တစ်နေရာရာကနေ စတင်ရမယ် မိတ်ဆွေ!
“ငါက ဘာလို့ ဒီစာအုပ်ကို စရေးရမှာလဲ?”
“တခြားလူတွေက ငါ့ထက် ပိုတော်ကြတာပဲ”
“စင်ပေါ်မှာ နှုတ်ကပါတ်တော်ကို ဘယ်လို ဟောရမှာလဲ ?”
“မိသားစုတစ်ခု တည်ထောင်ဖို့ Ready မဖြစ်သေးဘူး! ”
“ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါဦး ၊ ပြည့်စုံတဲ့သူမဟုတ်သေးဘူးလေ” ဆိုတဲ့ မေးခွန်းမျိုးတွေကို ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပြီး ဆုံးဖြတ်ဖူးပါသလား ?
ကလေးဘဝက လမ်းမလျှောက်တတ်ခင်ပြေးဖူးတဲ့သူမရှိပါဘူး ။
စကားမပြောတတ်ခင် သီချင်းမဆိုဖူးပါဘူး ။
ဒီလိုပဲ ကြီးမားတဲ့ အောင်မြင်မှုတွေ အားလုံးဟာ လည်း တစ်နေရာရာကနေ စတင်ခဲ့ကြရတာချည်းပါပဲ။
ဘုရားသခင်က သင့်နှလုံးသားထဲမှာ ထည့်ပေးထားတဲ့ ရူပါရုံတွေကလည်း တစ်နေရာကနေပဲ စတင်ရတာပါ ။
“သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။” ယောရှု 1:9
ဒီနေ့မှာတော့ အဲ့ဒီ မရေရာ မသေချာခြင်းတွေ ၊ ဘယ်အရာကိုမဆို လက်တွေ့ကျကျ ဘုရားသခင်နဲ့ အတူ ဖြတ်သန်းလိုက်ဖို့ ကျွန်မ အားပေးချင်ပါတယ်။
မိတ်ဆွေ ရေ... ဘုရားသခင်နဲ့အတူ သင် လုပ်နိုင်ပါတယ်! ပြီးတော့ သင်ဟာ အဲဒီကဏ္ဏမှာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်!
အတူတကွ ဘုရားသခင်ရဲ့ လက်တော်ထဲ ဆက်ကပ်အပ်နှံလိုက်ရအောင် …
“အဖဘုရား၊ ကိုယ်တော့်ရဲ့ခေါ်ခြင်းကို ကျွန်ုပ် တုံ့ပြန်ပါတယ်!
ကျွန်ုပ် ဘဝအတွက် ကိုယ်တော့်မှာ အကြံအစည်တော်ရှိကြောင်း ၊ ကိုယ်တော့်ဘုန်းတော်အတွက် သီးခြားအမှုတွေကို လုပ်ဆောင်ဖို့ ကျွန်ုပ်ကို ခေါ်ထားကြောင်း ယုံကြည်ပါတယ်။ ကိုယ်တော့်ကိုပဲ ယုံကြည်ကိုးစားပါတယ်။ ကျွန်ုပ်ကို ခွန်အားနဲ့ အစွမ်းသတ္တိ ပြည့်ဝစေပါ။ ကိုယ်တော်နှစ်သက်တဲ့ အမှုတွေကို လုပ်ဆောင်ချင်သော နှလုံးသား ကိုလည်း အစဉ်မပြတ် ပေးသနားတော်မူပါ … ယေရှုနာမ၌ ဆုတောင်းပါ၏ ။ အာမင်။”
ဘုရားသခင်နဲ့ အတူတူစတင်လိုက်ပါ 🤍