• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၅ အောက် ၂၀၂၆

သင် တကယ်ပြောင်းလဲနေတာလား?

ထုတ်ဝေသည့်ရက်စွဲ ၁၅ အောက် ၂၀၂၆

မိတ်ဆွေ ရေ… Christian ဖြစ်လာတာ ဘယ်လောက်ကြာပြီလဲ?

တစ်နှစ်လား? ငါးနှစ်လား? ဆယ်နှစ်လား?

ဒါပေမဲ့ Christian ဖြစ်လာတာ ဘယ်လောက်ကြာပြီလဲဆိုတာထက် ဒီနေ့ ပိုအရေးကြီးတဲ့ မေးခွန်းတစ်ခု မေးကြည့်ရအောင်။

“ယေရှုကို စတင်ယုံကြည်ခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ ငါ တကယ်ပြောင်းလဲလာပြီလား?”

ကျမ်းစာကို အရင်ထက် ပိုသိလာတာ ဖြစ်နိုင်ပါတယ်။ တရားဒေသနာတွေလည်း အများကြီး နားထောင်ပြီးပြီ။ Church မှာလည်း အမှုတော်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်က ကျွန်တော်တို့ကို သူ့အကြောင်း ပိုသိလာဖို့ပဲ ခေါ်ထားတာ မဟုတ်ပါဘူး။

သူနဲ့ ပိုတူလာဖို့ ခေါ်ထားတာပါ။

သမ္မာကျမ်းစာက

“ငါ​တို့​ရှိသမျှ​သည်​လည်း မျက်နှာလွှား​မ​ပါ​သော​မျက်နှာ​ပေါ်တွင် သခင်​ဘုရား​၏​ဘုန်း​တော်​ကို ထင်ဟပ်​စေ​လျက် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ ဝိညာဉ်​တော်​ဖြစ်​သော သခင်​ဘုရား​အားဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံသဏ္ဌာန်​ပြောင်းလဲ​စေ​ခြင်း​ကို​ခံရ​ကြ​၏။” ကောရိန္သုဩဝါဒစာဒုတိယစောင် 3:18 MSBU

https://bible.com/bible/1391/2co.3.18.MSBU

လို့ ဆိုထားပါတယ်။

ဒီကျမ်းပိုဒ်ထဲမှာ ကျွန်တော် သဘောကျမိတဲ့ စကားတစ်ခုရှိပါတယ်။

“ပုံသဏ္ဍာန် ပြောင်းလဲစေခြင်း”

ယေရှုနဲ့ လျှောက်လှမ်းတဲ့အသက်တာဟာ တစ်နေရာတည်းမှာ ရပ်နေတဲ့အသက်တာ မဟုတ်ပါဘူး။

တဖြည်းဖြည်း ကျွန်တော်တို့ရဲ့ စိတ်နေသဘောထား ပြောင်းလာမယ်။ လူတွေအပေါ် ဆက်ဆံပုံ ပြောင်းလာမယ်။ စကားပြောပုံ ပြောင်းလာမယ်။ အရင်က ခွင့်မလွှတ်နိုင်တဲ့အရာကို ခွင့်လွှတ်တတ်လာမယ်။ အရင်က ချက်ချင်းဒေါသထွက်တတ်တဲ့နေရာမှာ စိတ်ရှည်တတ်လာမယ်။ ကိုယ့်အတွက်ပဲ စဉ်းစားတတ်ရာကနေ တခြားသူတွေကို စဉ်းစားပေးတတ်လာမယ်။

အရာအားလုံးပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။

ဒါပေမဲ့ တိုးတက် ပြောင်းလဲနေသင့်ပါတယ်။

မိတ်ဆွေရေ…

တစ်ခါတစ်ရံ ကျွန်တော်တို့က

“ဘုရားသခင်က ငါ့အတွက် ဘာလုပ်ပေးမလဲ?”  “ငါ့အခြေအနေကို ဘယ်တော့ ပြောင်းလဲပေးမလဲ?”

ဆိုတာကိုပဲ အာရုံစိုက်မိတတ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ မေးခွန်းကို နည်းနည်းပြောင်းကြည့်ရအောင်။

“ဘုရားသခင်က ငါ့အထဲမှာ ဘာတွေ ပြောင်းလဲပေးနေသလဲ?”

သင့်အခြေအနေ ပြောင်းလဲဖို့ပဲ ဆုတောင်းနေမိသလား?

ဒါမှမဟုတ် အဲ့ဒီအခြေအနေကြားမှာ သင့်ကို ပြောင်းလဲဖို့ ဘုရားသခင်ကို ခွင့်ပြုနေသလား?

တစ်ခါတစ်ရံ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို မပြောင်းလဲခင် ကျွန်တော်တို့ရဲ့ အတွင်းလူကို အရင်ပြောင်းလဲစေတတ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာ ကိုယ့်အသက်တာကို ရိုးရိုးသားသား ပြန်ကြည့်ကြရအောင်။

“ငါ ဘယ်လောက်သိထားပြီလဲ?” ဆိုတာထက်

“ငါ ဘယ်လိုလူတစ်ယောက် ဖြစ်လာနေတာလဲ?”

ဆိုတာကို မေးကြည့်ရအောင်။

ဘာလို့လဲဆိုတော့…

ယေရှုနောက်လိုက်ခြင်းရဲ့ ပန်းတိုင်က ယေရှုအကြောင်း ပိုသိလာဖို့ထက် ယေရှုနဲ့ ပိုတူလာဖို့ပါ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။