• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၉ နို ၂၀၂၆

သင်တွေးနေတဲ့အရာတိုင်းက အမှန်တရားပဲလား?

ထုတ်ဝေသည့်ရက်စွဲ ၀၉ နို ၂၀၂၆

တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ အတွေးတွေ အများကြီး ဝင်လာတတ်ပါတယ်။

“ငါ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။”

“ငါ့ကို ဘယ်သူမှ တကယ်မချစ်ကြဘူး။”

“ငါ အမြဲတမ်း အမှားတွေပဲ လုပ်နေမိတာပဲ။”

“ငါ့ဘဝက ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ဘူး။”

ဒီလိုအတွေးတွေ ဝင်လာဖူးပါသလား?

တစ်ခါတစ်ရံ အဲ့ဒီအတွေးတွေက အရမ်းကို အမှန်တရားလို ခံစားရတတ်ပါတယ်။

အထူးသဖြင့် စိတ်ပင်ပန်းနေတဲ့အချိန်၊ အဆင်မပြေမှုတွေ ကြုံနေရတဲ့အချိန်၊ တစ်ယောက်ယောက်ရဲ့ စကားကြောင့် နာကျင်နေတဲ့အချိန်တွေမှာပေါ့။

ဒါပေမဲ့ ဒီနေ့ သင့်ကို သတိပေးချင်တဲ့ အရာတစ်ခု ရှိပါတယ်။

သင့်စိတ်ထဲမှာ ဝင်လာတဲ့ အတွေးတိုင်းက အမှန်တရား မဟုတ်ပါဘူး။

တစ်ခုခုကို အမှန်တရားလို ခံစားနေရတာနဲ့ အဲ့ဒီအရာက တကယ်မှန်နေတယ်လို့ မဆိုလိုပါဘူး။

သမ္မာကျမ်းစာမှာ ရှင်ပေါလုက-

“ထို​လက်​နက်​အား​ဖြင့် လူ​တို့၏ အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော​ပ​ညာ​ကို တား​ဆီး​သော မာန်​မာ​န ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နှိမ့်​ချ​မှောက်​လှန်၍၊ ခပ်​သိမ်း​သော​စိတ်​တို့​ကို ဖမ်း​သွား​ချုပ်​ထား​လျက်၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​စေ​ကြ၏။-” ၂ ကောရိန္သု‬ ‭10‬:‭5‬

လို့ ဆိုထားပါတယ်။

ဒီကျမ်းပိုဒ်မှာ ရှင်ပေါလုက ဘုရားသခင်ကို သိသောပညာကို ဆီးတားဆန့်ကျင်တဲ့ အတွေးအခေါ်တွေကို ခရစ်တော်ရဲ့ အုပ်စိုးမှုအောက်မှာ ထားဖို့ ပြောနေတာပါ။

အဲ့ဒီသမ္မာတရားဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်အတွေးတွေကို ဆန်းစစ်ရာမှာလည်း အရေးကြီးပါတယ်။

မိတ်ဆွေ ရေ…

တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ စိတ်ထဲမှာ ပေါ်လာတဲ့အတွေးတစ်ခုကို မဆန်းစစ်ဘဲ ချက်ချင်း ယုံကြည်လိုက်တတ်ပါတယ်။

“ငါ အသုံးမကျဘူး” လို့ တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကို တကယ်အသုံးမကျတဲ့သူလို့ မြင်လာတယ်။

“ငါ့အတွက် မျှော်လင့်ချက်မရှိတော့ဘူး” လို့ တွေးမိတဲ့အခါ ရှေ့ဆက်ဖို့တောင် အားမရှိတော့ဘူး။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အတွေးတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။

“ငါ့ကို ဘယ်သူမှ မချစ်ဘူး” လို့ တွေးမိတဲ့အခါ ဘုရားသခင်က သင့်ကို အမြဲချစ်နေကြောင်း သတိရပါ။

“ငါ့အမှားတွေကြောင့် ငါ့အတွက် မျှော်လင့်ချက်မရှိတော့ဘူး” လို့ တွေးမိတဲ့အခါ ခရစ်တော်၌ နောင်တရပြီး အသစ်ပြန်စနိုင်တဲ့ ကျေးဇူးတော်ရှိနေကြောင်း အမြဲသတိရပါ။

“ငါ့ဘဝက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး” လို့ တွေးမိတဲ့အခါ ဘုရားသခင်က ကျွန်တော်တို့ရဲ့ အသက်တာထဲမှာ ဆက်လက်အလုပ်လုပ်နေကြောင်း အမြဲသတိရပါ။

ဒီနေရာမှာ အရေးကြီးတာတစ်ခု ရှိပါတယ်။

အတွေးတစ်ခု ဝင်လာတာနဲ့ အဲ့ဒီအတွေးကို သင် လက်ခံယုံကြည်ရမယ်လို့ မဆိုလိုပါဘူး။

မကောင်းတဲ့အတွေးတွေ ဝင်လာမိလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

အဲ့ဒီအတွေးတွေကို သင် ဘယ်လိုတုံ့ပြန်မလဲဆိုတာက ပိုအရေးကြီးပါတယ်။

ဒါကြောင့် ဒီနေ့ စိတ်ထဲမှာ သင့်ကို စိတ်ဓာတ်ကျစေတဲ့အတွေးတစ်ခု ဝင်လာတဲ့အခါ ခဏရပ်ပြီး မေးကြည့်ပါ။

“ဒီအတွေးက တကယ်မှန်ရဲ့လား? ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ကိုက်ညီရဲ့လား?”

သမ္မာတရားနဲ့ မကိုက်ညီတဲ့အတွေးတွေကို သင့်အသက်တာကို အုပ်စိုးခွင့် မပေးပါနဲ့။

သင့်စိတ်ထဲက အတွေးတိုင်းကို သင် မထိန်းချုပ်နိုင်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီအတွေးတိုင်းကို ယုံကြည်ပြီး လိုက်လျှောက်နေဖို့တော့ မလိုပါဘူး။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်။

“အဖဘုရား… တစ်ခါတစ်ရံ ကျွန်ုပ်ရဲ့ စိတ်ထဲမှာ ဝင်လာတဲ့ အတွေးတွေကို အမှန်တရားလို့ ယုံကြည်မိတတ်ပါတယ်။ ကိုယ်တော်ရဲ့ သမ္မာတရားနဲ့ မကိုက်ညီတဲ့ အတွေးတွေကို ခွဲခြားသိမြင်နိုင်ဖို့ ဉာဏ်ပညာပေးတော်မူပါ။ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့အတွေးတွေကြားမှာ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကို ပြန်လည်သတိရနိုင်ဖို့ ကူညီပေးတော်မူပါ။ ကျွန်ုပ်ရဲ့ အတွေးတွေနဲ့ စိတ်နှလုံးကို ယေရှုခရစ်တော်ရဲ့ အမှန်တရားအားဖြင့် ဦးဆောင်ပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။