• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၁ စက် ၂၀၂၆

❤️ စစ်မှန်သောချစ်ခြင်းမေတ္တာ၏ အရင်းအမြစ်

ထုတ်ဝေသည့်ရက်စွဲ ၂၁ စက် ၂၀၂၆

မိတ်ဆွေ၊ ရေ…   ချစ်ခြင်းမေတ္တာဆိုတာ ကျွန်မတို့ဘဝမှာ အလွန်လိုအပ်တဲ့အရာတစ်ခုပါ။

ကျွန်မတို့လူသားတွေက အချစ်ခံချင်တယ် ။  နားလည်ခံချင်တယ်။ တန်ဖိုးထားခံချင်တယ်။ စွန့်ပစ်မခံချင်ကြပါဘူး ။

တစ်ခါတလေ ကျွန်မတို့ရဲ့နှလုံးသားက ဒီလိုမျှော်လင့်ချက်တွေကို လူတွေဆီမှာ ထားမိတတ်ပါတယ်။

“သူက ငါ့ကို တကယ်ချစ်ရဲ့လား?”  “သူက ငါ့ကို စွန့်ပစ်သွားမှာလား?”  “ငါ့ကို နားလည်ပေးမယ့်သူ ရှိပါ့မလား?” ဆိုပြီး တွေးပူမိတတ်ကြပါတယ်

ဒါပေမယ့် ဒီနေ့ စစ်မှန်သောချစ်ခြင်းမေတ္တာရဲ့ အရင်းအမြစ်သည် ဘုရားသခင်ဖြစ်တယ် ဆိုတဲ့ သမ္မာတရားတစ်ခုကို ကျွန်မ သတိပေးချင်ပါတယ် ။

သမ္မာကျမ်းစာထဲမှာ—

“ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။-” ၁ ရှင်ယောဟန် 4:8 JBMLE

ဒီကျမ်းပိုဒ်က  “ဘုရားသခင်မှာ ချစ်ခြင်းမေတ္တာရှိတယ်” လို့သာ မပြောပါဘူး။

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” လို့ ပြောပါတယ်။

ဒါဟာ အလွန်နက်နဲတဲ့ သမ္မာတရားဖြစ်ပါတယ် ။

ဘုရားသခင်ကိုယ်တိုင်က မေတ္တာရဲ့ အရင်းအမြစ်ဖြစ်ပါတယ် ။

မြစ်တစ်စင်းရဲ့ ရေကို သောက်ပြီး အရင်းအမြစ်ကို မေ့သွားလို့ မရပါဘူး။

လူတစ်ယောက်က သင့်ကို ချစ်ပေးတဲ့အခါ အဲဒီချစ်ခြင်းကို ကျေးဇူးတင်လို့ ရပါတယ်။

ဒါပေမယ့် သင့်နှလုံးသားရဲ့ မျှော်လင့်ခြင်းရှိသမျှကို အဲ့လူတစ်ယောက်ပေါ်မှာ တင်ထားဖို့တော့ မဟုတ်ပါဘူး ။ 

ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာက သင့်အတွက် ပြည့်စုံပြီး သစ္စာရှိတဲ့ ချစ်ခြင်းမျိုး ဖြစ်ပါတယ် ။

မိတ်ဆွေ ရေ …

သင်နဲ့ ကျွန်ုပ်ဟာ ချစ်ခြင်းခံထိုက်လို့ ဘုရားသခင်က သင့်ကိုချစ်တာ မဟုတ်ပါဘူး။

သူသည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို ချစ်တော်မူတာပါ။ ❤️

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာက အရင်းအမြစ်ဖြစ်တဲ့ ဘုရားသခင်ကိုယ်တော်တိုင်ပါ ။  

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။