• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၂ အောက် ၂၀၂၆

သင့်ကို ချစ်လို့ပဲ ပြောင်းလဲစေချင်တာပါ

ထုတ်ဝေသည့်ရက်စွဲ ၀၂ အောက် ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်လုပ်ချင်တာအားလုံးကို လက်ခံပေးခြင်းလို့ ထင်မိတတ်ပါတယ်။

ဒါပေမဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက အဲ့ဒီထက် ပိုနက်ရှိုင်းပါတယ်။

ဥပမာ-ကိုယ်ချစ်တဲ့သူတစ်ယောက်ဟာ သူ့ကိုယ်သူ ထိခိုက်စေမယ့် လမ်းတစ်ခုကို လျှောက်နေတယ်ဆိုရင် ကျွန်တော်တို့ ငြိမ်ငြိမ်လေး ကြည့်နေကြမှာလား?

မဟုတ်ပါဘူး။

သူ့ကို ချစ်လို့ပဲ သတိပေးမယ်။ မှန်ကန်တဲ့လမ်းကို ပြန်ရောက်စေချင်မယ်။

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာလည်း အဲ့ဒီလိုပါပဲ။

သမ္မာကျမ်းစာက

“ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။-” ‭‭ဟေဗြဲ‬ ‭12‬:‭6‬ လို့ ဆိုထားပါတယ်။

မိတ်ဆွေ ရေ…

ဘုရားသခင်က သင့်ကို ချစ်တဲ့အတွက် သင်ရှိနေတဲ့နေရာမှာပဲ ရပ်တန့်နေစေချင်တာ မဟုတ်ပါဘူး။

သင့်ရဲ့ အသက်တာကို သူနဲ့ ပိုမိုတူလာစေချင်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။

တစ်ခါတစ်ရံ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်တော်တို့ရဲ့ အမှားကို ဖော်ပြပေးတယ်။

တစ်ခါတစ်ရံ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ရဲ့ သဘောထားတွေကို ပြုပြင်ပေးတယ်။

အဲ့ဒီအချိန်မှာ မသက်မသာ ခံစားရနိုင်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က သင့်ကို အရှက်ရစေဖို့ မဟုတ်ပါဘူး။

သင့်ကို သူ့ရဲ့ သားသမီးတစ်ယောက်အဖြစ် ပိုမိုရင့်ကျက်လာစေဖို့ပါ။

ဒါကြောင့် ဒီနေ့ ဘုရားသခင်က သင့်အသက်တာထဲက အရာတစ်ခုကို ပြုပြင်ပေးနေတယ်ဆိုရင် ကိုယ်တော်ထံကနေ ထွက်မပြေးပါနဲ့။

ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ယုံကြည်ပြီး ကိုယ်တော်နဲ့အတူ ပြောင်းလဲလာဖို့ ရွေးချယ်လိုက်ပါ။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်

“အဖဘုရား… ကျွန်ုပ်ကို ချစ်တော်မူရုံသာမက ပိုမိုရင့်ကျက်လာစေချင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ရဲ့ အသက်တာထဲမှာ ပြုပြင်ဖို့ လိုအပ်တဲ့အရာတွေကို မြင်နိုင်ဖို့ ကူညီပေးတော်မူပါ။ ကိုယ်တော်ရဲ့ ဆုံးမခြင်းကို ငြင်းပယ်မနေဘဲ ကိုယ်တော်နဲ့ ပိုမိုတူလာစေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။