• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၄ စက် ၂၀၂၆

ဘုရားသခင်ရဲ့ အမှုတော်မှာ သင့်ရဲ့ အရည်အချင်းတွေကို အသုံးပြုပါ...

ထုတ်ဝေသည့်ရက်စွဲ ၁၄ စက် ၂၀၂၆

ဘုရားသခင်က သင့်ကို အရည်အချင်းတခုခု ပေးထားတယ်ဆိုရင် အဲဒါကို ဘုရားရဲ့ ဘုန်းတော်အတွက် အသုံးပြုလိုက်ပါ! ဘာကြောင့်လဲ သိပါသလား? 

ဒီအရာဟာ ဘုရားသခင်အတွက် ဂုဏ်ပြုရင်း ကျွန်မတို့ ပေးအပ်နိုင်သမျှ အားလုံး ပေးနေခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ အလှပဆုံးသော ဘုရားဖြစ်တဲ့အတွက် လှပတဲ့ ၊ ကောင်းမွန်တဲ့ အရာရှိသမျှဟာ သူနဲ့ပဲ ထိုက်တန်နေတာ ဖြစ်ပါတယ်။ 

ဒါလေးကို ဆင်ခြင်ကြည့်ရအောင် ! 

ဘုရားသခင် ကိုယ်တိုင်ကလည်း ဒီကမ္ဘာကြီးကို ဖန်ဆင်းတဲ့နေရာမှာ ထူးခြားတဲ့ လှပတဲ့ သူ့ရဲ့ ဖန်ဆင်းခြင်းကို ပြသခဲ့ပါတယ်။ နေဝင်ချိန်ရဲ့ အလှအပ ဒါမှမဟုတ် သမုဒ္ဒရာရဲ့ ခမ်းနားတဲ့ လှပတဲ့ မြင်ကွင်းကို မချီးကျူးမိတဲ့သူ ဘယ်သူရှိလို့လဲ?

ဓမ္မဟောင်းကျမ်းမှာ ဘုရားသခင်က ဗေဇလေလ ဆိုတဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို တဲတော်ဆောက်ဖို့အတွက် ရွေးချယ်ခဲ့ပါတယ်။ 

“သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။”

‭‭ထွက်မြောက်ရာ‬ ‭31‬:‭3‬-‭5‬

ဘုရားသခင်က "ငါပေး၍ ... ပြည့်စုံစေ၏" လို့ မိန့်တော်မူတာက လူသားတွေဆီမှာ ရှိတဲ့ ဒီလို ထူးချွန်တဲ့ အနုပညာတွေ ၊ အရည်အချင်း တွေကို ကိုယ်တော်တိုင် ပေးထားတာ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ် ။ ဘုရားသခင်ရဲ့  အလိုတော်ကတော့ ကျွန်မတို့က ဒီအရည်အချင်းတွေကို ဘုရားသခင်နိုင်ငံတော်ရဲ့ အမှုတော် ဆောင်တဲ့ အရာတွေမှာ အသုံးပြုဖို့ပါပဲ။

မိတ်ဆွေ ရေ …

သင်ဟာ သီချင်းဆိုတတ်သလား၊ ကတတ်သလား၊ တူရိယာတီးတတ်သလား၊ ပန်းချီဆွဲတတ်သလား၊ ဒါမှမဟုတ် စာရေးတတ်သလား? 

သင့်ရဲ့ အရည်အချင်းက ဘာပဲဖြစ်ဖြစ်၊ ဘုရားသခင် သင့်ကို ထားရှိတဲ့ နေရာမှာ အဲဒီ့အရာတွေကို အသုံးပြုဖို့ ကျွန်မ ခွန်အားပေးချင်ပါတယ်။ သင့်ရဲ့ အမှုဆောင်ခြင်းဟာ ဘုရားသခင်ကို ဝမ်းမြောက်စေပါတယ်!

ကိုယ်တော့်ကိုချစ်ပြီး အခုပဲ အမှုဆောင်ဖို့ ဆုံးဖြတ်လိုက်ပါ  မိတ်ဆွေ!

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။