• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၃၀ စက် ၂၀၂၆

လူတွေ မသိတဲ့ သင့်အကြောင်းကို ဘုရားသခင် သိတယ် ❤️

ထုတ်ဝေသည့်ရက်စွဲ ၃၀ စက် ၂၀၂၆

လူတွေကြားမှာ ရှိနေပေမဲ့ ကိုယ့်ကို ဘယ်သူမှ တကယ်နားမလည်ဘူးလို့ ခံစားဖူးပါသလား?

အပြင်ပန်းမှာ ပြုံးနေပေမဲ့ အတွင်းမှာတော့ ပင်ပန်းနေတယ်။

“အဆင်ပြေရဲ့လား?” လို့ မေးတဲ့အခါ “အဆင်ပြေပါတယ်” လို့ ဖြေလိုက်ပေမဲ့ တကယ်တော့ အဆင်မပြေဘူး။

တစ်ခါတစ်ရံ ကိုယ့်ရဲ့ ခံစားချက်တွေကို ဘယ်လိုရှင်းပြရမလဲဆိုတာတောင် မသိတော့ပါဘူး။

ဒါပေမဲ့ ဒီနေ့ သင့်ကို သိစေချင်တဲ့ အရာတစ်ခုရှိပါတယ်။

သင် မရှင်းပြနိုင်တဲ့အရာတွေကိုတောင် ဘုရားသခင် နားလည်တယ် ဆိုတာပါပဲ။

သမ္မာကျမ်းစာမှာ ဒါဝိဒ်က

“အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။” ဆာလံ 139:1 လို့ ပြောခဲ့ပါတယ်။

ဘုရားသခင်က သင့်ရဲ့ နာမည်ကိုပဲ သိတာ မဟုတ်ပါဘူး။

သင် ဘာကြောင့် ဝမ်းနည်းနေလဲ၊ ဘာကြောင့် စိုးရိမ်နေလဲ၊ ဘယ်အရာကိုတော့ ဘယ်သူ့ကိုမှ မပြောရဲဘဲ ဖုံးကွယ်ထားလဲဆိုတာကိုလည်း သိတဲ့ ဘုရားသခင်ဖြစ်ပါတယ်။

အံ့ဩစရာကောင်းတာက

ဘုရားသခင်ဟာ သင့်အကြောင်း အားလုံးကို သိတာတောင်မှ သင့်ကို ချစ်နေဆဲ ဖြစ်ပါတယ်။

လူတွေက ကျွန်တော်တို့ရဲ့ အကြောင်းအရာတချို့ကို သိသွားတဲ့အခါ သဘောထားပြောင်းလဲသွားနိုင်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်က သင့်ရဲ့ အားနည်းချက်တွေကို သိပြီးသားဖြစ်သလို သင့်ကိုလည်း သူ့ဆီ လာဖို့ ဖိတ်ခေါ်နေပါတယ်။

မိတ်ဆွေ ရေ…

ဒီနေ့ သင့်နှလုံးသားထဲမှာ ဘယ်သူ့ကိုမှ မပြောဖြစ်တဲ့အရာတစ်ခု ရှိနေသလား?

ဘုရားသခင်ရှေ့မှာ ဟန်ဆောင်ဖို့ မလိုပါဘူး။

ဝမ်းနည်းနေရင် ဝမ်းနည်းတယ်လို့ ပြောပါ။ ကြောက်နေရင် ကြောက်တယ်လို့ ပြောပါ။

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ သင့်ရဲ့ စစ်မှန်တဲ့ နှလုံးသားကို ဘုရားသခင်ရှေ့ ဖွင့်ပြတဲ့နေရာကနေ စတင်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။