• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VN Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၂ နို ၂၀၂၆

ဘုရားသခင်ကို အမြင့်ဆုံးတန်ဖိုးထားသော အသက်တာ

ထုတ်ဝေသည့်ရက်စွဲ ၀၂ နို ၂၀၂၆

ဒီတစ်ပါတ်တာမှာ “ဘုရားသခင်နှင့် ရင်းနီးကျွမ်းဝင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆင်ခြင်နေကြတာ ဒီနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ် ။ ကျမ်းစာတစ်ပိုဒ်ကို အတူတကွ ဖတ်ရှုကြပါစို့ …

“ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။” ‭‭ဆာလံ‬ ‭73‬:‭25‬

မိတ်ဆွေ ရေ…

ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ ကျွန်မတို့ရဲ့အသက်တာမှာ တဖြည်းဖြည်း ပြောင်းလဲလာတဲ့အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဘုရားသခင်ကို လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတဲ့အရှင်အဖြစ်ပဲ မဟုတ်တော့ပဲ ကိုယ်တော်ကိုယ်တိုင်ကို အမြင့်ဆုံးတန်ဖိုးထားလာခြင်း ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ဆုတောင်းချက်တွေဟာ ကိုယ်တော်ဆီက ရရှိချင်တဲ့အရာတွေကို ဗဟိုပြုနေတာ မဟုတ်တော့ပဲ ပိုမိုနက်ရှိုင်းလာပါတယ်။

“ဘုရားသခင်၊ ကိုယ်တော်ပေးတဲ့အရာတွေကိုသာ မဟုတ်ဘဲ ကိုယ်တော်ကိုယ်တိုင်ကို ပိုမိုသိကျွမ်းချင်ပါတယ်” ဆိုတဲ့ နှလုံးသားမျိုး ဖြစ်လာပါတယ်။

ဆာလံဆရာက “ကိုယ်တော်မှတစ်ပါး အကျွန်ုပ်နှစ်သက်သောအရာမရှိပါ” လို့ ဝန်ခံထားပါတယ်။ ဒါဟာ မြေကြီးပေါ်က မိသားစု၊ ဆက်ဆံရေးနဲ့ တာဝန်တွေကို တန်ဖိုးမထားတော့တာ မဟုတ်ပါဘူး။ အဲဒီအရာအားလုံးထက် ဘုရားသခင်ကို အမြင့်ဆုံးနေရာမှာ ထားရှိခြင်း ဖြစ်ပါတယ်။

တမန်တော်ကြီး ရှင်ပေါလုကလည်း ဖိလိပ္ပိ ၃:၈ မှာ ယေရှုခရစ်တော်ကို သိကျွမ်းရခြင်းရဲ့ အလွန်ထူးမြတ်တဲ့တန်ဖိုးကြောင့် အခြားအရာအားလုံးကို ရှုံးစေသော အရာကဲ့သို့ မှတ်ယူကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါဟာ ပေါလုအတွက် အခြားအရာအားလုံး အဓိပ္ပာယ်မရှိတော့တာ မဟုတ်ပါဘူး။ ခရစ်တော်ကို သိကျွမ်းခြင်းက သူ့အသက်တာရဲ့ အဓိကတန်ဖိုးဖြစ်လာခြင်းပါပဲ။

မိတ်ဆွေ ရေ၊ ဒီအပတ်မှာ ကျွန်မတို့ လေ့လာခဲ့တဲ့ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းဟာ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်ကို နာခံခြင်းနဲ့ နေ့စဉ်အတူလျှောက်လှမ်းခြင်းတို့ကနေ ကြီးထွားလာပါတယ်။ အဲ့ဒီရင်းနီးကျွမ်းဝင်မှု အားဖြင့် ဘုရားသခင်ဟာ ကျွန်မတို့ဘဝမှာ ဘာနဲ့ မှ မလဲနိုင်တဲ့ တန်ဖိုး အထားရဆုံး ဘုရားသခင်ဖြစ်လာဖို့က အရေးကြီးဆုံး ဖြစ်ပါတယ် ။

ဘုရားသခင်ရဲ့ကောင်းကြီးတွေကို တန်ဖိုးထားလို့ ရပါတယ် ။ ဒါပေမဲ့ ကောင်းကြီးပေးတဲ့အရှင်ကို ပိုပြီး တန်ဖိုးထားပါ။

ဆုတောင်းကြပါစို့ …

“အဖဘုရားသခင်… ကိုယ်တော့်ကို အမြင့်ဆုံးနေရာပေးပြီး အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါမှာလည်း ကိုယ်တော်ကို ဆက်လက်ကိုးစားနိုင်ဖို့ ကူညီတော်မူပါ။ ကိုယ်တော်အကြောင်း ပိုမိုသိရုံသာမက ကိုယ်တော်နဲ့ ပိုမိုရင်းနှီးကျွမ်းဝင်ပြီး ကိုယ်တော်ကို တန်ဖိုးထားတဲ့အသက်တာနဲ့ အသက်ရှင်တတ်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။