• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၀ အောက် ၂၀၂၆

သင့်သခင်က ဘယ်သူလဲ ?

ထုတ်ဝေသည့်ရက်စွဲ ၁၀ အောက် ၂၀၂၆

ယေရှု ခရစ်တော်က 

“အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။-”

‭‭ရှင်မဿဲ‬ ‭6‬:‭24‬ ‭ လို့ သွန်သင်လျက် သတိပေးထားပါတယ် ။

ဒီနေရာမှာ ဘုရားသခင် နဲ့ လောကီစည်းစိမ်ကို နှိုင်းယှဉ်ပြီး ဖော်ပြထားပါတယ် ။ ဘာကြောင့် လောကီ စည်းစိမ်ဖြစ်ရလဲ ဆိုရင် ဒါဟာ ကျွန်မတို့ရဲ့ အားနည်းချက် ဖြစ်တတ်လို့ပါပဲ ။ လောကီစည်းစိမ်ဟာ သင့်ဘဝရဲ့ သခင်ဖြစ်လာနိုင်ပါတယ် ! 

ငွေရှိတာက အပြစ်မဟုတ်ပါဘူး။

အလုပ်လုပ်တာ၊ ဝင်ငွေရှာတာ၊ မိသားစုအတွက် စီမံတာ၊ အနာဂတ်အတွက် ပြင်ဆင်တာ ဒါတွေဟာ မှားယွင်းတဲ့အရာတွေ မဟုတ်ပါဘူး။

သို့သော် ငွေရှိမှ ငါလုံခြုံတယ် ၊ ငွေများများပိုင်ဆိုင်မှ ငါတန်ဖိုးရှိတယ် ၊ ငွေကပဲ ငါ့အနာဂတ်ကို ကယ်တင်နိုင်တယ် လို့ စဉ်းစားနေရင်တော့အလွန်မှားယွင်းနေပါပြီ ။ 

ငွေ ၊ အောင်မြင်မှု နဲ့  ပိုင်ဆိုင်မှုတွေက ကျွန်မတို့ရဲ့ အနာဂတ်ကို လှပအောင် မလုပ်ပေးနိုင်ပါဘူး ။ ဘုရားသခင် တစ်ပါးတည်းကပဲ အရာရာကို ထိန်းချုပ်ထားသော ဘုရားပါ ။ 

ဒါကြောင့် ဘုရားကို ဖယ်ပြီး လုပ်ဆောင်သမျှဟာ တစ်ချိန်ချိန်မှာ အားလုံး ပျက်ယွင်း သွားပါလိမ့်မယ် ။ 

ဒီနေ့ မိတ်ဆွေ  ရေ …

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ …

“ငါ့မှာရှိတဲ့အရာတွေကို ငါထိန်းချုပ်နေတာလား၊ ဒါမှမဟုတ် အဲဒီအရာတွေက ငါ့ကို ထိန်းချုပ်နေတာလား?”

“ငါ့ရဲ့လုံခြုံမှုက ဘုရားသခင်ထံမှာလား၊ ငါ့ဘဏ္ဍာထံမှာလား?”

“ငါ့ဘဏ္ဍာကို ငါ့သခင်အဖြစ်ထားမိနေသလား ?”

ဒီမေးခွန်းတွေက သိပ်ကို ရိုးရှင်းပေမယ့် သင့်နှလုံးသားကို ပြန်မြင်စေနိုင်မှာပါ ။

သင့်ဘဏ္ဍာကို ဘုရားသခင်ထံ အပ်နှံလိုက်တဲ့အခါဘဏ္ဍာက သင့်နှလုံးသားကို မအုပ်စိုးတော့ဘဲ 
သင်က ထိုဘဏ္ဍာကို ဘုရားအလိုတော်နဲ့ အညီ မှန်ကန်စွာ အသုံးပြုနိုင်လာပါလိမ့်မယ်။

ဘဏ္ဍာက သင့်ဘဝရဲ့ သခင် မဖြစ်ပါစေနဲ့ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။