• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၁ အောက် ၂၀၂၆

ဘုရားကချစ်တယ်ဆိုရင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ကြုံတွေ့စေတာလဲ?

ထုတ်ဝေသည့်ရက်စွဲ ၀၁ အောက် ၂၀၂၆

ဘဝမှာ အရမ်းခက်ခဲတဲ့အချိန်တွေ ကြုံလာတဲ့အခါ ဘုရားသခင်ကို မေးခွန်းတစ်ခု မေးမိတတ်ပါတယ်။

“ကိုယ်တော် ကျွန်တော့်ကို ချစ်တယ်ဆိုရင် ဘာကြောင့် ဒီအရာကို ကြုံတွေ့ခွင့်ပြုတာလဲ?”

တစ်ခါတစ်ရံ ဆုတောင်းချက်တွေ အဖြေမရသေးဘူး။ အခြေအနေတွေကလည်း ပိုဆိုးလာသလို ခံစားရတယ်။

ဒီလိုအချိန်မှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သံသယဝင်မိနိုင်ပါတယ်။

ဒါပေမဲ့ မိတ်ဆွေ ရေ…

ဘုရားသခင် သင့်ကို ချစ်တယ်ဆိုတာ သင် နာကျင်မှုတွေ ဘယ်တော့မှ မကြုံရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

ရောမ ၈:၃၈–၃၉ မှာ ပေါလုက သေခြင်း၊ အသက်ရှင်ခြင်းနဲ့ ဖန်ဆင်းထားတဲ့ ဘယ်အရာကမှ ကျွန်တော်တို့ကို ယေရှုခရစ်တော်၌ ရှိတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ မကွဲကွာစေနိုင်ဘူးလို့ ပြောထားပါတယ်။

ဒီစကားကို ပြောခဲ့တဲ့ ပေါလုဟာ ဆင်းရဲဒုက္ခ မကြုံဖူးတဲ့သူ မဟုတ်ပါဘူး။

သူ့အသက်တာမှာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆုံးရှုံးမှုနဲ့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။

ဒါပေမဲ့ သူ သင်ယူခဲ့တာက

နာကျင်မှုတွေ ရှိနေပေမဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက သူ့ကို စွန့်ပစ်မထားဘူး ဆိုတာပါပဲ။

မိတ်ဆွေ ရေ…

ဒီနေ့ သင့်ရဲ့ မေးခွန်းအားလုံးအတွက် အဖြေ ရချင်မှ ရပါလိမ့်မယ်။

ဘာကြောင့် ဒီအရာတွေ ဖြစ်နေရသလဲဆိုတာလည်း နားလည်ချင်မှ နားလည်လိမ့်မယ်။

ဒါပေမဲ့ သင် နားမလည်သေးတဲ့ အခြေအနေကြားမှာတောင် သင့်ကို ချစ်တဲ့ ဘုရားသခင်ထံ ချဉ်းကပ်နိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ သင့်ရဲ့ နာကျင်မှုကို ဖုံးကွယ်မထားပါနဲ့။ ကိုယ်တော်ထံ ယူလာပါ။

သင့်ရဲ့ အခြေအနေ မပြောင်းလဲသေးပေမဲ့ ဘုရားသခင်နဲ့ သင်ကြားက ဆက်ဆံရေးဟာ ဒီအခက်အခဲကြားမှာ သာ၍ နက်ရှိုင်းလာစရာအကြောင်းရှိပါတယ်။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်

“အဖဘုရား… ကျွန်ုပ် နားမလည်နိုင်တဲ့ အခြေအနေတွေကြားမှာ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို သံသယဝင်မိတဲ့အခါ ရှိပါတယ်။ ကျွန်ုပ်ရဲ့ နာကျင်မှုနဲ့ မေးခွန်းတွေကို ကိုယ်တော်ထံ ယူလာပါတယ်။ အခြေအနေတွေကြားမှာ ကိုယ်တော် ကျွန်ုပ်နဲ့အတူ ရှိတော်မူကြောင်း ပိုမိုသိကျွမ်းနိုင်ဖို့ ကူညီပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။