• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၃ စက် ၂၀၂၆

ဘုရားသခင် တံခါး ဖွင့်ပေးနေပါတယ် … 

ထုတ်ဝေသည့်ရက်စွဲ ၁၃ စက် ၂၀၂၆

တမန်တော်ကြီး ရှင်ပေါလုဟာ ဘုရားသခင်၏ နိုင်ငံတော်အတွက် ကြီးစွာသောအမှုကို ဆောင်ရွက်ခဲ့သူ ဖြစ်သလို တစ်ဖက်မှာလည်း တဲရှင်ချုပ်တဲ့ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ် ။ 

ကျမ်းစာကို သေချာ လေ့လာကြည့်ရင် ပေါလုဟာ ကောရိန္သုမြို့ကို ရောက်ရှိတဲ့အခါ အတတ်ပညာချင်း တူတဲ့ အာကုလ နှင့် ပြစ်ကိလ ဆိုတဲ့ ဇနီးမောင်နှံနဲ့ ဆုံစည်းခဲ့ရပါတယ် ။ ပေါလုဟာ သူတို့နဲ့အတူ တည်းခိုပြီး တဲရှင်ချုပ်တဲ့ အလုပ်ကို အတူတူ လုပ်ကိုင်ခဲ့ပါတယ် ။ အဲဒီလို သစ္စာရှိစွာ လုပ်ကိုင်ရင်း ၊ ဥပုသ်နေ့တိုင်းမှာလည်း တရားဇရပ်ကို သွားရောက်ပြီးတော့ ယုဒလူတွေရော ဟေလသလူတွေကိုပါ သခင်ယေရှုခရစ်တော် အကြောင်း ရဲရဲရင့်ရင့် ဟောပြောဆွေးနွေးပြီး အမှုဆောင်ခဲ့တာ ဖြစ်ပါတယ် ။

ဘုရားသခင်ဟာ ပေါလုရဲ့ အဲဒီ့ တဲရှင်ချုပ်တဲ့ အလုပ်အားဖြင့်လည်း ဧဝံဂေလိတရား ဝေမျှဖို့ အံ့ဩဖွယ်ရာ တံခါးတွေ ဖွင့်ပေးခဲ့တာကိုလည်း တွေ့ရတာ ဖြစ်ပါတယ် ။

ဒီနေ့မှာ မေးခွန်းလေးတစ်ခု မေးချင်ပါတယ် …

မိတ်ဆွေ ရော ဘာအလုပ်လုပ်တွေ လုပ်ဆောင်နေပါသလဲ ? 

သင့်ရဲ့ လုပ်ငန်းခွင် ၊ ရောက်လေရာ မြို့ရွာတိုင်းမှာ ဘုရားသခင်က အမှုဆောင်ခြင်းနဲ့ သက်ဆိုင်တဲ့ တံခါးတွေ ဖွင့်ပေးထားပါတယ် ။ အမှုဆောင်ခြင်းဆိုတာ ကျွန်မတို့လို အချိန်ပြည့်အမှုဆောင်တွေပဲ လုပ်ရတာ မဟုတ်ပါဘူး ။ 

သင်သည်လည်း ဘုရားသခင်ရဲ့ အမှုတော်ဆောင် ဖြစ်ပါတယ် ။ သင်သွားရမယ့် နေရာတိုင်းမှာ ဘုရားသခင်ဟာ လွတ်မြောက်ခြင်းနဲ့ ဆိုင်သော ၊ ကျန်းမာခြင်းနဲ့ဆိုင်သော ၊ ငြိမ်သက်ခြင်းနဲ့ဆိုင်သော တံခါးတွေကို သူကိုယ်တိုင် ဖွင့်ထားပေးပါတယ် ။ 

သင်ကိုယ်တိုင်က အဲ့ဒီ တံခါးပေါက်တွေက ငါ့အတွက် ဖြစ်တယ်ဆိုတာ ယုံကြည်ပြီး အမှုဆောင်ခြင်းအရာမှာ ရဲရင့်စွာ လုပ်ဆောင်လိုက်ပါ ။ ဒါလေးကို စိတ်ချပါ …

သင်နှင့် အတူ ဘုရားသခင် ရှိနေပါတယ်  မိတ်ဆွေ ရေ… 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။