• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၈ နို ၂၀၂၆

 ဘုရားသခင်ဆီမှာ နည်းလမ်းရှိတယ်

ထုတ်ဝေသည့်ရက်စွဲ ၂၈ နို ၂၀၂၆

ကောင်းကင်ဘုံရှင်အဖဘုရားဟာ လူသားတွေရဲ့ အတွေးအခေါ် ၊ လုပ်ဆောင်ပုံတွေနဲ့ မတူညီပါဘူး။ ကိုယ်တော်ရဲ့ အမြင်နဲ့ အတွေးအခေါ်တွေဟာ ကျွန်မတို့ထက် အလွန်ကြီးမြတ်ပြီး သန့်ရှင်းဖြောင့်မတ်ပါတယ်။

ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်။

“မိုး​ကောင်း​ကင်​သည် မြေ​ကြီး​ထက်​သာ၍ မြင့်​သ​ကဲ့​သို့၊ ငါ၏​အ​ကျင့်​သည် သင်​တို့၏​အ​ကျင့်​ထက်​လည်း​ကောင်း၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏​အ​ကြံ​အ​စည်​ထက်​လည်း​ကောင်း သာ၍​မြင့်၏။” ဟေရှာယ‬ ‭55‬:‭9‬

ဒီနေ့ခေတ်မှာ မိသားစုဘဝ၊ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ဘယ်လိုမြင်ရမယ်၊ ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတဲ့ အကြံဉာဏ်တွေ အများကြီးရှိပါတယ်။ ပြည့်စုံတဲ့မိသားစုဘဝ၊ အောင်မြင်တဲ့အိမ်ထောင်ရေးနဲ့ ပျော်ရွှင်တဲ့ဘဝရဖို့ နည်းလမ်းတွေကိုလည်း Social Media တွေ မှအစ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။

ဒါပေမဲ့ မိတ်ဆွေ ရေ… ဘုရားသခင်ရဲ့ အမြင်နဲ့ မြင်တတ်ဖို့ ၊ ဖြေရှင်းတတ်ဖို့ ၊ တွေးတောတတ်ဖို့က အရေးကြီးဆုံးပါပဲ ။ 

ဘုရားသခင်ရဲ့ အမြင်နဲ့ ရှုမြင်တယ်ဆိုတာ ကိုယ်နားမလည်နိုင်သေးတဲ့ အခြေအနေတွေကြားမှာတောင် ဘုရားသခင်ရဲ့အမြင်က မှန်ကန်တယ်၊ ကိုယ်တော်ဟာ ကျွန်ုပ်ဘက်မှာ ရှိတော်မူတယ်ဆိုတာကို ယုံကြည်ခြင်း ဖြစ်ပါတယ်။

မေးခွန်းတွေ၊ စိုးရိမ်ပူပန်မှုတွေ သင့်စိတ်ထဲကို ဝင်လာတဲ့အခါ အရာအားလုံးကို ကိုယ့်ဥာဏ်နဲ့ ချက်ချင်းဖြေရှင်းဖို့ မကြိုးစားလိုက်ပါနဲ့ ။ 

 တိတ်ဆိတ်စွာ ဘုရားသခင်ကို ယုံကြည်စောင့်မျှော်ပါ။ ဟေရှာယ ၃၀:၁၅ မှာလည်း “ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ ငြိမ်​ဝပ်​စွာ​နေ​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။” ‭‭ဟေရှာယ‬ ‭30‬:‭15‬ ‭လို့ သွန်သင်ထားပါတယ်။

ဘုရားသခင်ထံ မေးမြန်းပါ။ ကိုယ်တော်ရဲ့ အကြံဉာဏ်နဲ့ လမ်းညွှန်ပေးမှုကို ရှာဖွေပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ ဥာဏ်ပညာတော်ဟာ ဘယ်သူနဲ့မှ မတူလို့ပါပဲ။  

မိတ်ဆွေ ရေ… ဘယ်လိုအခြေအနေမျိုးကိုပဲ ရင်ဆိုင်နေရပါစေ ဘုရားသခင်ဟာ သင့်ကို နှစ်သိမ့်ပေးဖို့၊ သင့်အခြေအနေထဲမှာ အလင်းပေးဖို့နဲ့ လမ်းမှန်ပေါ်ကို ပြန်လည်ပို့ဆောင်ပေးဖို့ နည်းလမ်းတွေကို သိပါတယ် ။ ဘုရားသခင်ကိုပဲ  ယုံကြည်ကိုးစားပါ။ ကိုယ်တော်ရဲ့အမြင်နဲ့ လမ်းညွှန်မှုကို ခံယူတဲ့အခါ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။

ဆုတောင်းကြရအောင် …

“အဖဘုရားရှင် … ကျွန်ုပ်၏အမြင်ထက် ကိုယ်တော်၏အမြင်ကို ယုံကြည်တတ်စေရန် ကူညီတော်မူပါ။ နားမလည်နိုင်သော အခြေအနေများကြားတွင် စိုးရိမ်ပူပန်ခြင်းထက် ကိုယ်တော်ကို တိတ်ဆိတ်စွာ ယုံကြည်စောင့်မျှော်တတ်စေပါ။ ကျွန်ုပ်၏ဆုံးဖြတ်ချက်တိုင်းမှာ ကိုယ်တော်၏အကြံဉာဏ်နှင့် လမ်းညွှန်မှုကို ရှာဖွေတတ်စေပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်”

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။