• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၃ နို ၂၀၂၆

သင့်အသက်တာကို ဘယ်သူ ဦးဆောင်နေတာလဲ ? 

ထုတ်ဝေသည့်ရက်စွဲ ၂၃ နို ၂၀၂၆

မိတ်ဆွေ ရေ… 

ဒီမေးခွန်းလေးကို မေးမယ်ဆိုရင် ဘယ်လို ပြန်ဖြေ မလဲ ? 

သင့်အသက်တာကို ဘယ်သူ ဦးဆောင်နေတာလဲ ? 

တချို့က မိဘတွေရဲ့ ဦးဆောင်ရာနောက်ကို လိုက်ကြတယ် ။ 

တချို့က ငွေကြေးရဲ့ ဦးဆောင်မှုနောက်ကို လိုက်ကြတယ် ။ 

တချို့က ကိုယ်ချစ်ရတဲ့သူရဲ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ သူ့ရဲ့ ဦးဆောင်ရာနောက်ကို လိုက်ရကြတယ် ။ 

ဒါလေးကို မြင်ယောင်ကြည့်ပါ ။ 

ကျွန်မတို့ လေယာဉ်နဲ့ ခရီးသွားတဲ့ အခါ အဲ့ဒီ လေယာဉ်ကို မောင်းနှင်တဲ့ သူက ကျွမ်းကျင်စွာ မောင်းနိုင်တယ်ဆိုရင် စိတ်ချလက်ချ နဲ့ လိုရာ ခရီးကို ရောက်တဲ့ အထိ စီးနင်းနိုင်မှာပါ ။  

ကျွန်မတို့ရဲ့ အသက်တာခရီးမှာလည်း အခြေအနေ မျိုးစုံကို လေပေါ်မှာ ခရီးသွားရသလို တစ်ခါတလေ လေပြင်းတွေကြား ၊ တစ်ခါတလေ လေပြေညင်းတွေကြားထဲမှာ ဖြတ်သန်းရတဲ့ နေ့ရက်တွေ ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲ ကြုံတွေ့ရပါစေ ကျွန်မတို့ကို ကျွမ်းကျင်စွာ  လမ်းပြပေးမယ့်သူ ရှိနေပြီဆိုရင်တော့ စိတ်ချလက်ချနဲ့ အသက်ရှင်လျှောက်လှမ်းနိုင်မှာ အမှန်ပါပဲ ။  ထိုလမ်းပြသူကတော့ သန့်ရှင်းသောဝိညာဉ်တော် ဘုရားပဲ ဖြစ်ပါတယ် ။ 

ဂလာတိ ၅:၂၅ မှာ “သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။-” ဂလာတိ‬ ‭5‬:‭25‬

လို့ သွန်သင်ထားပါတယ်။

မိတ်ဆွေ ရေ… ဘဝမှာ အရာအားလုံးကို ကိုယ်တိုင်သိဖို့၊ ကိုယ်တိုင်ထိန်းချုပ်ဖို့ မလိုအပ်ပါဘူး။ ကျွန်မတို့ အသက်တာကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံ အပ်နှံပြီး  သူ့ရဲ့ နောက်ကို ယုံကြည်စွာနဲ့လိုက်လျှောက်တတ်ဖို့ပဲ လိုပါတယ်။

သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေမှာသာမက နေ့စဉ်ကြုံတွေ့ရတဲ့ အသေးအဖွဲကိစ္စလေးတွေမှာတောင် သင့်ကို ကူညီလမ်းပြပေးလိုသော ဘုရားပါ ။  သင့်အသက်တာရဲ့ အသေးစိတ်လေးတွေကိုက အစ ဘုရားသခင်က တန်ဖိုးထားတော်မူပါတယ်။

ဆာလံ ၃၂:၈ မှာလည်း “သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ ။” ‭‭ဆာလံ‬ ‭32‬:‭8‬ (က)

လို့ ဖော်ပြထားပါတယ် ။ 

ဒါကြောင့် ဒီနေ့မှာ စိုးရိမ်ပူပန်မှုတွေကို နေရာမပေးပဲ သန့်ရှင်းသောဝိညာဉ်တော်ကို သင့်အသက်တာရဲ့ ဦးဆောင်သူအဖြစ် နေရာပေးလိုက်ပါ။ လမ်းခရီးက ဘယ်လောက်ပဲ ခက်ခဲပါစေ သင့်ကို လမ်းပြပေးမယ့်သူ ရှိနေတဲ့အတွက် စိတ်ချလက်ချ ရှေ့ဆက်နိုင်ပါတယ်။

အတူတကွ ဆုတောင်းကြပါစို့ …

သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ ယနေ့ ကျွန်ုပ်၏ အသက်တာကို ကိုယ်တော်ထံ အပ်နှံပါ၏။ ကျွန်ုပ်သွားရမည့်လမ်းကို လမ်းပြပေးပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်ရန် ကူညီတော်မူပါ။ အခြေအနေတိုင်းမှာ ကိုယ်တော်ကို ယုံကြည်ကိုးစားပြီး ငြိမ်သက်ခြင်းနဲ့ ရှေ့ဆက်နိုင်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။