• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၀၄ စက် ၂၀၂၆

သင်ဟာ ဘုရားရဲ့ အချစ်ကို သယ်ဆောင်သောသူ!

ထုတ်ဝေသည့်ရက်စွဲ ၀၄ စက် ၂၀၂၆

မိတ်ဆွေ ရေ… ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်း၊ နေ့ရက်တစ်ရက်ပြီး တစ်ရက်၊ သင်ဟာ ဘုရားသခင်၌ ကြီးထွားလျက် ရှိနေပြီး သူ့နဲ့ ပိုမိုနီးကပ်လာလျက် ရှိနေပါတယ်။

ဒါပေမဲ့ ဘုရားသခင်က သင့်ကို ကြီးထွားစေတာဟာ အခြားသူများ၏ အသက်တာကိုပါ ကောင်းကြီးဖြစ်စေဖို့ ဆိုတာကို စဉ်းစားဖူးပါသလား?

“တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​အ​ဘယ်​သူ​ကို စေ​လွှတ်​ရ​မည်​နည်း။ ငါ​တို့​အ​ဖို့ အ​ဘယ်​သူ​သွား​မည်​နည်း​ဟု​မေး​တော်​မူ​သံ​ကို ငါ​ကြား​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။” ‭‭ဟေရှာယ‬ ‭6‬:‭8‬

ဘုရားသခင်ဟာ သင့်ကို တဖြည်းဖြည်း ပုံသွင်းပြောင်းလဲစေပြီး၊ သူ့ရဲ့ သမ္မာတရားနဲ့ ကတိတော်များကို သင့်နှလုံးသားထဲသို့ ပြောကြားနေပါတယ်။ သင်ဟာ အခြားသူများရဲ့ အသက်တာကို ကောင်းကြီးပေးတဲ့ တန်ဆာတစ်ခုအဖြစ် အသက်ရှင်ဖို့ ခေါ်ခြင်းခံထားရသူ ဖြစ်ပါတယ်။

ဘုရားသခင်ဟာ သင့်အသက်တာထဲ

  • ကျေးဇူးတော်ကို လောင်းပေးတော်နေတယ်

  • ဉာဏ်ပညာကို ပေးနေတယ်

  • ခွန်အားကို ပေးနေပါတယ်

ဒါဟာ သင့်ကို ချစ်ခြင်းမေတ္တာရဲ့ သံတမန် ဖြစ်စေဖို့နဲ့ သင်ရှိရာ နေရာတိုင်းမှာ ကောင်းကြီးမင်္ဂလာ ဖြစ်စေဖို့ ဖြစ်ပါတယ်။ သင်ဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ရထားသောသူဖြစ်လို့ ပြောင်းလဲခြင်းကို ဖြစ်စေနိုင်ပြီး၊ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို နေရာအနှံ့ ဖြန့်ဝေနိုင်သူ ဖြစ်ပါတယ်။

“ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။-” ‭‭၂ ကောရိန္သု‬ ‭5‬:‭20

မိတ်ဆွေ ရေ… ဒီနေ့ သင့်ပတ်ဝန်းကျင်ရှိ လူများ၏ အသက်တာအပေါ် ကောင်းမွန်သော သက်ရောက်မှု ဖြစ်စေဖို့ ရှေ့တစ်လှမ်း တိုးလိုက်ပါ။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ထင်ရှားစေသူ ဖြစ်လိုက်ပါ။

ဒီနေ့မှာ ကျွန်တော်တို့ အတူတူ ဝန်ခံဆုတောင်းကြရအောင် -

“အဖဘုရား… ကျွန်ုပ်သည် ကိုယ်တော်နှင့် သက်ဆိုင်သူဖြစ်ပြီး ကိုယ်တော်၏ လက်တော်ဖြင့် ဖန်ဆင်းခြင်းခံရသူ ဖြစ်ကြောင်း ဝန်ခံပါသည်။ ကျွန်ုပ်သည် ကိုယ်တော်ကို ပိုမိုလိုချင်ပါသည်။ သို့မှသာ ကျွန်ုပ်ပတ်ဝန်းကျင်ရှိ လူများကို ပိုမိုပေးကမ်း ကောင်းကြီးပေးနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်ကို အသုံးပြု၍ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ထင်ရှားစေသော သံတမန် ဖြစ်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

ဘုရားသခင် သင့်ကိုစောင့်နေတယ်။ ယခုပဲ သူ့မျက်မှောက်တော်ထဲ တိုးဝင်လိုက်ပါ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။