• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၅ နို ၂၀၂၆

သင်ပေးဆပ်တဲ့အရာတိုင်းမှာ တန်ဖိုးရှိပါတယ်

ထုတ်ဝေသည့်ရက်စွဲ ၀၅ နို ၂၀၂၆

ဒီနေ့မှာ ကျွန်မတို့ရဲ့ သေးငယ်တဲ့ လုပ်ဆောင်မှုတွေဟာ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ ဆင်ခြင်ကြရအောင်။ ကျမ်းစာတစ်ပိုဒ်ကို အတူတကွ ဖတ်ရှုကြပါစို့ …

“အ​နည်း​ငယ်​သော အ​မှု၌ သ​စ္စာ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​ရှိ​လိမ့်​မည်။ အ​နည်း​ငယ်​သော​အ​မှု၌ သ​စ္စာ​မ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​မ​ရှိ။-” ‭‭ရှင်လုကာ‬ ‭16‬:‭10‬

မိတ်ဆွေ ရေ…

တစ်ခါတလေ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို အလွန်သေးငယ်ပြီး အသုံးမဝင်တဲ့သူတစ်ယောက်လို ခံစားရတတ်ပါတယ်။ ပတ်ဝန်းကျင်မှာ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အခါ “ဘုရားသခင်၊ ကျွန်ုပ်လို လူတစ်ယောက်က ဘာများပြောင်းလဲစေနိုင်မှာလဲ” လို့တောင် တွေးမိနိုင်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်ဟာ ထူးကဲတဲ့သူရဲကောင်းတွေကိုပဲ ရှာဖွေနေတာ မဟုတ်ပါဘူး။ သူ့အပေါ် သစ္စာရှိတဲ့သူတွေကိုသာ ရှာဖွေတာ ဖြစ်ပါတယ်။

ဒီနေ့မှာ သင်လုပ်နိုင်တဲ့အရာဟာ ပင်ပန်းနွမ်းနယ်နေတဲ့ သူတစ်ယောက်ယောက်ကို ပြုံးပြနှုတ်ဆက်ပေးခြင်းသာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအပြုံးလေးက သူ့ရဲ့နှလုံးသားကို သင်ထင်ထားတာထက် ပိုပြီး ခွန်အား ဖြစ်စေနိုင်ပါတယ်။

ဒါမှမဟုတ် ကိုယ့်ရဲ့အလုပ်ခွင်မှာ သေးငယ်တဲ့ အရာလေးတွေကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးခြင်းလည်း ဖြစ်နိုင်ပါတယ်။ အဲဒီသစ္စာရှိမှုလေးကလည်း အခြားသူတွေအတွက် ကောင်းကြီးဖြစ်စေနိုင်ပါတယ်။

မိတ်ဆွေ ရေ …

ဘုရားသခင်က သင့်ဆီက ကြီးမားတဲ့အရာတွေကိုပဲ မမျှော်လင့်ပါဘူး။ ကိုယ်ရောက်နေတဲ့နေရာမှာ ကိုယ်ရရှိထားတဲ့အရာလေးတွေနဲ့ သစ္စာရှိစွာ အသက်ရှင်ဖို့ကိုလည်း အလိုရှိပါတယ်။

သင်ပေးနိုင်တဲ့အရာဟာ သေးငယ်တယ်လို့ ထင်ရပေမဲ့ ဘုရားသခင်ရဲ့လက်တော်ထဲမှာတော့ တန်ဖိုးကြီးမားပါတယ်။

ဒီနေ့မှာ ကိုယ်လုပ်နိုင်တဲ့အရာလေးတွေကို အထင်မသေးဘဲ သစ္စာရှိစွာ လုပ်ဆောင်ကြပါစို့။

ဆုတောင်းကြပါစို့ …

“အဖဘုရားသခင်… ကိုယ်တော်ပေးထားတဲ့ အခွင့်အရေးနဲ့ အရည်အချင်းတွေကို အထင်မသေးဘဲ သစ္စာရှိစွာ အသုံးပြုတတ်ဖို့ ကူညီတော်မူပါ။ ကြီးမားတဲ့အရာတွေကိုသာ မျှော်လင့်နေမယ့်အစား နေ့စဉ်လုပ်ဆောင်ရတဲ့ သေးငယ်တဲ့အရာတွေမှာလည်း ကိုယ်တော်နှစ်သက်တဲ့သူ ဖြစ်စေတော်မူပါ။ ကျွန်ုပ်ရဲ့ အသက်တာအားဖြင့် အခြားသူတွေကို ကောင်းကြီးဖြစ်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။