• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၇ သြ ၂၀၂၆

တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ !

ထုတ်ဝေသည့်ရက်စွဲ ၂၇ သြ ၂၀၂၆

ဒီတစ်ပတ်မှာတော့ “ဘာကြောင့် စိတ်ဖိစီးနေရသလဲ ?” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ကပါတ်တော်ကိုလေ့လာရင်း ခံယူနေကြတာဖြစ်ပါတယ် ။

ဒါဝိဒ်နဲ့ ဂေါလျက်အကြောင်းကို ငယ်ငယ်ကတည်းက ကျွန်မတို့ကြားဖူးနေကျဖြစ်ပါတယ် ။  (၁ ဓမ္မရာဇဝင် ၁၇ မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်)။ 

သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဒီအဖြစ်အပျက်ထဲကလို မြင်မိနိုင်ပါတယ်။ လူငယ်လေး ဒါဝိဒ်ဟာ ဂေါလျက်ကို တိုက်ခိုက်ရတော့မယ်။ ဒါဝိဒ် ပြင်ဆင်နေတဲ့အချိန်မှာ ရှောလုမင်းကြီးက သူ့ရဲ့ သံချပ်ကာအင်္ကျီကို ဝတ်ဖို့ အကြံပေးပါတယ်။

သမ္မာကျမ်းစာထဲမှာ ပြောထားတာက - “ရှော​လု​သည်​လည်း ဒါ​ဝိဒ်​ကို မိ​မိ​အ​ဝတ်​နှင့်​ဝတ်​စေ​သ​ဖြင့်၊ သူ၏​ခေါင်း​ပေါ်​မှာ ကြေး​ဝါ​ခ​မောက်​လုံး​ကို တင်၍၊ သံ​ချပ်​အင်္ကျီ​ကို​လည်း ဝတ်​စေ၏။” ၁ ဓမ္မရာဇဝင်‬ ‭17‬:‭38‬

ဒါဝိဒ်ဟာ စစ်ဝတ်တန်ဆာကို တစ်ခါမှ မဝတ်ဖူးပေမယ့် ရှောလုရဲ့ အင်္ကျီကို ဝတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် နောက်မှာတော့ -“ဒါ​ဝိဒ်​သည် ဓား​တော်​ကို အ​ဝတ်​ပေါ်​မှာ​စည်း၍ သွား​မည်​ဟု အား​ထုတ်​သော်​လည်း၊ ထို​လက်​နက်​များ​ကို မ​စုံ​စမ်း​သေး။ သို့​ဖြစ်၍ ဒါ​ဝိဒ်​က ဤ​လက်​နက်​တို့​နှင့် ကျွန်​တော်​မ​သွား​နိုင်​ပါ၊ မ​စုံ​စမ်း​ပါ​သေး​ဟု ရှော​လု​အား​လျှောက်၍ ချွတ်​ပြန်​လေ၏။” ၁ ဓမ္မရာဇဝင်‬ ‭17‬:‭39‬

ကျွန်မ ဒီနောက်ဆုံးစာကြောင်းလေးကို သတိပြုစေချင်ပါတယ်။ စကားလုံးအနည်းငယ်လေးက သင့်ဘဝမှာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့အတွက် အဓိကသော့ချက် ဖြစ်နေနိုင်ပါတယ် - “ဒါဝိဒ်သည်... ချွတ်ပြန်လေ၏။”

ဒါဝိဒ်ဟာ စစ်ဝတ်တန်ဆာကို ချွတ်လိုက်တယ်... တခြားသူတွေရဲ့ မျှော်လင့်ချက်တွေကို ချွတ်လိုက်တယ်... သူတစ်ပါးနဲ့ နှိုင်းယှဉ်မှုတွေကို ချွတ်လိုက်တယ်... အဲဒါကပဲ သူ့ရဲ့ အောင်မြင်မှု သော့ချက်ပါပဲ! ဒါဝိဒ်ဟာ သူ့ရှေ့က လူထွားကြီးကို အနိုင်ယူဖို့ ရှောလုလိုမျိုး တိုက်ခိုက်စရာ မလိုပါဘူး။ သူလိုအပ်တာက သူ့ရဲ့ ပင်ကိုယ်အတိုင်း ရှိနေဖို့ပါပဲ။

သူအောင်ပွဲရဖို့အတွက် လောက်လေးခွတစ်ခုနဲ့ ဘုရားသခင်အပေါ်မှာ ထားတဲ့ ယုံကြည်ခြင်း အပြည့်အဝပဲ လိုအပ်ခဲ့ပါတယ်။ ဒါဟာ ဘုရားသခင်က ဒါဝိဒ်ကို အောင်ပွဲခံဖို့အတွက် ထူးခြားတဲ့ စွမ်းရည်တွေကို ပေးထားပြီးသားကြောင့်ဆိုတာ သိရပါတယ် ။ ဒါဟာ သင့်အတွက်လည်း ဖြစ်ပါတယ် ။

ကျွန်မရဲ့ အသက်တာထဲမှာ အချိန်ကြာလာတာနဲ့ အမျှ ဘုရားသခင် ကျွန်မကို သွန်သင်တာကတော့ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တာဟာ စိတ်ဖိစီးမှုကိုပဲ ယူဆောင်လာတယ် ဆိုတာပါပဲ။ ဘုရားသခင်က ကျွန်မကို တခြားသူတစ်ယောက်နဲ့ တူအောင် ဖန်ဆင်းထားတာ မဟုတ်တဲ့အတွက် ကျွန်မမဟုတ်တဲ့ တခြားအရာတစ်ခု ဖြစ်ဖို့ ဘာလို့ ကြိုးစားနေရမှာလဲ? သင့်ဘဝမှာ တခြားသူတွေနဲ့ မတူအောင် ထူးခြားနေတဲ့ အချက်တွေဟာ အတားအဆီးတွေ မဟုတ်ပါဘူး... အဲဒါတွေက အဖိုးတန်တဲ့ ဆုကျေးဇူးတွေပါ။

ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို တွန်းလှန်လိုက်ပါ မိတ်ဆွေ။ ဘုရားသခင်က သင့်ကို အလွန်အမင်း ချစ်သလို၊ သင့်ကို ထူးခြားတဲ့နည်းလမ်းနဲ့ အသုံးပြုပါလိမ့်မယ်။

ဒီနေ့မှာ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကွယ်ကာခြင်းက သင့်ပတ်လည်မှာ ဝန်းရံနေပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။