ရယ်ပါ … ထပ်ပြီး ရယ်လိုက်ပါဦး!
အားလပ်ရက်! အားလက်ရက်လို့ ပြောလာပီဆိုရင် ကျွန်မတို့ အားလုံး ဘယ်တော့မှ အားလပ်ရက်ရှိနိုင်မလဲလို့ မျှော်လင့်တတ်ကြပါတယ် …
ကျွန်မကိုယ်တိုင်က ခရီးသွားရတာ နှစ်သက်တဲ့သူမို့ အားလပ်ရက်ရှိလာပြီဆိုရင် ပင်လယ်ကမ်းခြေကိုပဲ သွားသွား၊ တောင်ပေါ်ကိုပဲ သွားသွား ပြန်ပြီး အားရှိလာသလို ခံစားရပါတယ် ။ တချို့ကတော့ အိမ်မှာပဲ နားနေတာက အကောင်းဆုံး အပန်းဖြေခြင်းလို့ ခံစားရပါတယ် ။ အားလပ်ရက်တွေက စိတ်ကို လန်းဆန်းစေပြီး ခွန်အားပြန်ဖြည့်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။
ဒါပေမယ့် မကြာသေးခင်က လေ့လာမှုတွေအရ လူအတော်များများဟာ သူတို့ရဲ့ အားလပ်ရက်တွေကို အကျိုးရှိရှိ အသုံးမချကြဘူးလို့ ဆိုပါတယ်။ ဥပမာ - အလုပ်တွေ နောက်ကျကျန်ခဲ့မှာ ၊ အလုပ်တွေနဲ့ တာဝန်တွေကို နောက်ဆံတင်းနေကြတာ တွေက စိုးရိမ်မှုကို ဖြစ်စေပြီး သူတို့ရဲ့ အနားယူခြင်းကို ခိုးယူသွားတတ်ပါတယ်။
ဒါကို ကျွန်မ ဘာလို့ပြောရသလဲဆိုတော့ ရယ်မောခြင်းဟာလည်း အသုံးမချဘဲ ပစ်ထားတဲ့ အားလပ်ရက်တစ်ခုလို ဖြစ်နေလို့ပါ။ ရယ်မောခြင်းဟာ ကျွန်မတို့ အသုံးမချဘဲ မေ့ထားတဲ့ ဘုရားပေးထားတဲ့ စိတ်ဖြေလျှော့ခြင်း နည်းလမ်းတစ်မျိုးပါ ။
ဝမ်းနည်းစရာက လူအများစုဟာ ရယ်မောဖို့ အခွင့်အရေးကို လျစ်လျူရှုထားကြပါတယ်။ ကျွန်မတို့အားလုံးကို သက်သာရာရစေဖို့ ဘုရားဖန်ဆင်းပေးထားတာဖြစ်ပါတယ် ။ ကျွန်မတို့ အခုပဲ ဆုံးဖြတ်ရင် ထိုဝမ်းမြောက်ခြင်းကို ခံစားလို့ရပါတယ်။
ဘုရားသခင်က ကျွန်မတို့ကို ရယ်မောနိုင်စွမ်း ပေးထားတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ရယ်မောခြင်းဟာ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနဲ့ ကြောက်ရွံ့မှုတွေကို တိုက်ထုတ်ဖို့အတွက် အလွန်အရေးကြီးတဲ့ လက်နက် တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က အခုလို လမ်းပြထားပါတယ် -
“စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။” သုတ္တံ 17:22
ကျွန်မ အကြံတစ်ခု ပေးပါရစေ - အခု ခဏလောက် အချိန်ပေးပြီး ရယ်မောကြည့်ရင်ရော ဘယ်လိုလဲ?
နေ့တိုင်း မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး အဲဒီနေ့မှာ ဖြစ်ခဲ့တဲ့ ကောင်းတဲ့အရာလေးတွေကို စဉ်းစားပါ။ ရွှင်လန်းစွာ ဘုရားရဲ့ နှုတ်ကပါတ်တော်အတိုင်း အားပေးတတ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးပါ ။ သူတို့ရဲ့ ရယ်မောသံတွေနဲ့ ဘုရားအပေါ်မြင်တဲ့ အမြင်တွေက သင့်ဆီကို လာပြီး ကူးစက်သွားမှာ ဖြစ်ပါတယ် ။
မိတ်ဆွေ ရေ... သင့်ရဲ့ ရယ်မောသံတွေကို ခိုးယူသွားပြီး စိတ်ဖိစီးမှုတွေ ပေးနေတဲ့ နာကျင်စရာ အခြေအနေတွေကို ဖြတ်သန်းနေရတယ်ဆိုရင် အဲဒါကို တစ်ယောက်တည်း မရင်ဆိုင်ပါနဲ့။ ဘုရားသခင်ဆီမှာ အကူအညီတောင်းပါ၊ သင့်နှလုံးသားထဲမှာ ဝမ်းမြောက်ခြင်း ပြန်လည်နေရာယူဖို့ ဆုတောင်းပါ။
ကိုယ်တော်က သင့်ကို “...ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို” ဟေရှာယ 61:3
ပေးချင်သလို ပေးလည်း ပေးနိုင်သော ဘုရားဖြစ်ပါတယ် ။
ကျွန်မတို့ဟာ လောကရဲ့ အလင်းဖြစ်တယ်လို့ ဆိုထားပါတယ်
(မဿဲ ၅:၁၄)
သင့်ရဲ့ ရယ်မောသံဟာ အဲဒီအလင်းကို ဖွင့်ပေးမယ့် ခလုတ်တစ်ခုဆိုရင်ရော ဘယ်လိုလဲ?
ယခုမှာပဲ ရယ်မောခြင်းဆိုတဲ့သိပ် မသုံးဖြစ်တဲ့ လက်နက်ကို ထုတ်သုံးပြီး အရာရာကိုကျော်လွှားရင်ဆိုင်လိုက်ပါ 🤍