• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၂ သြ ၂၀၂၆

သင်ဟာ ဘုရားသခင်အတွက် ဖန်ဆင်းခံထားရသူ ဖြစ်ပါတယ်!

ထုတ်ဝေသည့်ရက်စွဲ ၂၂ သြ ၂၀၂၆

သင်ဟာ ဘုရားသခင်အတွက် ဖန်ဆင်းခံထားရသူ ဖြစ်ပါတယ်!

မိတ်ဆွေ ရေ… သင်ဟာ ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲမှာ အသက်ရှင်ဖို့ အထူးဖန်ဆင်းခံထားရသူ ဖြစ်ပါတယ်။ ဖန်ဆင်းရှင် ဘုရားသခင်ရဲ့ မျက်မှောက်တော်ဟာ သင့်ဝိညာဉ်ရဲ့ နေရာအိမ် ဖြစ်ပြီး သင့်နှလုံးသားရဲ့ ခိုလှုံရာလည်း ဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ မျက်မှောက်တော်ဟာ သူ့ရဲ့ အသံတော်ကို ကြားရန်၊ ကတိတော်များကို လက်ခံရန်နဲ့ သူ့အထဲမှာ ကြီးထွားရန် အကောင်းဆုံးသော နေရာ ဖြစ်ပါတယ်။

“ကိုယ်​တော်​သည် သူ့​ကို ထာ​ဝ​ရ​မင်္ဂ​လာ​အ​ရာ၌​ခန့်​ထား၍၊ မျက်​နှာ​တော်​အား​ဖြင့် အ​လွန်​ဝမ်း​မြောက်​စေ​တော်​မူ၏။” ‭‭ဆာလံ‬ ‭21‬:‭6‬ ‭

ဘုရားသခင်ရဲ့ မျက်မှောက်တော်ဟာ နေ့စဉ် သင့်ကို ပို့ဆောင်ပေးတယ်၊ သင့်ကို ထောက်မပေးတယ်၊ သင့်အသက်တာလမ်းကြောင်းကို အလင်းပေးတယ်၊ သင့်စိတ်ဝိညာဉ်ကို အထက်မှလာသော ဝမ်းမြောက်ခြင်းနဲ့ ပြည့်စေပါတယ်။

ဒီလောကမှာ ဘယ်အရာကမှ ဘုရားသခင်နဲ့ နီးကပ်စွာ ရှိနေတဲ့ အချိန်၊ သူ့ရဲ့ မျက်နှာတော်ကို ရှာဖွေသော အချိန်နဲ့ သူ့ရဲ့ အသံတော်ကို နားထောင်သော အချိန်တွေကို မနှိုင်းယှဉ်နိုင်ပါဘူး။

မနက်တိုင်း အိပ်ရာကနေထတာနဲ့ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကို ရှာဖွေဖို့ သင့်ကို ဖိတ်ခေါ်လိုပါတယ်။ သင့်ပထမဆုံး အတွေးတွေဟာ ဘုရားသခင်ထံသို့ လှည့်ပါစေ၊ သင့်ပထမဆုံး စကားတွေဟာလည်း ဘုရားသခင်အတွက်ပဲ ဖြစ်ပါစေ။ ယေရှုနဲ့အတူ နေ့တစ်နေ့ကို စတင်ခြင်းထက် ပိုမိုလှပသော အရာ မရှိပါဘူး။

“အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။” ‭‭ဆာလံ‬ ‭5‬:‭3‬ 

မိတ်ဆွေ ရေ… ဒီနေ့ ဘုရားသခင်နဲ့အတူ အချိန်ယူပါ။ သူ့ရဲ့ မျက်မှောက်တော်မှာ ဝမ်းမြောက်ပါ၊ ဘုရားသခင်ကို အပြည့်အဝ ခံစားမွေ့လျော်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် သင်ဟာ ဘုရားသခင်အတွက် ဖန်ဆင်းခံထားရသူ ဖြစ်သောကြောင့် ဖြစ်ပါတယ်။

ဘုရားသခင် သင့်ကိုစောင့်နေတယ်။ ယခုပဲ သူ့မျက်မှောက်တော်ထဲ တိုးဝင်လိုက်ပါ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။