• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၄ နို ၂၀၂၆

အရာအားလုံး အဆင်ပြေနေပေမဲ့ စိတ်ထဲမှာ ဘာကြောင့် မငြိမ်သက်နိုင်တာလဲ?

ထုတ်ဝေသည့်ရက်စွဲ ၁၄ နို ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ ဘဝမှာ အရာအားလုံး အဆင်ပြေနေသလိုပါပဲ။

အလုပ်လည်း ရှိတယ်။

မိသားစုလည်း အဆင်ပြေတယ်။

ကြီးကြီးမားမား ပြဿနာတစ်ခုခုလည်း မရှိဘူး။

ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်ခုခု လိုအပ်နေသလို၊ တစ်ခုခု ဖြစ်တော့မလိုလိုနဲ့ မငြိမ်မသက် ခံစားနေရတတ်ပါတယ်။

ညဘက် အိပ်ဖို့ ကြိုးစားတဲ့အခါ အတွေးတွေက ရပ်မသွားဘူး။

မနက်နိုးလာတဲ့အခါလည်း ဘာကြောင့်မှန်းမသိ စိတ်ပင်ပန်းနေတတ်တယ်။

တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုတောင် မေးမိတတ်ပါတယ်။

“ငါ့မှာ အရာအားလုံး အဆင်ပြေနေတာပဲ။ ဘာကြောင့် မပျော်နိုင်တာလဲ?”

“ဘာကြောင့် စိတ်ထဲမှာ ငြိမ်သက်ခြင်း မရှိတာလဲ?”

ဒီလိုမျိုး ခံစားဖူးပါသလား?

မိတ်ဆွေ ရေ… ဒီနေ့ သင့်ကို သတိပေးချင်တဲ့ အမှန်တရားတစ်ခု ရှိပါတယ်။

ငြိမ်သက်ခြင်းဆိုတာ ပြဿနာမရှိတဲ့အခြေအနေတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။

သမ္မာကျမ်းစာမှာ ရှင်ပေါလုက—

“အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-” ‭‭ဖိလိပ္ပိ‬ ‭4‬:‭6‬ ‭လို့ ဆိုထားပါတယ်။

ပြီးတော့ နောက်တစ်ပိုဒ်မှာ 

“ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။” ‭‭ဖိလိပ္ပိ‬ ‭4‬:‭7‬ ‭လို့ ဆက်ပြောထားပါတယ်။

ဒီကျမ်းပိုဒ်တွေကို သတိထားကြည့်ပါ။

ရှင်ပေါလုက ကျွန်တော်တို့ ဆုတောင်းလိုက်တာနဲ့ ပြဿနာအားလုံး ချက်ချင်းပျောက်ကွယ်သွားမယ်လို့ မပြောထားပါဘူး။

အဲ့ဒီအစား ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေကို စောင့်ရှောက်ပေးမယ်လို့ ပြောထားပါတယ်။

အခြေအနေ မပြောင်းလဲသေးပေမဲ့ ဘုရားသခင်ထံမှာ ငြိမ်သက်ခြင်းကို ရရှိနိုင်ပါတယ်။

တစ်ခါတစ်ရံ ကျွန်တော်တို့က

“ဒီပြဿနာ ပြီးသွားရင် ငါ ငြိမ်သက်မယ်။”

“ဒီအလုပ် အဆင်ပြေသွားရင် ငါ စိတ်ချမ်းသာမယ်။”

“ငါလိုချင်တဲ့အရာ ရလာရင် ငါ စိတ်ပူစရာ မရှိတော့ဘူး။”

လို့ တွေးတတ်ကြပါတယ်။

ဒါပေမဲ့ ပြဿနာတစ်ခု ပြီးသွားတဲ့အခါ နောက်ထပ် စိုးရိမ်စရာတစ်ခု ပေါ်လာနိုင်ပါတယ်။

အဲ့ဒီလိုနဲ့ ငြိမ်သက်ခြင်းကို အမြဲတမ်း နောက်နေ့တစ်နေ့ဆီ ရွှေ့ထားမိတတ်ပါတယ်။

မိတ်ဆွေ ရေ…

ဘုရားသခင်က ကျွန်တော်တို့ကို စိုးရိမ်မှုတွေကို ဖုံးကွယ်ထားဖို့ ပြောနေတာမဟုတ်ပါဘူး။

သူ့ဆီ ယူဆောင်လာဖို့ ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

တစ်ခါတစ်ရံ ဆုတောင်းတဲ့အခါ လှပတဲ့စကားလုံးတွေ မလိုပါဘူး။

“အဖဘုရား… သား စိတ်ပင်ပန်းနေပါတယ်။”

“ဘာကြောင့် ဒီလိုခံစားနေရလဲဆိုတာတောင် မသိပါဘူး။”

“သားရဲ့ စိတ်နှလုံးကို ကိုယ်တော်ထံ အပ်နှံပါတယ်။”

လို့ ရိုးရိုးသားသား ဆုတောင်းလို့လည်းရပါတယ်။

ပြီးတော့ ဆုတောင်းပြီးတာနဲ့ စိုးရိမ်စိတ်တွေ ချက်ချင်းပျောက်မသွားရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

စိတ်ပူစရာတွေ ပြန်ပေါ်လာတဲ့အခါတိုင်း ဘုရားသခင်ထံ ပြန်လှည့်နိုင်ပါတယ်။

ဖိလိပ္ပိ ၄:၈ မှာလည်း သမ္မာတရားနဲ့ဆိုင်သော အကျင့်၊ လျောက်ပတ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်တွေကို ဆင်ခြင်ဖို့ ရှင်ပေါလုက ဆက်လက်တိုက်တွန်းထားပါတယ်။

ဒါကြောင့် စိတ်ထဲမှာ စိုးရိမ်စရာအတွေးတွေ ပြည့်နေတဲ့အခါ အဲ့ဒီအတွေးတွေကိုပဲ ထပ်ခါထပ်ခါ တွေးနေမယ့်အစား ဘုရားသခင်ရဲ့ သမ္မာတရားကို ပြန်လည်ဆင်ခြင်ကြည့်ပါ။

ဒီနေ့ သင့်ကို မေးချင်ပါတယ်။

“သင့်စိတ်ထဲမှာ ထပ်ခါထပ်ခါ စိုးရိမ်နေတဲ့အရာတစ်ခုကို ဘုရားသခင်ထံ ရိုးရိုးသားသား ပြောပြပြီးပြီလား?”

မပြောရသေးဘူးဆိုရင် ဒီနေ့ ကိုယ်တော်နဲ့ အချိန်ယူကြည့်ပါ။

အရာအားလုံးကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ မလိုပါဘူး။

အရာအားလုံးရဲ့ အဖြေကိုလည်း ဒီနေ့ သိနေဖို့ မလိုပါဘူး။

ငြိမ်သက်ခြင်းရဖို့ သင့်ဘဝရဲ့ အရာအားလုံး အဆင်ပြေသွားတဲ့နေ့အထိ စောင့်နေဖို့ မလိုပါဘူး။

ဒီနေ့ပဲ သင့်ရဲ့ စိတ်နှလုံးကို ဘုရားသခင်ထံ ယူဆောင်လာနိုင်ပါတယ်။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… တစ်ခါတစ်ရံ ကျွန်ုပ်ရဲ့ စိတ်နှလုံးထဲမှာ စိုးရိမ်ခြင်းတွေနဲ့ မငြိမ်သက်မှုတွေ ပြည့်နေတတ်ပါတယ်။ အရာအားလုံးကို ကျွန်ုပ်ကိုယ်တိုင် ထိန်းချုပ်ဖို့ ကြိုးစားနေမယ့်အစား ကိုယ်တော်ထံ ယူဆောင်လာတတ်ဖို့ ကူညီပေးတော်မူပါ။ ကျွန်ုပ်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ စိုးရိမ်မှုတွေကို ကိုယ်တော် သိတော်မူပါတယ်။ ကိုယ်တော်ရဲ့ အမှန်တရားကို ပြန်လည်ဆင်ခြင်နိုင်ဖို့နဲ့ ယေရှုခရစ်တော်အားဖြင့် ပေးတော်မူတဲ့ ငြိမ်သက်ခြင်းက ကျွန်ုပ်ရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ ဆုတောင်းပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။