• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၁ နို ၂၀၂၆

ဘုရားသခင်ကို မခံစားရတဲ့နေ့တွေမှာ ယုံကြည်ခြင်း ပျောက်သွားပြီလား? 🕊️

ထုတ်ဝေသည့်ရက်စွဲ ၂၁ နို ၂၀၂၆

မိတ်ဆွေ  ရေ…

တစ်ခါတစ်ရံ ချီးမွမ်းသီချင်းတွေ နားထောင်ပေမဲ့ စိတ်ထဲမှာ ဘာမှမခံစားရဘူး။

ဆုတောင်းဖို့ ကြိုးစားပေမဲ့ စကားလုံးတွေ ထွက်မလာဘူး။

သမ္မာကျမ်းစာဖတ်ပေမဲ့ စိတ်နှလုံးထဲမှာ ခြောက်သွေ့နေသလို ခံစားရတယ်။

အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို မေးမိတတ်ပါတယ်။

“ငါ ဘုရားသခင်နဲ့ ဝေးသွားပြီလား?”

“ငါ့ရဲ့ ယုံကြည်ခြင်း အားနည်းသွားပြီလား?” စသဖြင့် တွေးမိတတ်ပါတယ်။”

မိတ်ဆွေ ရေ… ဘုရားသခင်ကို မခံစားရခြင်းဟာ ဘုရားသခင် မရှိတော့ဘူးဆိုတဲ့ သက်သေ မဟုတ်ပါဘူး။

ဆာလံ ၄၂ မှာ ဆာလံဆရာဟာ စိတ်နှလုံးညှိုးငယ်ပြီး ဘုရားသခင်ကို အလွန်တောင့်တနေခဲ့ပါတယ်။

ဆာလံ ၄၂:၅ မှာ 

“အို​ငါ့​ဝိ​ညာဉ်၊ သင်​သည်​အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ​အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။” ဆာလံ 42:5

လို့ ပြောခဲ့ပါတယ်။ သူဟာ ကိုယ့်ဝိညာဉ် ဘာကြောင့် ညှိုးငယ်နေသလဲလို့ မေးခဲ့ပြီး ဘုရားသခင်ကို ဆက်လက်မျှော်လင့်ဖို့ ကိုယ့်ကိုယ်ကို တိုက်တွန်းခဲ့ပါတယ်။

သတိထားမိပါသလား?

သူဟာ ဝမ်းနည်းမှုတွေ ပျောက်ကွယ်သွားလို့ ဘုရားသခင်ကို မျှော်လင့်ခဲ့တာ မဟုတ်ပါဘူး။

ဝမ်းနည်းနေတဲ့အချိန်မှာတောင် ဘုရားသခင်ကို ဆက်လက်မျှော်လင့်ခဲ့တာပါ။

ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ရင်းနှီးမှုကို စိတ်ခံစားချက်တွေနဲ့ပဲ တိုင်းတာမိတတ်ပါတယ်။

ဝမ်းမြောက်နေတဲ့နေ့ဆိုရင် ဘုရားသခင်နဲ့ နီးကပ်တယ်။

စိတ်ပင်ပန်းနေတဲ့နေ့ဆိုရင် ဘုရားသခင်နဲ့ ဝေးသွားပြီလို့ ထင်တတ်ကြပါတယ်။

ဒါပေမဲ့ စိတ်ခံစားချက်တွေဟာ နေ့တိုင်း ပြောင်းလဲနိုင်ပါတယ်။

တစ်ခါတစ်ရံ အလုပ်ပင်ပန်းလို့၊ စိတ်ဖိစီးမှုများလို့၊ အနားယူဖို့ လိုအပ်နေလို့လည်း စိတ်နှလုံး ခြောက်သွေ့နေတတ်ပါတယ်။

အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို ချက်ချင်း အပြစ်မတင်ပါနဲ့။

မိတ်ဆွေ  ရေ…

ဒီနေ့ ဘုရားသခင်ကို မခံစားရဘူးဆိုရင်တောင် ဘုရားသခင်ထံ ရိုးသားစွာ ချဉ်းကပ်နိုင်ပါတယ်။

“အဖဘုရား… ကျွန်တော် ပင်ပန်းနေပါတယ်။ ကိုယ်တော်ကို လိုအပ်ပါတယ်။”

ဒီလိုရိုးရှင်းတဲ့ ဆုတောင်းချက်တစ်ခုနဲ့ စတင်နိုင်ပါတယ်။

ယုံကြည်ခြင်းဆိုတာ ဘုရားသခင်ကို အမြဲခံစားနေရခြင်း မဟုတ်ပါဘူး။ မခံစားရတဲ့နေ့တွေမှာတောင် ကိုယ်တော်ကို ဆက်လက်ကိုးစားခြင်း ဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… တစ်ခါတစ်ရံ ကျွန်ုပ်ရဲ့ စိတ်နှလုံးဟာ ပင်ပန်းနွမ်းနယ်ပြီး ကိုယ်တော်ကို အရင်လို မခံစားရပါဘူး။ အဲ့ဒီအချိန်တွေမှာ ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား ကိုယ်တော်ထံ ရိုးသားစွာ ချဉ်းကပ်နိုင်ဖို့ ကူညီပေးတော်မူပါ။ ကျွန်ုပ်ရဲ့ ခံစားချက်တွေ ပြောင်းလဲနေပေမဲ့ ကိုယ်တော်ရဲ့ သစ္စာရှိခြင်းကို ဆက်လက်ကိုးစားနိုင်ဖို့ ခွန်အားပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။