• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၇ စက် ၂၀၂၆

သူလုပ်ခဲ့တဲ့အရာက သင့်ဘဝကို ဆက်ပြီး ထိန်းချုပ်နေသေးလား?

ထုတ်ဝေသည့်ရက်စွဲ ၁၇ စက် ၂၀၂၆

မိတ်ဆွေ ရေ… တစ်ခါတစ်ရံ လူတစ်ယောက်က ကိုယ့်ဘဝထဲက ထွက်သွားပြီးသား ဖြစ်ပေမဲ့ သူလုပ်ခဲ့တဲ့အရာကတော့ ကိုယ့်အထဲမှာ ဆက်ပြီး နေရာယူထားတတ်ပါတယ်။

သူက မေ့သွားလောက်ပြီ။

ဒါပေမဲ့ ကိုယ်ကတော့ ပြန်တွေးမိတိုင်း ဒေါသထွက်နေတုန်း။ နာကျင်နေတုန်း။ စိတ်ထဲမှာ သူနဲ့ စကားများနေတုန်း။

အဲ့ဒီအခါ ကျွန်တော်တို့ သတိမထားမိတဲ့ အရာတစ်ခု ဖြစ်လာတတ်ပါတယ်။

သူက ကိုယ့်ဘဝထဲမှာ မရှိတော့ပေမဲ့ သူလုပ်ခဲ့တဲ့အရာက ကိုယ့်နှလုံးသားကို ဆက်ပြီး ထိန်းချုပ်နေတယ်။

ဒါကြောင့် ယေရှုက

“သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-” ရှင်မဿဲ 5:44

လို့ သင်ပေးခဲ့ပါတယ်။

ဒါဟာ ဖြစ်ခဲ့တဲ့အရာကို ပေါ့ပေါ့တန်တန် သဘောထားခိုင်းတာ မဟုတ်ပါဘူး။

သူတို့ရဲ့ အပြစ်ကြောင့် သင့်နှလုံးသားပါ သူတို့နဲ့အတူ ဆက်ပြီး ချည်နှောင်မနေဖို့ပါ။

ခွင့်လွှတ်ခြင်းဆိုတာ

“မင်းလုပ်ခဲ့တာ မနာကျင်ပါဘူး” လို့ ပြောတာ မဟုတ်ပါဘူး။

“မင်းလုပ်ခဲ့တဲ့အရာကို ငါ့နှလုံးသားနဲ့ ငါ့အနာဂတ်ကို ဆက်ပြီး ထိန်းချုပ်ခွင့် မပေးတော့ဘူး”

လို့ ဆုံးဖြတ်ခြင်းပါ။

မိတ်ဆွေ ရေ…

သင့်ကို နာကျင်စေခဲ့သူက သင့်ဆီက အရာတချို့ကို ယူသွားခဲ့ပြီးသား ဖြစ်နိုင်ပါတယ်။

သင့်ရဲ့ ဒီနေ့ကိုပါ သူ့ကို ထပ်မပေးလိုက်ပါနဲ့။

သူ့ကို ဘုရားသခင်ရဲ့ လက်ထဲ အပ်လိုက်ပါ။

တရားစီရင်ခြင်းကို ဘုရားသခင်ထံ အပ်ပြီး သင့်နှလုံးသားကို လွတ်လပ်စွာ အသက်ရှင်ခွင့်ပေးလိုက်ပါ။

ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်

“အဖဘုရား… ကျွန်ုပ်ကို နာကျင်စေခဲ့တဲ့အရာတွေကြောင့် ကျွန်ုပ်ရဲ့ နှလုံးသားကို ဆက်ပြီး ချည်နှောင်မနေချင်တော့ပါ။ ကျွန်ုပ်ကို နာကျင်စေခဲ့သူကို ကိုယ်တော်ရဲ့ လက်ထဲ အပ်ပါတယ်။ သူလုပ်ခဲ့တဲ့အရာက ကျွန်ုပ်ရဲ့ ဒီနေ့နဲ့ အနာဂတ်ကို ဆက်ပြီး ထိန်းချုပ်ခွင့်မရစေဖို့ ကူညီပေးတော်မူပါ။ ကိုယ်တော်ပေးတဲ့ လွတ်လပ်ခြင်းထဲမှာ အသက်ရှင်နိုင်ဖို့ ကျေးဇူးတော်ပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။