• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၁ နို ၂၀၂၆

အတိတ်က အမှားတွေကို ဘာကြောင့် မေ့မရသေးတာလဲ? 💔

ထုတ်ဝေသည့်ရက်စွဲ ၁၁ နို ၂၀၂၆

မိတ်ဆွေ ရေ… သင့်ဘဝမှာ ပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုခု ရှိဖူးပါသလား?

အဲ့ဒီအချိန်တုန်းက မပြောခဲ့သင့်တဲ့ စကားတစ်ခွန်း။

မချခဲ့သင့်တဲ့ ဆုံးဖြတ်ချက်တစ်ခု။

မလုပ်ခဲ့သင့်တဲ့ အပြုအမူတစ်ခု။

အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ အဲ့ဒီအကြောင်းကို ပြန်တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတတ်ပါတယ်။

“အဲ့ဒီတုန်းကသာ ငါ ဒီလိုမလုပ်ခဲ့ရင်…”

“ငါ ဘာကြောင့် အဲ့ဒီလို ဆုံးဖြတ်ခဲ့မိတာလဲ?”

“ငါ့လိုလူကို ဘုရားသခင် တကယ်ခွင့်လွှတ်နိုင်ပါ့မလား?”

တစ်ခါတစ်ရံ အမှားတစ်ခုကို လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာတော့ မနေ့ကမှ ဖြစ်ခဲ့သလို ပြန်ခံစားနေရတတ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ သင့်ကို မေးချင်တာတစ်ခု ရှိပါတယ်။

ဘုရားသခင်က ခွင့်လွှတ်ပြီးသားအရာအတွက် သင် ကိုယ့်ကိုယ်ကို ဆက်ပြီး အပြစ်ပေးနေမိသလား?

သမ္မာကျမ်းစာက

“ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။-” ‭‭ရောမ‬ ‭8‬:‭1‬ လို့ ဆိုထားပါတယ်။

ဒီကျမ်းပိုဒ်ကို သတိထားကြည့်ပါ။

ယေရှုခရစ်၌ တည်သောသူတွေအတွက် အပြစ်စီရင်ခြင်း မရှိတော့ဘူးလို့ ပြောထားပါတယ်။

ဘာကြောင့်လဲ?

ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ပြီးဖြစ်လို့ပါ။

ကျွန်တော်တို့ရဲ့ အမှားတွေက သေးငယ်လို့ မဟုတ်ပါဘူး။

ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းကျေးဇူးတော်က ကြီးမားလို့ပါ။

မိတ်ဆွေ ရေ…

ဒီနေရာမှာ တစ်ခုတော့ နားလည်ဖို့ လိုပါတယ်။

ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံတာဟာ ကိုယ်လုပ်ခဲ့တဲ့အမှားကို မရှိခဲ့သလို သဘောထားတာ မဟုတ်ပါဘူး။

ကိုယ်မှားခဲ့တာကို ဝန်ခံဖို့ လိုပါတယ်။

နောင်တရဖို့ လိုပါတယ်။

ပြန်ပြင်နိုင်တဲ့အရာတွေ ရှိရင်လည်း တာဝန်ယူပြီး ပြန်ပြင်ဖို့ လိုပါတယ်။

ဒါပေမဲ့ အဲ့ဒီအရာတွေအားလုံးကို လုပ်ဆောင်ပြီးတဲ့နောက်မှာတောင် ကိုယ့်ကိုယ်ကို အပြစ်ပေးနေရမယ်လို့ ဘုရားသခင် မပြောထားပါဘူး။

နောင်တရခြင်းက ကျွန်တော်တို့ကို ဘုရားသခင်ထံ ပြန်လှည့်စေတယ်။ အပြစ်တင်ခြင်းထဲမှာပဲ နေထိုင်ခြင်းကတော့ ကျွန်တော်တို့ကို အတိတ်မှာ ပိတ်မိနေစေတတ်ပါတယ်။

တစ်ခါတစ်ရံ အတိတ်ကို ပြန်သတိရလာတာက ကျွန်တော်တို့ မပြောင်းလဲသေးလို့ မဟုတ်ပါဘူး။

အဲ့ဒီအရာကို ပြန်သတိရပေမဲ့ အရင်လို အသက်မရှင်တော့တာကလည်း ပြောင်းလဲခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ အတိတ်က အမှားတစ်ခု ပြန်သတိရလာတဲ့အခါ ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ။

“ဒီအရာအတွက် ငါ နောင်တရပြီးပြီလား?”

“ပြန်ပြင်ဖို့ လိုအပ်တာတွေ ရှိသေးလား?”

“ဒါမှမဟုတ် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံဖို့ပဲ ကျန်တော့တာလား?”

အတိတ်က အမှားတွေကနေ သင်ခန်းစာယူပါ။

လိုအပ်တဲ့ တာဝန်တွေကို ယူပါ။

ဒါပေမဲ့ အဲ့ဒီအမှားတွေကို သင့်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ခွင့် မပေးပါနဲ့။

သင့်အတိတ်က သင်လုပ်ခဲ့တဲ့အရာကို ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ ယေရှုခရစ်တော်က သင့်ကို ဘယ်လိုလူသစ်ဖြစ်စေနိုင်သလဲဆိုတာကိုတော့ သင့်အတိတ်က မဆုံးဖြတ်နိုင်ပါဘူး။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… ကျွန်ုပ်ရဲ့ အတိတ်က အမှားတွေကို ပြန်သတိရတိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတဲ့အချိန်တွေ ရှိပါတယ်။ ကျွန်ုပ်မှားခဲ့တဲ့အရာတွေကို ရိုးသားစွာ ဝန်ခံပြီး နောင်တရနိုင်ဖို့ ကူညီပေးတော်မူပါ။ ပြန်ပြင်ဖို့ လိုအပ်တဲ့အရာတွေကိုလည်း တာဝန်ယူနိုင်ဖို့ ဉာဏ်ပညာပေးတော်မူပါ။ ဒါပေမဲ့ ကိုယ်တော် ခွင့်လွှတ်ပြီးသားအရာတွေအတွက် အပြစ်တင်ခြင်းထဲမှာ ဆက်ပြီး မနေထိုင်မိဖို့ ကူညီပေးတော်မူပါ။ ယေရှုခရစ်တော်အားဖြင့် ရရှိတဲ့ ခွင့်လွှတ်ခြင်းနဲ့ အသစ်သောအသက်တာထဲမှာ ဆက်လက်လျှောက်လှမ်းနိုင်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။