• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၆ နို ၂၀၂၆

အဝတ်ဟောင်းတွေကို စွန့်ပစ်ဖို့ အသင့်ပြင်လိုက်ပါ...

ထုတ်ဝေသည့်ရက်စွဲ ၂၆ နို ၂၀၂၆

အိမ်ပြောင်းတဲ့အချိန်မျိုးမှာ ကိုယ်စုဆောင်းထားတဲ့ ပစ္စည်းတွေ ဘယ်လောက်များနေသလဲ၊ နေရာဘယ်လောက်ယူထားသလဲဆိုတာကို ပိုပြီးသတိထားမိတတ်ကြပါတယ်။ 

ဒါကြောင့် မလိုအပ်တော့တဲ့ ပစ္စည်းတွေကို ရွေးထုတ်ပြီး စွန့်ပစ်တာ၊ လှူဒါန်းတာတွေ လုပ်ကြပါတယ်။ အထူးသဖြင့် ဝတ်လို့မတော်တော့တဲ့ အဝတ်အစားဟောင်းတွေကိုလည်း ဖယ်ရှားပစ်ကြပါတယ်။

ဒီနေ့မှာ တစ်ခုလောက် တိုက်တွန်းချင်ပါတယ် ။ သင့်ဘဝထဲက အဟောင်းတွေကို စွန့်ပစ်ပြီး အဖဘုရားပေးတဲ့ အသစ်သောအရာတွေကို လက်ခံရယူဖို့ စဉ်းစားကြည့်ပါလား ? 

ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်။

“စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။” ဟေရှာယ‬ ‭61‬:‭3‬ ‭

ဘုရားသခင်ဟာ သင့်အပေါ် ဝမ်းမြောက်ခြင်းဆီကို သွန်းလောင်းပေးပြီး စိတ်နှလုံးကို ချီးမွမ်းခြင်းအဝတ်တန်ဆာ နဲ့ ဖုံးလွှမ်းပေးချင်ပါတယ်။ ဒါပေမဲ့ အဲဒီအသစ်သောအသက်တာကို ခံယူဖို့အတွက် အရင်ဆုံး စွန့်လွှတ်ရမယ့် အဟောင်းတွေ ရှိပါတယ်။

ဥပမာအားဖြင့်…

  • သင့်ကို ထိန်းချုပ်ထားတဲ့ အကျင့်ဆိုးတွေ

  • အရာရာကို ပြည့်စုံအောင် မလုပ်နိုင်မှာကို ကြောက်ရွံ့တဲ့စိတ်တွေ 

  • မစွန့်လွှတ်နိုင်သေးတဲ့ လျှို့ဝှက်ထားတဲ့ ဒုစရိုက် အပြစ်တွေ

  • အတိတ်က အပြစ်ရှိသလို ခံစားနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ စသဖြင့် ဖြစ်ပါတယ် ။ 

ဒီအရာတွေကို ကိုယ့်ဘာသာကိုယ် ဆက်လက်သယ်ဆောင်မနေပါနဲ့။ လက်ဝါးကပ်တိုင်ခြေရင်းမှာ ဘုရားသခင်ထံ အပ်နှံပြီး ပြန်လည်ကောက်ယူခြင်းမရှိဘဲ စွန့်လွှတ်လိုက်ပါတော့ ! 

သင့်ရဲ့အတိတ်က ဘယ်လိုပဲဖြစ်ခဲ့ပါစေ၊ ဘယ်နေရာကနေ လာခဲ့ပါစေ ဘုရားသခင်ဟာ သစ္စာရှိကြောင်း ယုံကြည်ပါ။ ကိုယ်တော်ဟာ သင့်ကို အသစ်သောအသက်တာနဲ့အတူ လျှောက်လှမ်းနိုင်ဖို့ ကူညီပေးတော်မူပါလိမ့်မယ်။

ဆုတောင်းကြပါစို့ …

အဖဘုရားသခင်၊ ကျွန်ုပ်၏ အသက်တာ ဟောင်းကို လက်ဝါးကပ်တိုင်ခြေရင်း၌ စွန့်လွှတ်အပ်နှံပါ၏။ မစွန့်လွှတ်နိုင်သေးသော အကျင့်ဆိုးများနှင့် အချိန်ကြာမြင့်စွာ သယ်ဆောင်လာခဲ့သော အပြစ်ရှိသလိုခံစားချက်များကို ကိုယ်တော်၏လက်တော်ထဲသို့ အပ်နှံပါတယ် ။ ကိုယ်တော်၏ ခွင့်လွှတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ကျေးဇူးတော်ကို ယုံကြည်ခြင်းအားဖြင့် ယခုလက်ခံရယူပါ၏။ အသစ်သော အသက်တာကို ပေးသော ယေရှုနာမတော်၌ ဆုတောင်းပါ၏။ အာမင်။

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။