မဖြစ်လာမှာ မစိုးရိမ်ပါနဲ့ မိတ်ဆွေ!
မနေ့က ကျွန်မတို့ရဲ့ ရူပါရုံတွေဟာ လက်လှမ်းမမှီလောက်အောင် ဝေးကွာ မနေဘူးဆိုတာကို လေ့လာဆင်ခြင်ခဲ့ကြပါတယ် ။ ဒီနေ့မှာတော့ သင့်ကို ဘုရားပေးတဲ့ ရူပါရုံတွေ ဖြစ်လာပါ့မလား ၊ ဘယ်တော့ဖြစ်လာမှာလဲ ဆိုပြီး စိုးရိမ်ခြင်းတွေကို အဆုံးသတ်လိုက်ဖို့ ဆင်ခြင်ကြဖို့ ဖြစ်ပါတယ် ။
အဲဒီရူပါရုံတွေကို အကောင်အထည် ဖော်နိုင်ဖို့က ဖြစ်ကို ဖြစ်လာမှာပါ ။ ဘုရားသခင်ကို စိတ်ချယုံကြည်ခြင်းကပဲ သင့်ကို သက်သာစေပါလိမ့်မယ် ။
ဒီနေ့မှာတော့ သင်လုပ်ဆောင်နိုင်မယ့် အရာလေးတွေ ရှိပါတယ် -
-
သင့်ရဲ့ ရူပါရုံ ကို စာနဲ့ ရေးချပါ။
-
အဲဒီ့ ရူပါရုံ အကြောင်း ဘုရားသခင်နဲ့အတူ ဆုတောင်းပြီး စကားပြောပါ။
-
လက်တွေ့ဖြစ်လာဖို့အတွက် သင်ကိုယ်တိုင် စတင်လုပ်ဆောင်ပါ။
ကျရှုံးမှာကို မကြောက်ပါနဲ့။ မဖြစ်လာမှာ မစိုးရိမ်ပါနဲ့ ။ အောင်မြင်မှု မရသေးရင်တောင် သင်ဟာ အတိတ်က အမှားတွေဆီကနေ သင်ခန်းစာယူနိုင်ပြီး နောက်တစ်ကြိမ်မှာ ပိုကောင်းအောင် လုပ်ရင်း ပြောင်းလဲခြင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ဘုရားသခင်က သူပေးထားတဲ့ ရူပါရုံကို အသက်ဝင်လာအောင် သင်ကိုယ်တိုင် ခြေလှမ်းလှမ်းပြီး လုပ်ဆောင်စေချင်ပါတယ် ။
ဘာမှ စပြီး မလုပ်ရဲသေးရင် ယုံကြည်ခြင်းနဲ့ စတင်လိုက်ပါ ။
“ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။-” ဟေဗြဲ 11:1
ဘုရားသခင်ဟာ ယုံကြည်ဖို့ ထိုက်တန်တဲ့ ဘုရားပါ ။ သင့်ရဲ့ ယုံကြည်ခြင်းကပဲ သင့်ကို ခြေလှမ်းလှမ်းရဲစေလိမ့်မယ် ။ စိုးရိမ်ခြင်းကတော့ ခြေလှမ်းတွေကို ရပ်တန့်စေပါလိမ့်မယ် ။
ဒါကြောင့် မိတ်ဆွေ ရေ... သင့်ရဲ့ ရူပါရုံအတိုင်း သင်ယုံရဲပါသလား ?
ဘုရားကတော့ သင့်အတွက် အမှုသစ်တွေ ပြုပေးဖို့ အဆင်သင့်ရှိနေပါတယ် ။
ရင်မဆိုင်ခင် အားမလျော့လိုက်ပါနဲ့ မိတ်ဆွေ 🤍