• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၆ နို ၂၀၂၆

ဘုရားသခင်ကို ပိုမိုသိကျွမ်းဖို့ ဘာလုပ်ရမလဲ ? 

ထုတ်ဝေသည့်ရက်စွဲ ၀၆ နို ၂၀၂၆

ဒီနေ့မှာ ဘုရားသခင်နဲ့ ပိုမိုရင်းနှီးကျွမ်းဝင်လာဖို့ ဘယ်အရာတွေ လိုအပ်သလဲဆိုတာ ဆင်ခြင်ကြရအောင်။ 

“ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။” ၁ ရာဇဝင်ချုပ်‬ ‭28‬:‭9‬

မိတ်ဆွေ ရေ…

အာရှရိုးရာ စကားပုံတစ်ခုမှာ လူတစ်ယောက်နဲ့ ဆားတစ်ကီလိုလောက် အတူစားဖူးမှ သူ့ကို တကယ်သိကျွမ်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက လူတစ်ယောက်ကို အမှန်တကယ် သိကျွမ်းဖို့ အတူတကွ အချိန်ကုန်ဆုံးဖို့ လိုအပ်တယ်ဆိုတာပါပဲ။

ဒီလိုပါပဲ !

ကျွန်မတို့နဲ့ သိကျွမ်းပြီး အတူတူ အချိန်ကုန်ဆုံးချင်တဲ့သူကတော့ ကျွန်မတို့ရဲ့ အဖဘုရားသခင်ပဲ ဖြစ်ပါတယ်။

ဘုရားသခင်ဟာ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေသူတွေကို တွေ့ခွင့်ပေးသော ဘုရားဖြစ်ပါတယ်။ ကိုယ်တော်ကို ပိုမိုရင်းနီး သိကျွမ်းချင်တယ်ဆိုရင် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်းနဲ့ ကိုယ်တော်ထံ အချိန်ပေးခြင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ အတွက် လိုအပ်ပါတယ်။

မိတ်ဆွေ ရေ …

နေ့ရက်တိုင်း ဘယ်အချိန်မှာမဆို ဘုရားသခင်ထံ ကို ချဉ်းကပ်နိုင်ပါတယ်။ ကိုယ်တော်ရဲ့အသံကို နားထောင်ဖို့ နှလုံးသားကို အမြဲတမ်း ဖွင့်ထားလိုက် ပါ။ ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်ဖို့လည်း အချိန်ပေးပါ ။ 

ကျွန်မတစ်ခု မေးချင်ပါတယ် ။ 

သင့်အနေနဲ့ ဘုရားသခင်ကို ပိုမိုသိကျွမ်းချင်တဲ့ ဆန္ဒရှိပါသလား ? ဒါဆိုရင်တော့ ကိုယ်တော်ရဲ့ မျက်မှောက်တော်ကို ပိုမိုတောင့်တပြီး အသံတော်ကို ပိုမိုကြားသိနားလည်နိုင်ဖို့ ဒီနေ့ကစပြီး ကိုယ်တော်နဲ့အတူ အချိန်ယူကြရအောင် ။

ဆုတောင်းကြပါစို့ …

“အဖဘုရားသခင်… ကိုယ်တော်ရဲ့ မျက်မှောက်တော်ကို ပိုမိုတောင့်တပြီး ကိုယ်တော်ကို ပိုမိုနက်ရှိုင်းစွာ သိကျွမ်းချင်ပါတယ်။ ကိုယ်တော်နဲ့အတူ အချိန်ယူနိုင်ဖို့ ကူညီတော်မူပါ။ အသံတော်ကို ကြားသိနားလည်နိုင်တဲ့ နှလုံးသားနဲ့ ဝိညာဉ်နားကိုလည်း ဖွင့်ပေးတော်မူပါ။ ကိုယ်တော်ရဲ့ နှလုံးသားနဲ့ မျက်မှောက်တော်ကို ပို၍ နက်ရှိုင်းစွာ ခံစားသိရှိနိုင်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။