• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၃ အောက် ၂၀၂၆

ဘုရားသခင်အတွက် အလုပ်လုပ်နေရင်း ဘုရားကို မေ့နေပြီလား?

ထုတ်ဝေသည့်ရက်စွဲ ၀၃ အောက် ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ဘုရားသခင်အတွက် အများကြီး လုပ်ဆောင်နေပေမဲ့ သူနဲ့အချိန်ယူဖို့တော့ မေ့နေတတ်ပါတယ်။

ဆုတောင်းချက်တွေ ရှိတယ်။ လုပ်စရာတာဝန်တွေ ရှိတယ်။ ဖြည့်ဆည်းရမယ့် လိုအပ်ချက်တွေလည်း ရှိတယ်။

ဒါပေမဲ့ ဘုရားသခင်က သင့်ရဲ့ လုပ်ဆောင်ချက်တွေထက် သင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို လိုချင်တော်မူပါတယ်။

ယေရှုက

“ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​ချစ်၏။ ငါ၏​ချစ်​ခြင်း​မေ​တ္တာ၌ တည်​နေ​ကြ​လော့။-” ‭‭ရှင်ယောဟန်‬ ‭15‬:‭9

လို့ မိန့်တော်မူခဲ့ပါတယ်။

ဒီစကားကို သတိထားကြည့်ပါ။

ယေရှုက “ငါ့ရဲ့ ချစ်ခြင်းမေတ္တာကို ရရှိဖို့ ပိုကြိုးစားကြ” လို့ မပြောပါဘူး။

“ငါ၏ မေတ္တာ၌ တည်နေကြလော့” လို့ ပြောခဲ့တာပါ။

ချစ်ခြင်းမေတ္တာကို သိရုံနဲ့ မလုံလောက်ပါဘူး။

အဲ့ဒီချစ်ခြင်းမေတ္တာထဲမှာ နေ့စဉ် အသက်ရှင်ဖို့လည်း လိုပါတယ်။

မိတ်ဆွေ ရေ…

ဘုရားသခင်နဲ့ ရင်းနှီးဖို့ အထူးအခြေအနေတစ်ခုကို စောင့်နေစရာ မလိုပါဘူး။

ဒီမနက်မှာပဲ သူနဲ့ စကားပြောနိုင်ပါတယ်။

ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီး ခဏငြိမ်သက်စွာ နေနိုင်ပါတယ်။

တစ်နေ့တာရဲ့ အလုပ်တွေကြားမှာလည်း ကိုယ်တော်ရဲ့ မျက်မှောက်တော်ကို သတိရနိုင်ပါတယ်။

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ သင် ရံဖန်ရံခါ လာရောက်လည်ပတ်ရမယ့်နေရာ မဟုတ်ပါဘူး။ သင် နေ့စဉ် အသက်ရှင်ရမယ့်နေရာပါ။

ဒီနေ့ ဘုရားသခင်အတွက် ဘာတွေလုပ်ပေးရမလဲဆိုတာ မစဉ်းစားခင် ကိုယ်တော်နဲ့အတူ အချိန်ယူဖို့ ရွေးချယ်လိုက်ပါ။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်

“အဖဘုရား… ကိုယ်တော်အတွက် အလုပ်လုပ်နေရင်း ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို မမေ့လျော့စေပါနဲ့။ ယေရှုရဲ့ ချစ်ခြင်းမေတ္တာထဲမှာ နေ့စဉ်တည်နေပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကို နာခံတတ်ဖို့ ကူညီပေးတော်မူပါ။ ကိုယ်တော်နဲ့အတူ အသက်ရှင်ခြင်းဟာ ကျွန်ုပ်ရဲ့ အကြီးမားဆုံး ဝမ်းမြောက်ခြင်း ဖြစ်ပါစေ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။