သခင်ဘုရားပေးတဲ့ ဝမ်းမြောက်ခြင်းဟာ အချိန်တိုင်းမှာ ရှိနေပါတယ်!
ဒီနေ့ကတော့ “ဘာကြောင့် စိတ်ဖိစီးနေရသလဲ ?” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်ကိုလေ့လာရင်း တည်ဆောက် ခံယူနေခြင်းရဲ့ နောက်ဆုံးနေ့ရက် ဖြစ်ပါတယ် ။
မိတ်ဆွေ ရေ …
သင်ဟာ နေ့တိုင်းမှာ ပျော်ရွှင်နိုင်ခွင့် ရှိတယ်ဆိုတာ သိပါသလား?
ဖိလိပ္ပိ ၄:၄ မှာ အခုလို ဖော်ပြထားပါတယ် “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။-” ဖိလိပ္ပိ 4:4
တမန်တော်ပေါလုက ဒီကျမ်းပိုဒ်ကို ရေးသားတဲ့အချိန်မှာ သူဟာ ထောင်ထဲမှာ ရောက်နေတာပါ။ ထောင်ထဲမှာတောင်၊ အဆိုးရွားဆုံး အခက်အခဲတွေကြားမှာတောင် ဝမ်းမြောက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား လို့စဉ်းစားနေရင် ဖြစ်နိုင်ပါတယ် ! ကျွန်မတို့အနေနဲ့ မလွယ်ကူပေမယ့် ဘုရားသခင်အားဖြင့်တော့ သိပ်ကို ဖြစ်နိုင်ပါတယ်!
ဝမ်းမြောက်ခြင်းဆိုတာ ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း ပေါလုက ကျွန်မတို့ကို ပြသခဲ့ပါတယ်။ သင့်ရဲ့ ဝမ်းမြောက်ခြင်းဟာ သင့်ပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲဆိုတဲ့အပေါ်မှာ မမူတည်ဘဲ၊ သင့်အထဲမှာရှိတဲ့ ဘုရားသခင်အပေါ်မှာပဲ မူတည်ပါတယ်။
“သင်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။” ဟေရှာယ 43:2
ဒါဟာ သင့်အတွက် ဘုရားသခင်ရဲ့ ကတိတော်ဖြစ်ပါတယ် ။
ခက်ခဲတဲ့ အချိန်တွေ ရောက်လာတဲ့အခါ သင်ဟာ ဘုရားသခင်နဲ့အတူ ကျော်ဖြတ်နေရတယ်ဆိုတာကို သိမှတ်စွဲလမ်းရင်း ဝမ်းမြောက်နိုင်ပါတယ်။
မိတ်ဆွေ ရေ... သင် ဘာကိုပဲ ဖြတ်သန်းနေရပါစေ၊ သခင်ဘုရားပေးတဲ့ ဝမ်းမြောက်ခြင်းဟာ သင့်အတွက် နေ့တိုင်းမှာ ရှိသလို အဲ့ဒီဝမ်းမြောက်ခြင်းကလည်း သင်နဲ့ ထိုက်တန်ပါတယ် ။
စိတ်ဖိစီးမှုဟာ သင့်အတွက် ဘုရားသခင်အလိုတော်ရှိတဲ့ အရာ မဟုတ်ပါဘူး ။ ဝမ်းမြောက်ရင်းကို အစဉ်အမြဲရွေးချယ်ပြီးတော့ ဘုရားသခင်ထဲမှာ နေထိုင်အသက်ရှင်ဖို့ရန်အတွက် ခွန်အားပေးတိုက်တွန်းချင်ပါတယ် ။
သင်ဟာ ကောင်းကြီးမင်္ဂလာဖြစ်ပါတယ် 🤍