• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၈ စက် ၂၀၂၆

အချစ်ခံရဖို့ သင် ကြိုးစားနေတုန်းပဲလား? ❤️

ထုတ်ဝေသည့်ရက်စွဲ ၂၈ စက် ၂၀၂၆

တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ လူတွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိဖို့ အများကြီး ကြိုးစားတတ်ကြပါတယ်။

သူတို့ သဘောကျအောင် နေတယ်။ သူတို့ လက်ခံအောင် ကြိုးစားတယ်။ သူတို့ မချစ်တော့မှာကိုလည်း စိုးရိမ်တတ်ကြတယ်။

တစ်ခါတစ်ရံ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကိုတောင် အဲ့ဒီလိုပဲ မြင်မိတတ်ပါတယ်။

“ငါ ပိုကောင်းတဲ့သူ ဖြစ်လာရင် ဘုရားသခင် ငါ့ကို ပိုချစ်မှာပါ” လို့ပေါ့။

ဒါပေမဲ့ မိတ်ဆွေ ရေ…

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ သင် ကြိုးစားပြီး ရယူရမယ့် ဆုလာဘ်တစ်ခု မဟုတ်ပါဘူး။

သင်ဟာ ဘုရားသခင်ကို သိကျွမ်းဖို့၊ သူနဲ့ မိတ်သဟာယဖွဲ့ဖို့နဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာထဲမှာ အသက်ရှင်ဖို့ ဖန်ဆင်းခံထားရသူပါ။

သမ္မာကျမ်းစာက

“တောင်​ကြီး​တို့​သည်​ရွေ့၍၊ တောင်​ငယ်​တို့​သည် လှုပ်​ရှား​သော်​လည်း၊ ငါ၏​မေ​တ္တာ​သည် သင်​မှ​မ​ရွေ့​ရ။ ငါ၏​ငြိမ်​သက်​ခြင်း ပ​ဋိ​ညာဉ်​လည်း မ​လှုပ်​ရှား​ရ​ဟု သင်၌ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။” ဟေရှာယ 54:10

လို့ ဆိုထားပါတယ်။

စဉ်းစားကြည့်ပါ။

တောင်တွေတောင် ရွေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာအကြောင်း ကတိပေးထားပါတယ်။

ဒီနေ့ သင်ဟာ ဘုရားသခင်နဲ့ ဝေးကွာနေသလို ခံစားရနိုင်ပါတယ်။

ဆုတောင်းဖို့တောင် အားမရှိတာ၊ ကိုယ့်ကိုယ်ကို မထိုက်တန်ဘူးလို့ ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သင့်ရဲ့ ခံစားချက်တွေ ပြောင်းလဲသွားတိုင်း ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားတာ မဟုတ်ပါဘူး။

ဒီချစ်ခြင်းမေတ္တာကို ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်မှာ အထင်ရှားဆုံး မြင်တွေ့နိုင်ပါတယ်။

ကိုယ်တော်က ကျွန်တော်တို့ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်လာတဲ့အထိ မစောင့်ခဲ့ပါဘူး။ ကျွန်တော်တို့ အပြစ်သားဖြစ်နေစဉ်မှာပဲ ကျွန်တော်တို့အတွက် အသေခံခဲ့ပါတယ်။ (ရောမ ၅:၈)

မိတ်ဆွေ ရေ…

ဒီနေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရရှိဖို့ ပိုကြိုးစားရမယ်ဆိုတဲ့ စိတ်နဲ့ မစတင်ပါနဲ့။

ယေရှုအားဖြင့် ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို လက်ခံပြီး အဲ့ဒီချစ်ခြင်းမေတ္တာထဲမှာ အသက်ရှင်ဖို့ စတင်လိုက်ပါ။

သင်ဟာ အချစ်ခံရသောသူဖြစ်ပါတယ်။ နောက်နေ့မှာ ပြန်လည်ဆုံတွေ့ကြပါစို့။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။