• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၄ နို ၂၀၂၆

အတူရှိနေတဲ့ ဘုရားကို ချီးမွမ်းဖို့ သတိရရဲ့လား ?

ထုတ်ဝေသည့်ရက်စွဲ ၂၄ နို ၂၀၂၆

မိတ်ဆွေ ရေ… ချီးမွမ်းကိုးကွယ်ခြင်း သီချင်းတွေကို နားထောင်ရတဲ့ အခါ ဘယ်လို ခံစားရပါသလဲ ? 

ဘုရားသခင်ကို ချီးမွမ်းဖို့အတွက် ဆုကျေးဇူးနဲ့ ဘိသိက်ခံထားရတဲ့ တေးရေး ဆရာတွေနဲ့  သီဆိုချီးမွမ်းသူတွေအတွက်လည်း ကျေးဇူးတော်ချီးမွမ်းစရာကောင်းလှပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားစေဖို့ ရေးစပ်ထားတဲ့ လှပတဲ့ ချီးမွမ်းသီချင်းတွေနဲ့အတူ ကိုယ်တော်ကို ချီးမွမ်းဝတ်ပြုရတာ အလွန်ကောင်းမွန်ပါတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ လှပတဲ့ သီချင်းတွေရှိပါစေ၊ သင့်နှလုံးသားထဲကနေ ကိုယ်တိုင် ဘုရားသခင်ထံ ဆက်ကပ်တဲ့ ချီးမွမ်းခြင်းကိုတော့ ဘယ်အရာကမှ အစားထိုးလို့ မရပါဘူး။ သင့်ရဲ့ ကိုယ်ပိုင်စကားလုံးတွေနဲ့ ကိုယ်တော်ထံ ဆက်ကပ်တဲ့ ဝတ်ပြုခြင်းဟာ အလွန်တန်ဖိုးရှိပါတယ်။ ကောင်းကင်ဘုံရှင်အဖဘုရားဟာလည်း သင့်နှလုံးသားထဲက ချီးမွမ်းသံကို နားထောင်လိုပါတယ်။

ဒီနေ့မနက်မှာ သင့်နှလုံးသားထဲက သီချင်းသံအသစ်ကို ကောင်းကင်ဘုံရှင်အဖက စောင့်မျှော်နေပါတယ်။ ဆာလံ ၃၃:၁-၃ မှာလည်း ထာဝရဘုရားအား ဝမ်းမြောက်စွာ သီချင်းဆိုပြီး သီချင်းအသစ်နဲ့ ချီးမွမ်းကြဖို့ တိုက်တွန်းထားပါတယ်။

မိတ်ဆွေ ရေ… ဒီနေ့မှာ အခြားသူတွေရဲ့ သီချင်းတွေကိုသာ လိုက်ဆိုနေခြင်းမဟုတ်ဘဲ သင့်နှလုံးသားထဲကနေ ဘုရားသခင်ကို သီချင်းသစ်နဲ့စကားပြောလိုက်ပါ။ သင့်ရဲ့ ကျေးဇူးတင်ခြင်း၊ ချစ်ခြင်းနဲ့ ကိုးကွယ်ခြင်းတွေကို ဘုရားသခင်ထံ ဆက်ကပ်လိုက်ပါ။

သင့်ရဲ့ ချီးမွမ်းခြင်းဟာ ဘုရားသခင်ရှေ့မှာ မွှေးရနံ့ ဖြစ်ပါစေ …

ဆုတောင်းကြပါစို့။

ချစ်တော်မူသော အဖဘုရား၊ ကိုယ်တော်ကို ချီးမွမ်းကိုးကွယ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ရဲ့ နှလုံးသားထဲက ချစ်ခြင်း၊ ကျေးဇူးတင်ခြင်းနဲ့ ချီးမွမ်းခြင်းတွေကို ကိုယ်တော်ထံ ဆက်ကပ်ပါ၏။ နေ့စဉ်အသက်တာမှာ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်နိုင်ဖို့ မစတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။