• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၆ အောက် ၂၀၂၆

မတည်မြဲတဲ့အရာပေါ်မှာ နှလုံးသားကို မတည်ဆောက်ပါနဲ့

ထုတ်ဝေသည့်ရက်စွဲ ၀၆ အောက် ၂၀၂၆

မနေ့က ကျွန်မတို့က "အကြင်အရပ်၌ သင့်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင့်တို့၏ စိတ်နှလုံး ရောက်တတ်၏" ဆိုတဲ့ နှုတ်ကပတ်တော်ကို ဆင်ခြင်ခဲ့ကြပါတယ်။

ဒီနေ့တော့ ဘယ်လိုဘဏ္ဍာမျိုးကို ကျွန်မတို့ ရွေးချယ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ယေရှုခရစ်တော် သွန်သင်ထားခဲ့တဲ့ အရာကို ဆက်ပြီးတော့ ဆင်ခြင်ကြမှာပဲ ဖြစ်ပါတယ်။

“မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်။ ထိုအရပ်၌ ပိုးရွနှင့် သံချေးသည် ဖျက်ဆီးတတ်၏။ သူခိုးတို့သည်လည်း ဖောက်ထွင်း၍ ခိုးယူတတ်ကြ၏။ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့…” မဿဲ ၆:၁၉–၂၀

ဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါ "ဒါဆိုရင် မြေကြီးပေါ်မှာ အလုပ်မလုပ်ရတော့ဘူးလား" လို့ တွေးကောင်း တွေးမိနိုင်ပါတယ်။

ဒါပေမဲ့ ယေရှုခရစ်တော်ဘုရားရဲ့ အဓိက သွန်သင်ထားတဲ့ အချက်က ပစ္စည်းဥစ္စာ ပိုင်ဆိုင်ဖို့အတွက် ရှာဖွေခြင်းကို တားမြစ်ထားတာ မဟုတ်ပါဘူး။

ယေရှုဘုရားက ကျွန်မတို့ရဲ့ဘဏ္ဍာ ဘယ်နေရာမှာ ရှိသင့်သလဲ၊ နှလုံးသားကို ဘယ်အရာပေါ်မှာ တည်ဆောက်သင့်သလဲ ဆိုတာကို ပြန်ပြီးတော့ သတိပေးနေတာပဲ ဖြစ်ပါတယ်။

ကျွန်မ ပြောပြချင်ပါတယ်၊ မြေကြီးဘဏ္ဍာက မတည်မြဲပါဘူး မိတ်ဆွေ ။

ဒီနေ့ ကျွန်မတို့အတွက် အရမ်းတန်ဖိုးရှိတဲ့ အရာတစ်ခုဟာ မနက်ဖြန်မှာ တန်ဖိုးကျသွားနိုင်ပါတယ်။

ကျွန်မတို့ ပိုင်ဆိုင်ထားတဲ့ အရာတွေဟာ မသေချတ်ထားတဲ့ တစ်နေ့မှာ ပျောက်ဆုံးသွားနိုင်ပါတယ်။ ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေ၊ ဝင်ငွေ၊ ပစ္စည်းဥစ္စာ၊ အောင်မြင်မှု ဒါတွေအားလုံးဟာ ပြောင်းလဲနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြောင်းလဲနိုင်တဲ့ အရာကို မပြောင်းလဲတဲ့ အရာတစ်ခုလို မယူဆသင့်၊ မယုံကြည်သင့်ပါဘူး။

တစ်ခါတလေ ကျွန်မတို့ရဲ့နှလုံးသားက "ဒီတစ်ရာခုရှိရင် ငါလုံခြုံပြီ၊ ဒီအရာသာရှိရင် ငါကျေနပ်ပါပြီ၊ ဒီအရာကို မဆုံးရှုံးရရင် ငါအဆင်ပြေပြီ" လို့ ပြောတတ်ကြပါတယ်။

ဒါပေမဲ့ မြေကြီးပေါ်က ဘဏ္ဍာတွေက ကျွန်မတို့ ကို ယာယီလုံခြုံမှု ပေးနိုင်ပေမဲ့ ထာဝရလုံခြုံမှုကိုတော့ မပေးနိုင်ပါဘူး မိတ်ဆွေ ။

ကျွန်မတို့ရဲ့နှလုံးသားကို အဲ့ဒီအရာတွေနဲ့ မချည်နှောင်သင့်ပါဘူး။

ဒါကြောင့် ယေရှုခရစ်တော်ဘုရားက မြေကြီးပေါ်မှာပဲ စုဆောင်းနေဖို့ မပြောဘဲ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို စည်းဖူးဖို့ သွန်သင်ထားတာ ဖြစ်ပါတယ်။

ဒါဆိုရင် ကောင်းကင်ဘဏ္ဍာဆိုတာ ဘာလဲ။

ဘုရားသခင်ကို ပထမဦးစားပေးတဲ့ အသက်တာ၊ ဘုရားသခင်ကို ချစ်ပြီး နားခံလိုက်လျှောက်တဲ့ အသက်တာ၊ လူတွေကို ချစ်ပြီး ကောင်းကြီးဖြစ်စေတဲ့ အသက်တာ၊ ဘုရားနိုင်ငံတော်အတွက် မိမိရဲ့အချိန်၊ အားအင်၊ ပိုင်ဆိုင်မှု စတဲ့အရာတွေကို အသုံးပြုအစေခံတဲ့ အသက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေ ၊ ဒီနေ့ ကျွန်မတို့ အရမ်းကြိုးစားပြီး စုဆောင်းနေခဲ့တဲ့ အရာတွေက ဘာတွေလဲ၊ ဘာအတွက်လဲ။

ကောင်းကင်ဘဏ္ဍာကိုသာ စည်းဖူးရင်း သင့်ကို ဘုရားသခင်ကြီးစွာ အသုံးပြုနိုင်ဖို့ ဒီနေ့ပဲ နှလုံးသားကို ဘုရားသခင်အတွက် ပြန်ပြီး အသက်ရှင်ကြရအောင်။

မတည်မြဲတဲ့ အရာတွေပေါ်မှာ သင့်နှလုံးသားကို မတည်ဆောက်လိုက်ပါနဲ့။

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။