောင်းတဲ့ဖခင်တစ်ယောက်ဟာ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို စိတ်ကူးကြည့်ဖို့ မခက်ခဲပါဘူး။ ဘုရားသခင်ဟာ သင့်အပေါ် စစ်မှန်စွာ စိတ်ဝင်စားတဲ့ အကောင်းဆုံးသော ဖခင်တစ်ဦး ဖြစ်ပါတယ်။ ကိုယ်တော်က သင်နဲ့စကားပြောချင်ပြီး၊ သင့်စကားကို နားထောင်ချင်ပါတယ်။
အဆင့် ၄: ဘုရားသခင်ကို အရာအားလုံးပြောပြပါ
သင့်မှာ စကားပြောလို့ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိပါသလား။ ဘဝရဲ့ အတက်အကျတွေအကြောင်း နာရီပေါင်းများစွာ စကားပြောနိုင်တဲ့သူမျိုးပေါ့။ အကောင်းဆုံးသူငယ်ချင်းတွေဆိုတာ သင့်စကားကို နားထောင်ပေးတဲ့သူတွေပါပဲ။ သင်ဟာလည်း ကောင်းကောင်းနားထောင်ပေးခြင်းအားဖြင့် အကောင်းဆုံးသူငယ်ချင်း ဖြစ်နိုင်ပါတယ်။ သင်တို့နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် စကားပြောခြင်း၊ နားထောင်ပေးခြင်း ပြုတဲ့အခါမှာ စစ်မှန်တဲ့စကားဝိုင်းတစ်ခု ဖြစ်လာပါတယ်။ ဘုရားသခင်နဲ့လည်း ဒီလိုပါပဲ။ ဘုရားသခင်က သင့်ကို ဘာတွေက စိတ်အနှောင့်အယှက်ဖြစ်စေသလဲ၊ သင်ဘာကိုကြိုက်သလဲ၊ ဘယ်သူ့ကိုစိတ်ဝင်စားသလဲ၊ ဘယ်သူ့ကိုချစ်နေသလဲ စတဲ့ သင်နဲ့ပတ်သက်တဲ့ သင့်ဘဝအကြောင်း အားလုံးကို နားထောင်ချင်ပါတယ်။ သင့်ရဲ့တိုင်ကြားချက်တွေကို ဘုရားသခင်ဆီ ပို့တာ အကောင်းဆုံးပါပဲ။ သင့်ဆန္ဒတွေကိုလည်း ဘုရားသခင်ဆီ မျှဝေနိုင်ပါတယ်။ ဘုရားသခင်ဆီ ဆုတောင်းဖို့အတွက် ခက်ခဲတဲ့စကားလုံးတွေ သုံးစရာမလိုပါဘူး။ သင့်ရဲ့အရှိအတိုင်း ဆုတောင်းဖို့သာ လိုအပ်ပါတယ်။ အကယ်၍ သင်က ဘုရားသခင်ဆီ ဆုတောင်းဖို့ စကားလုံးတွေ ရှာရခက်နေရင်၊ ပတ္တနာတော်ကို ရွတ်ဆိုဆုတောင်းနိုင်ပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ သာ၍အရေးကြီးပါတယ် - နားထောင်ခြင်းပါ။
အဆင့် ၅: နားထောင်ခြင်း
ဒီအဆင့်ဟာ ဖုန်းလိုင်းလိုမျိုး လိုင်းအနှောင့်အယှက် အများဆုံးရှိနိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ဆုတောင်းခြင်းမှာ အသွားနဲ့အပြန် ရှိပါတယ်။ ဘုရားသခင်က ဆုတောင်းသံကို နားညောင်းခြင်းနဲ့ အဖြေပြန်လည်ပေးခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ နှလုံးသားအချင်းချင်း ဆက်သွယ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ တေးဂီတ၊ ကဗျာ၊ ထူးခြားတဲ့ဇာတ်လမ်း၊ မိတ်ဆွေတစ်ဦးရဲ့ အကြံဉာဏ်၊ တိုတောင်းတဲ့စကားစု စသဖြင့် သင့်နှလုံးသားကို တို့ထိပြီး ဆက်သွယ်လေ့ရှိပါတယ်။ သမ္မာကျမ်းစာကို လေ့လာဖတ်ရှုခြင်းဟာလည်း ဘုရားသခင် ဘယ်သူဖြစ်ကြောင်းနဲ့၊ သင့်အတွက် သူဘာပြောခဲ့တယ်ဆိုတာကို ရှာဖွေဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဘုရားသခင်စကားပြောတာကို နားထောင်ဖို့အတွက် အချိန်ကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထားပါ။ ဘုရားသခင်ကို "ကိုယ်တော် ဘာကို အတိအကျ ပြောနေတာလဲ" လို့ မေးပါ။ အဲဒီနောက် သမ္မာကျမ်းစာကို ဖွင့်ပါ။ Podcast တစ်ခု နားထောင်ပါ။ အဝေးကို ခဏလောက် ငေးကြည့်ပါ။ ဘုရားသခင်ကို ယုံကြည်ပါ။ သင်ဟာ ဘုရားသခင်ရဲ့အသံကို ကြားနိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်ပါ။
အဆင့် ၆: ကျေးဇူးသိတတ်ပါ
ကောင်းချီးမင်္ဂလာက ဘယ်လောက်ပဲ သေးငယ်သည်ဖြစ်ပါစေ ကျေးဇူးတင်စရာတစ်ခု သင့်မှာ အမြဲရှိနေပါတယ်။ ဒတ်ခ်ျအမျိုးသမီး တစ်ဦးဖြစ်သူ Corrie ten Boom ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ အကျဉ်းစခန်းတစ်ခုထဲမှာ ရှိခဲ့ပြီး၊ သူ့ညီမ Betsie ကတော့ စစ်ကြီးကို မကျော်လွှားနိုင်ခဲ့ပေ။ သို့သော် Corrie သည် စစ်ကြီးပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းလုံးကို ခွင့်လွှတ်ခြင်းတရားနှင့်သက်ဆိုင်သော သတင်းစကားသာမက ကျေးဇူးတင်သော နှလုံးသာရှိခြင်းနှင့်ဆိုင်သော သတင်းစကားကိုပါ ဟောကြားခဲ့ပါတယ်။ သူမရဲ့ညီမသည် သူတို့တန်းလျားထဲတွင်ရှိစဉ် ထိုနေရာရှိ သန်းများ အတွက် ဘုရားသခင်အား ကျေးဇူးတင်ခဲ့သည့်အကြောင်း အဲဒီသန်းတွေကြောင့်သာ အစောင့်များဟာ အတွင်းသို့ မဝင်ရဲကြဘဲ သူတို့ ညီမနှစ်ယောက်ဟာ တခြားသောအမျိုးသမီးတွေနဲ့အတူ ဆုတောင်းပြီး သမ္မာကျမ်းစာ ဖတ်နိုင်ခဲ့ကြပါတယ်။
မ ခြား မ လပ် ဆု တောင်း ပ တ္ထ နာ ပြု ကြ လော့။- အ ရာ ရာ၌ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
ဆက်လက်လုပ်ဆောင်ပါ! ဆုတောင်းခြင်းကို မရပ်လိုက်ပါနဲ့။ ကောင်းကင်ဘုံက တိတ်ဆိတ်နေခဲ့ရင်တောင်၊ ဆုတောင်းနည်းကို အမှန်တကယ် သင်ယူချင်တယ်ဆိုရင် ဆက်လက်ပြီးလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ သင့်ကိုယ်သင် ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး အမြဲစိန်ခေါ်နေရမှာ ဖြစ်ပါတယ်။ ဘယ်အရာတွေက သင်၏ဆုတောင်းခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်မလဲ၊ လမ်းတစ်လျှောက်မှာ ဘယ်လိုအနှောင့်အယှက်တွေ ရှိနိုင်မလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ။
သင်၏ ဆုတောင်းတဲ့အချက်တွေကို မှတ်တမ်းစာအုပ်တစ်အုပ်ထဲမှာ ချရေးထားပါ။ ဘယ်အရာအတွက် ဆုတောင်းခဲ့သလဲဆိုတာကို ရေးထားပါ။ အခါအားလျော်စွာ ပြန်ကြည့်ပြီး ဘယ်ဆုတောင်းချက်တွေက အဖြေရခဲ့သလဲဆိုတာကို သင်ကြည့်ပြီး အံ့အားသင့်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ ဘုရားသခင်က တကယ်ပဲ အဖြေပေးတယ်ဆိုတာကို သင်သတိတောင်မထားမိလိုက်ပါဘူး။
သင့်ပတ်ဝန်းကျင်မှာ ဘယ်သူက သင့်ကိုကူညီနိုင်မလဲဆိုတာကိုလည်း ရှာဖွေပါ။ တစ်ယောက်တည်း ဆုတောင်းရတာ ခက်ခဲနေရင်၊ တစ်စုံတစ်ယောက်ကို သင့်အတွက် ဆုတောင်းပေးဖို့ ဒါမှမဟုတ် အတူတူဆုတောင်းဖို့ တောင်းဆိုပါ။ ဒါမှမဟုတ် ကျွန်ုပ်တို့ဆီကို ဒီနေရာကနေ ဆုတောင်းခံချက် ပေးပို့နိုင်ပါတယ်။ ကျွန်ုပ်တို့အဖွဲ့က သင့်အတွက် ဆုတောင်းပေးရန် အသင့်ရှိနေပါတယ်။
မျှော် လင့် လျက် ဝမ်း မြောက် ကြ လော့။ ဆင်း ရဲ ဒု က္ခ ရောက် သော အ ခါ သည်း ခံ ကြ လော့။ ဆု တောင်း ပ တ္ထ နာ ပြု ခြင်း အ မှု ကို အ မြဲ ပြု ကြ လော့။

ပတ္တနာဆုတောင်းအား စိတ်ဝင်စားသော်လည်း အစပျိုးရန် ခက်ခဲနေပါသလား။
နောက်တစ်ဆင့်အနေဖြင့် ဘုရားသခင်အား အရှိကိုအရှိတိုင်း ယုံကြည့်မှု့အပြည့်ဖြင့် ဆုတောင်းနိုင်ရန် ဤလမ်းညွန်မှုအသစ်ကိုရယူနိုင်ပါသည်။