• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၈ စက် ၂၀၂၆

ခွင့်လွှတ်ပြီးရင် ပြန်ယုံကြည်ပေးရမှာလား?

ထုတ်ဝေသည့်ရက်စွဲ ၁၈ စက် ၂၀၂၆

မိတ်ဆွေ ရေ… ကိုယ်ယုံကြည်ခဲ့တဲ့သူတစ်ယောက်က ကိုယ့်ကို နာကျင်စေတဲ့အခါ မေးခွန်းတစ်ခု ပေါ်လာတတ်ပါတယ်။

“ငါ ခွင့်လွှတ်လိုက်ရင် သူ့ကို ပြန်ယုံကြည်ပေးရမှာလား?”

အဖြေကတော့ ခွင့်လွှတ်ခြင်းနဲ့ ယုံကြည်ခြင်းဟာ အတူတူ မဟုတ်ပါဘူး။

ယေရှုက

“သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-” ရှင်မဿဲ 6:12

လို့ သင်ပေးခဲ့ပါတယ်။

ဘုရားသခင်က ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့ ခေါ်တော်မူပါတယ်။

ဒါပေမဲ့

ခွင့်လွှတ်ခြင်းဆိုတာ ပေးရတာဖြစ်ပြီး ယုံကြည်မှုဆိုတာကတော့ ပြန်လည်တည်ဆောက်ရတာဖြစ်ပါတယ်။

ခွင့်လွှတ်ခြင်းက “မင်းလုပ်ခဲ့တာ မှန်တယ်” လို့ ပြောတာ မဟုတ်သလို “ဘာမှမဖြစ်ခဲ့ဘူး” လို့ ဟန်ဆောင်တာလည်း မဟုတ်ပါဘူး။

ခွင့်လွှတ်ခြင်းဆိုတာ တရားစီရင်ခြင်းကို ဘုရားသခင်ရဲ့ လက်ထဲ အပ်လိုက်ခြင်း ဖြစ်ပါတယ်။

ယုံကြည်မှုကတော့ မတူပါဘူး။

ယုံကြည်မှု ပြန်တည်ဆောက်ဖို့ ရိုးသားမှု၊ ပြောင်းလဲမှုနဲ့ အချိန် လိုပါတယ်။

တောင်းပန်တဲ့ စကားတစ်ခွန်းထက် ပြောင်းလဲလာတဲ့ အသက်တာကို ကြည့်ပါ။

မိတ်ဆွေ ရေ…

လူတစ်ယောက်ကို ခွင့်လွှတ်ပြီး သူ့အပေါ် ဉာဏ်ပညာရှိတဲ့ စည်းမျဉ်းတွေ ထားလို့ရပါတယ်။

ခွင့်လွှတ်ပြီး အလျင်စလို ပြန်မယုံကြည်ဘဲ နေလို့လည်း ရပါတယ်။

ခွင့်လွှတ်ခြင်းအတွက် သင့်နှလုံးသား လိုအပ်ပါတယ်။ Relationship ပြန်လည်တည်ဆောက်ဖို့တော့ နှစ်ဖက်စလုံး လိုအပ်ပါတယ်။

ဒါကြောင့်

နာကြည်းမှုကို မကိုင်ထားပါနဲ့။

အဲ့သလိုပြောလိုက်လို့လည်း ယုံကြည်မှုကို အလျင်စလို မပေးလိုက်ပါနဲ့။

ခွင့်လွှတ်ဖို့ ကျေးဇူးတော်ကို တောင်းပါ။ ပြန်ယုံကြည်ဖို့တော့ ဉာဏ်ပညာကို တောင်းပါ။

ဒီနေ့ ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်

“အဖဘုရား… ကျွန်ုပ်ကို နာကျင်စေခဲ့သူကို ခွင့်လွှတ်နိုင်ဖို့ ကျေးဇူးတော်ပေးတော်မူပါ။ နာကြည်းမှုနဲ့ အသက်မရှင်ဘဲ ဘယ်သူ့ကို ပြန်ယုံကြည်သင့်တယ်၊ ဘယ်နေရာမှာ boundaries ထားသင့်တယ်ဆိုတာ သိနိုင်ဖို့ ဉာဏ်ပညာပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။