ဘုရားသခင်ဟာ သင့်အတွက် ဆုံးရှုံးခဲ့သော အချိန်များကို ပြန်လည် ထူထောင်ပေးနိုင်ပါတယ်!
မိတ်ဆွေ ရေ… အတိတ်သို့ ပြန်သွားနိုင်တဲ့ အချိန်စက်တစ်လုံး ရှိခဲ့မယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို ပြင်ဆင်ချင်ဖူးပါသလား? မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချချင်ဖူးပါသလား? ဒါမှမဟုတ် ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည်အသက်သွင်းချင်ဖူးပါသလား?
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဒီလို မိန့်တော်မူပါတယ်
“အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏မဟာဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေးမည်။” ယောလ 2:25
အချိန်ဟာ အလွန်လျင်မြန်စွာ ကုန်လွန်သွားတတ်ပါတယ်။ အလုပ်၊ မိသားစုနဲ့ တာဝန်ဝတ္တရားများကြားမှာ နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေဟာ မသိလိုက်မီပင် ကုန်ဆုံးသွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အချိန်မရှိခြင်းကြောင့်ပဲ အိပ်မက်များကို ဘေးဖယ်ထားလိုက်ရတတ်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ အိပ်မက်မက်ဖူးပါသလား?
အသင်းတော်မှာ အမှုတော်ဆောင်ဖို့ စိတ်ကူးရှိဖူးပါသလား?
ကျောင်းပြန်တက်ပြီး ဘွဲ့တစ်ခု ပြီးဆုံးချင်ဖူးပါသလား?
အခန်းထောင့်မှာ ရှိနေတဲ့ ဂီတတူရိယာတစ်ခုကို သင်ယူချင်ဖူးပါသလား?
မိတ်ဆွေ ရေ… ဘုရားသခင်ဟာ ဆုံးရှုံးခဲ့သော အချိန်များကို ပြန်လည်ထူထောင်ပေးနိုင်ပါတယ်။ ကျိုင်းကောင်များ စားသွားသော နှစ်များကို ပြန်ပေးနိုင်ပါတယ်။
တစ်ချိန်က ဘုရားသခင်နဲ့ ဝေးကွာခဲ့ဖူးတဲ့အချိန် သို့မဟုတ် အခြားအရာတွေမှာ အာရုံစိုက်နေချိန် ကိုယ့်ရဲ့ အိပ်မက်များကို မေ့လျော့ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့… နောက်မကျသေးပါဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်နဲ့အတူ ရှိတဲ့အခါ ဘယ်တော့မှ နောက်မကျပါဘူး။
ဘုရားသခင်ဟာ ထိုစွမ်းရည်များ၊ အရည်အချင်းများနှင့် ဆုကျေးဇူးများကို သင့်အထဲမှာ ထည့်သွင်းပေးတာသည် သူ့ရဲ့ ဘုန်းတော်အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားသခင်ဟာ သင် အဲ့တာတွေကို အသုံးပြုနိုင်ဖို့ သင့်ကို ကူညီပေးပါလိမ့်မည်။
|FNAME| ရေ… ဒီနေ့ မှာပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။ ဘုရားသခင်ရဲ့ ရူပါရုံကို လိုက်လျှောက်တဲ့ ခရီးကို စတင်လိုက်ပါ။ ရှေ့ကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပါ… စတင်ဖို့ ဘယ်တော့မှ နောက်မကျပါဘူး။
ဘုရားသခင် သင့်ကိုစောင့်နေတယ်။ ယခုပဲ သူ့မျက်မှောက်တော်ထဲ တိုးဝင်လိုက်ပါ။