• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၇ နို ၂၀၂၆

ဘဝတစ်လျှောက်လုံး လိုက်ပါမယ့် ကောင်းမြတ်ခြင်းနဲ့ ကရုဏာတော်

ထုတ်ဝေသည့်ရက်စွဲ ၀၇ နို ၂၀၂၆

ဒီနေ့မှာ ကျွန်မတို့ရဲ့ ဘဝတစ်လျှောက်လုံး အတွက် ဘုရားသခင်ပေးထားတဲ့ ကတိတော်တစ်ခုကို ဆင်ခြင်ကြရအောင်။ ကျမ်းစာတစ်ပိုဒ်ကို အတူတကွ ဖတ်ရှုကြပါစို့ …

“အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။” ဆာလံ‬ ‭23‬:‭6‬

မိတ်ဆွေ ရေ…

ဒါဝိဒ်မင်းကြီးဟာ ဒီကျမ်းပိုဒ်မှာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းနဲ့ ကရုဏာတော်အကြောင်း ဖော်ပြထားပါတယ်။

ကောင်းမြတ်ခြင်း ဆိုတာ ဘုရားသခင်က ကျွန်မတို့ရဲ့ အသက်တာကို ကောင်းကြီးပေးပြီး ဝမ်းမြောက်ခြင်းနဲ့ ပြည့်စုံစေခြင်း ဖြစ်ပါတယ်။ ကရုဏာတော်ဆိုတာလည်း ကျွန်မတို့အားဖြင့် အခြားသူတွေကို ခွင့်လွှတ်ခြင်း၊ ကူညီခြင်းနဲ့ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းကို မျှဝေပေးခြင်းအားဖြင့် ထင်ရှားလာတာ ဖြစ်ပါတယ်။

ဒါဝိဒ်မင်းကြီးဟာ ဘုရားသခင်ရဲ့ အိမ်တော်နဲ့ မျက်မှောက်တော်မှာ နေရခြင်းကို အလွန်နှစ်သက်သူ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မတို့အတွက်ကောင်းကြီးမင်္ဂလာက ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ခံစားဖို့ သီးသန့်နေရာတစ်ခုကို သွားစရာမလိုတော့ပါဘူး။ ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ပေါ်က ပူဇော်ခြင်းအားဖြင့် ကျွန်မတို့ဟာ နေရာတိုင်း၊ အချိန်တိုင်းမှာ ဘုရားသခင်ထံ ချဉ်းကပ်ခွင့် ရရှိထားတာပဲ ဖြစ်ပါတယ်။

၁ ကောရိန္သု ၆:၁၉ မှာလည်း ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာဟာ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်တော်မူရာ ဗိမာန်ဖြစ်ကြောင်း သွန်သင်ထားပါတယ်။

မိတ်ဆွေ ရေ …

ဘုရားသခင်ရဲ့ မျက်မှောက်တော်ဟာ ဘုရားကျောင်းထဲမှာသာ ရှိနေတာ မဟုတ်ပါဘူး။ ကျွန်မတို့သွားတဲ့ နေရာတိုင်းမှာ ရှိနေပါတယ် ။ ကိုယ်တော်နဲ့အတူ အချိန်တိုင်း အသက်ရှင်လျှောက်လှမ်းနိုင်ပါတယ်။ ဒါကြောင့် ဒါဝိဒ်လိုပဲ ကိုယ်တော်ရဲ့ မျက်မှောက်တော်ကို တန်ဖိုးထားပြီး အသက်ရှင်ကြရအောင် …

ဆုတောင်းကြပါစို့ …

“အဖဘုရားသခင်… ကိုယ်တော်ရဲ့ မျက်မှောက်တော်ထဲမှာ ခံစားရတဲ့ ကောင်းမြတ်ခြင်းနဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ရဲ့ ဘဝတစ်လျှောက်လုံး ကိုယ်တော်ရဲ့ ကတိတော်တွေကို ယုံကြည်ကိုးစားပြီး ကိုယ်တော်နဲ့အတူ လျှောက်လှမ်းနိုင်ဖို့ ကူညီတော်မူပါ။ ကျွန်ုပ်ကို ခံစားရရှိစေတဲ့ ကရုဏာတော်ကိုလည်း အခြားသူတွေထံ ပြန်လည်မျှဝေပေးနိုင်သူ ဖြစ်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

သင်ဟာ ကျေးဇူးတော် နဲ့ ကရုဏာတော်ကို အစဉ်အမြဲ ခံစားရတဲ့သူ ဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။