• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၂ နို ၂၀၂၆

ဘာမှမပြောင်းလဲသေးတဲ့အချိန်မှာတောင် ဘုရားသခင်ကို ချီးမွမ်းနိုင်မလား?

ထုတ်ဝေသည့်ရက်စွဲ ၂၂ နို ၂၀၂၆

မိတ်ဆွေ ရေ…

ဆုတောင်းချက် အဖြေရတဲ့အခါ ဘုရားသခင်ကို ချီးမွမ်းဖို့ လွယ်ပါတယ်။

အလုပ်အကိုင် အဆင်ပြေတဲ့အခါ ကျေးဇူးတင်ဖို့ လွယ်ပါတယ်။

မိသားစုမှာ ဝမ်းမြောက်စရာတွေ ဖြစ်ပျက်တဲ့အခါလည်း ဘုရားသခင်ကို ချီးမွမ်းဖို့ လွယ်ပါတယ်။

ဒါပေမဲ့…

ဆုတောင်းချက်တွေ အဖြေမရသေးတဲ့အခါရော?

အလုပ်အကိုင် အဆင်မပြေတဲ့အခါရော?

အခြေအနေတွေ ဘာမှမပြောင်းလဲသေးတဲ့အခါရော?

အဲ့ဒီအချိန်မှာ ဘုရားသခင်ကို ဆက်လက်ချီးမွမ်းနိုင်ပါ့မလား?

ဟဗက္ကုတ် ၃:၁၇–၁၈ မှာ

“သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။” ‭‭ဟဗက္ကုတ်‬ ‭3‬:‭17‬-‭18‬ ‭

ပရောဖက်ဟဗက္ကုတ်က သင်္ဘောသဖန်းပင် မပွင့်ပေမဲ့၊ စပျစ်နွယ်ပင် အသီးမသီးပေမဲ့၊ လယ်ကွင်းတွေမှာ စားစရာမရှိပေမဲ့ ထာဝရဘုရား၌ ရွှင်လန်းမယ်လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့ အခြေအနေတွေ အဆင်ပြေနေလို့ အဲ့ဒီလို ပြောခဲ့တာ မဟုတ်ပါဘူး။

စားဝတ်နေရေးအတွက် အရေးကြီးတဲ့အရာတွေ ဆုံးရှုံးနိုင်တဲ့အခြေအနေကြားမှာ ပြောခဲ့တာပါ။

မိတ်ဆွေ ရေ…

ဟဗက္ကုတ်ရဲ့ ဝမ်းမြောက်ခြင်းဟာ သူ့ရဲ့ အခြေအနေတွေအပေါ်မှာ မတည်ဆောက်ထားပါဘူး။

သူကိုးစားတဲ့ ဘုရားသခင်အပေါ်မှာ တည်ဆောက်ထားတာပါ။

ဒီတစ်ပတ်လုံး ကျွန်တော်တို့ဟာ ဘုရားသခင် တိတ်ဆိတ်နေသလို ခံစားရတဲ့အချိန်တွေအကြောင်း လေ့လာခဲ့ကြပါတယ်။

ဆုတောင်းချက် အဖြေမရတဲ့အချိန်။

စောင့်ဆိုင်းရတာ ပင်ပန်းလာတဲ့အချိန်။

ရှေ့လမ်းကို မမြင်ရတဲ့အချိန်။

ဘုရားသခင်ကိုတောင် မခံစားရတဲ့အချိန်။

ဒါပေမဲ့ ဒီနေ့မှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးချင်ပါတယ်။

“ဘုရားသခင်ကို သင်ချီးမွမ်းတာ ကိုယ်လိုချင်တဲ့အရာတွေ ရရှိလို့လား? ဒါမှမဟုတ် ကိုယ်တော်ဟာ ချီးမွမ်းထိုက်တဲ့ ဘုရားသခင်ဖြစ်လို့လား?”

အခက်အခဲတွေကြားမှာ ချီးမွမ်းခြင်းဆိုတာ ဝမ်းနည်းမှုမရှိတော့ဘူးလို့ မဆိုလိုပါဘူး။

တစ်ခါတစ်ရံ မျက်ရည်တွေနဲ့အတူ ဘုရားသခင်ကို ချီးမွမ်းနေရတာ ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံ နားမလည်နိုင်သေးပေမဲ့ ကိုယ်တော်ကို ဆက်လက်ကိုးစားနေရတာ ဖြစ်နိုင်ပါတယ်။

ဟဗက္ကုတ် ၃:၁၉ မှာ 

“အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။” ဟဗက္ကုတ်‬ ‭3‬:‭19‬

လို့ ပရောဖက်က ထာဝရအရှင်ဘုရားသခင်ဟာ သူ့ရဲ့ ခွန်အားဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

သူ့ရဲ့ အခြေအနေတွေ မသေချာပေမဲ့ သူကိုးစားတဲ့ ဘုရားသခင်ကိုတော့ သိနေခဲ့ပါတယ်။

မိတ်ဆွေ ရေ…

ဒီနေ့ သင့်ရဲ့ ဆုတောင်းချက်တွေ အဖြေမရသေးတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အဖြေရတဲ့နေ့အထိ ဘုရားသခင်ကို ချီးမွမ်းဖို့ စောင့်နေစရာ မလိုပါဘူး။

သင့်အခြေအနေတွေ မပြောင်းလဲသေးပေမဲ့ ဘုရားသခင်ဟာ ချီးမွမ်းထိုက်တဲ့ ဘုရားသခင်ဖြစ်နေဆဲပါပဲ။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… ကျွန်ုပ်ရဲ့ ဘဝမှာ အဖြေမရသေးတဲ့ ဆုတောင်းချက်တွေနဲ့ မပြောင်းလဲသေးတဲ့ အခြေအနေတွေ ရှိပါတယ်။ တစ်ခါတစ်ရံ နားမလည်နိုင်ပေမဲ့ ကိုယ်တော်ရဲ့ ကောင်းမြတ်ခြင်းကို မမေ့ဖို့ ကူညီပေးတော်မူပါ။ ဝမ်းနည်းမှုတွေကြားမှာလည်း ကိုယ်တော်ကို ဆက်လက်ကိုးစားနိုင်ဖို့နဲ့ အခြေအနေတွေ မပြောင်းလဲသေးတဲ့အချိန်မှာတောင် ကိုယ်တော်ကို ချီးမွမ်းနိုင်ဖို့ ခွန်အားပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။