• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၇ စက် ၂၀၂၆

မိတ်ဆွေ  ရေ… ဘုရားသခင် သင့်ကို မျက်ခြည်မပြတ် ကြည့်နေတယ်ဆိုတာ သိပါသလား?

ထုတ်ဝေသည့်ရက်စွဲ ၀၇ စက် ၂၀၂၆

တစ်ယောက်ယောက်က ကိုယ့်ကို အမြဲစောင့်ကြည့်နေတယ်လို့ ခံစားရတဲ့အခါ စိတ်မလုံခြုံဖြစ်တတ်ပါတယ်။ အမှားလုပ်မိမှာ ကြောက်တယ်။ သူများတွေ ကိုယ့်အပေါ် ဘယ်လိုမြင်မလဲဆိုတာ စိုးရိမ်မိတယ်။

ဒါပေမဲ့ ဒီနေ့ သင့်ကို ပြောချင်တဲ့ အရာတစ်ခုရှိပါတယ်။

ဘုရားသခင်လည်း သင့်ကို မျက်ခြည်မပြတ် ကြည့်နေတော်မူပါတယ်။

ဒါပေမဲ့ သင့်ရဲ့ အမှားကို ဖမ်းဖို့ စောင့်ကြည့်နေတာ မဟုတ်ပါဘူး။

သင့်ကို ချစ်လို့၊ ဂရုစိုက်လို့၊ စောင့်ရှောက်ဖို့ ကြည့်နေတော်မူတာပါ။

ဒါဝိဒ်က ဘုရားသခင်ထံ ဒီလို ဆုတောင်းခဲ့ပါတယ်။

“အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​လူ​ဆိုး​တည်း​ဟူ​သော အ​ကျွန်ုပ်​ကို ဝိုင်း၍​သတ်​လို​သော ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို လွတ်​စေ​ခြင်း​ငှာ၊ မျက်​ဆန်​ကဲ့​သို့ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ။ အ​တောင်​တော်​အ​ရိပ်​ထဲ​မှာ ဖုံး​အုပ်​တော်​မူ​ပါ။” ‭‭ဆာလံ‬ ‭17‬:‭8‬-‭9‬ 

မိတ်ဆွေ ရေ… မျက်ဆန်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အလွန်နူးညံ့ပြီး အဖိုးတန်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ တစ်စုံတစ်ခု မျက်စိနားကို ရောက်လာတာနဲ့ မစဉ်းစားရသေးခင်မှာတောင် အလိုအလျောက် ကာကွယ်လိုက်တတ်ပါတယ်။

ဒါဝိဒ်က

“ဘုရားသခင်… ကျွန်ုပ်ကို အဲ့ဒီလို စောင့်ရှောက်တော်မူပါ”

လို့ ဆုတောင်းနေတာပါ။

ဒီနေ့မှာ သင်ဟာ ဘယ်သူမှ ကိုယ့်ကို နားမလည်ဘူးလို့ ခံစားနေရနိုင်ပါတယ်။ သင် ဘယ်လောက်ပင်ပန်းနေတယ်ဆိုတာ ဘယ်သူမှ မသိဘူးလို့ ထင်နေနိုင်ပါတယ်။ လူတွေ သတိမထားမိတဲ့ သင့်ရဲ့ မျက်ရည်တွေ၊ သင် တစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ အရာတွေ၊ ဘယ်သူ့ကိုမှ မပြောဖြစ်တဲ့ စိုးရိမ်မှုတွေ ရှိနေနိုင်ပါတယ်။

ဒါပေမဲ့ ဘုရားသခင် မြင်တော်မူပါတယ်။ ပြီးတော့ ဘုရားသခင်က မြင်ရုံတင် မဟုတ်ပါဘူး။ သင့်ကို ဂရုစိုက်သော ဘုရားသခင်လည်းဖြစ်ပါတယ်။

သမ္မာကျမ်းစာထဲမှာလည်း

“သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ သင့်​ကို ကြည့်​ရှု​ပြု​စု​မည်။ ဉာဏ်​ပ​ညာ​မဲ့​သော မြင်း​လား​ကဲ့​သို့ မ​ဖြစ်​နှင့်။” ‭‭ဆာလံ‬ ‭32‬:‭8‬

လို့ ဆိုထားပါတယ်။

မိတ်ဆွေ ရေ… ဒီနေ့ သင် ဘယ်နေရာမှာရှိနေပါစေ၊ ဘယ်လိုအခြေအနေကို ဖြတ်သန်းနေရပါစေ

သင်ဟာ ဘုရားသခင်ရဲ့ မျက်စိရှေ့ကနေ ဘယ်တော့မှ ပျောက်မသွားပါဘူး။

လူတွေ သင့်ကို မမြင်နိုင်တဲ့အချိန်မှာတောင် ဘုရားသခင် မြင်တော်မူပါတယ်။ လူတွေ သင့်ကို မေ့သွားတဲ့အချိန်မှာတောင် ဘုရားသခင် မမေ့ပါဘူး။ သင် ဘယ်လမ်းကို ဆက်လျှောက်ရမလဲ မသိတဲ့အချိန်မှာတောင် ဘုရားသခင်က သင့်ကို လမ်းပြဖို့ အဆင်သင့်ရှိနေပါတယ်။

ဒါကြောင့် ဒီနေ့ ဘုရားသခင်ရဲ့ မျက်စိအောက်မှာ လုံခြုံစွာ အနားယူလိုက်ပါ။

ဘုရားသခင် သင့်ကို မြင်တော်မူတယ်။
ကိုယ်တော် သင့်ကို သိတော်မူတယ်။
 ဘုရားသခင် သင့်ကို ဂရုစိုက်တော်မူတယ်။

ဘုရားသခင်သင့်ကိုစောင့်နေတယ်။ ယခုပဲ သူ့မျက်မှောက်တော်ထဲ တိုးဝင်ပြီး စိတ်ချခြင်းကို တောင်းခံလိုက်ပါ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။