• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၇ နို ၂၀၂၆

”ဒါပေမယ့်…” ဆိုတာ ? 

ထုတ်ဝေသည့်ရက်စွဲ ၂၇ နို ၂၀၂၆

မိတ်ဆွေ ရေ…

“ဒါပေမယ့် … ” ဆိုတဲ့ စကားလုံးလေးက ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ရပ်တန့်စေပါတယ်။

“ကြိုးစားကြည့်ရင်တော့ ရပါတယ် ။ ဒါပေမယ့် …”“လုပ်နိုင်ပါတယ်၊ ဒါပေမယ့် …”“ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် …”

စသဖြင့် ဒီလိုစကားတွေကြားမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေ၊ ကိုယ့်ကိုယ်ကို ကန့်သတ်ထားတဲ့ စိတ်တွေ ဝင်လာတတ်ပါတယ်။ သင့်ဘဝမှာလည်း အခုလို “ဒါပေမယ့် …” ဆိုတဲ့ အတားအဆီးတစ်ခုခုကို ရင်ဆိုင်နေရပါသလား။

ဒီနေ့ ကျမ်းစာထဲက ဘုရားသခင်ရဲ့ ကတိတော်ကို ပြန်လည်သတိရကြည့်ပါ ။ 

“တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။” ယေရမိ‬ ‭29‬:‭11‬

ဘုရားသခင်ဟာ သင့်အကြောင်းကို ရည်ရွယ်ချက်မရှိပဲ အသက်ရှင်ခိုင်းနေတာ မဟုတ်ပါဘူး။ 

သင့်အတွက် ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းနဲ့ အနာဂတ်ကို ပြင်ဆင်ထားတော်မူပါတယ်။

ဘုရားသခင်က သင့်အနာဂါတ် အတွက် အစီအစဉ်ရှိထားပါတယ် ။ 

လူတွေက “ဒါပေမယ့် …” ဆိုပြီး သင့်ရဲ့အခြေအနေကို ကန့်သတ်ပြောဆိုနိုင်ပါတယ်။

“ဒါပေမယ့် ငါ့မှာ လုံလောက်တဲ့ အရည်အချင်းမရှိဘူး။” လို့ သင့်ကိုယ်သင်ပြောနေနိုင်ပါတယ် ။

“ဒါပေမယ့် ဒီအရာက မဖြစ်နိုင်ဘူး။”“ဒါပေမယ့် ငါက အသက်ကြီးလွန်းတယ်”

 “ဒါပေမယ့် ငါ့မှာ လိုအပ်တဲ့အရာတွေ မရှိဘူး။”

ဆိုပြီး ပြောဆိုတွေးတော မိတတ်ကြပါလိမ့်မယ် ။ 

ဘုရားသခင်ရဲ့ အစီအစဉ်ဟာ လူတွေရဲ့ ကန့်သတ်ချက်တွေအပေါ် မမူတည်ပါဘူး။ ဘုရားသခင်ဟာ သင့်ဘဝရဲ့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေတွေထဲမှာတောင် ဝင်ရောက်လုပ်ဆောင်နိုင်ပါတယ်။

ယောဟန် ၃:၁၆ မှာလည်း “ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-” ရှင်ယောဟန်‬ ‭3‬:‭16‬ ‭ လို့ ဖော်ပြ ထားပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်မတို့အတွက် မျှော်လင့်ခြင်း ဖြစ်ပါတယ်။

မိတ်ဆွေ ရေ… ဒီနေ့ သင့်နားထဲမှာ “ဒါပေမယ့် …” ဆိုတဲ့ အသံတွေ ဘယ်လောက်ပဲ ကြားနေရပါစေ၊ ဘုရားသခင်ရဲ့ ကတိတော်ကို ပိုပြီး ယုံကြည်လိုက်ပါ။ သင့်ရဲ့အနာဂတ်ကို လူ့အမြင်နဲ့ မဆုံးဖြတ်ပါနဲ့။ ဘုရားသခင်ရဲ့ အကြံအစည်တော်မှာ မျှော်လင့်ခြင်းရှိပါတယ်။

ဆုတောင်းကြပါစို့ …

ကောင်းကင်ဘုံရှင်အဖဘုရား၊ ကျွန်ုပ်၏ အနာဂါတ်အတွက် အကောင်းဆုံး အကြံအစည် ရှိတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ “ဒါပေမယ့် .. ” ဆိုတဲ့ ကြောက်ရွံ့မှု၊ သံသယနဲ့ အားလျော့စေတဲ့ အတွေးတွေကို စွန့်လွှတ်နိုင်ရန် ကူညီတော်မူပါ။ ကျွန်ုပ်၏အခြေအနေထက် ကိုယ်တော်၏ကတိတော်ကို ပိုမိုယုံကြည်ပြီး မျှော်လင့်ခြင်းအပြည့်ဖြင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ မစတော်မူပါ ။ ကျွန်ုပ်၏အနာဂတ်ကို ကိုယ်တော်၏လက်တော်ထဲ၌ အပ်နှံပါ၏။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။