• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၁ သြ ၂၀၂၆

မိတ်ဆွေ ရေ… ယနေ့ သင်သည် အောင်နိုင်သူထက်ပင် သာလွန်သောသူ ဖြစ်ပါသည်!

ထုတ်ဝေသည့်ရက်စွဲ ၂၁ သြ ၂၀၂၆

မိတ်ဆွေ ရေ… ဒီနေ့ကျွန်ုပ် ယုံကြည်ခြင်းနဲ့ သင့်အသက်တာအပေါ် ဒီသမ္မာတရားကို ကြေညာလိုပါတယ်။ သင်ဟာ အောင်မြင်သူထက်အောင်မြင်သောသူဖြစ်ပါတယ်။

“ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-” ‭‭ရောမ‬ ‭8‬:‭37

သင့်အသက်တာထဲမှာ ဘယ်လိုအရာမျိုးပဲ ဖြစ်နေပါစေ သင်ဟာ အောင်မြင်ပြီးသောသူ ဖြစ်ပါတယ်။

  • မကောင်းသော သတင်းတစ်ခု ရောက်လာရင်လည်း... သင်ဟာ အောင်မြင်သူထက် အောင်မြင်သောသူ ဖြစ်ပါတယ်။

  • အလုပ်တွင် ကျရှုံးမှုတစ်ခု ကြုံရရင်လည်း... သင်ဟာ အောင်မြင်သူထက် အောင်မြင်သောသူ ဖြစ်ပါတယ်။

  • မမျှော်လင့်ထားသော ပြဿနာများ ကြုံရရင်လည်း... သင်ဟာ အောင်မြင်သူထက် အောင်မြင်သောသူ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ အထီးကျန်တယ်လို့ ခံစားရတဲ့အချိန်မှာပင်လျှင်၊ လဲကျသွားတယ်လို့ ခံစားရရင်တောင်၊ စိတ်ဓာတ်ကျနေတယ်လို့ ခံစားရရင်တောင် သင်ဟာ အောင်မြင်သူထက် အောင်မြင်သောသူ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် သင့်အောင်ခြင်းဟာ သင့်ကိုယ်ပေါ် မူတည်နေခြင်း မဟုတ်ဘဲ၊ သင့်ကို ချစ်ခဲ့ပြီး ယနေ့တိုင် ချစ်နေဆဲဖြစ်တဲ့ ယေရှုခရစ်တော်က သင့်အတွက် ထိုအောင်ခြင်းကို ရယူပေးခဲ့ပြီးပြီ ဖြစ်သောကြောင့် ဖြစ်ပါတယ်။ သင့်ကယ်တင်ရှင် ယေရှုဟာ မကောင်းသောအရာများကို ကောင်းသောအရာများအဖြစ် ပြောင်းလဲနိုင်သလို စစ်မြေပြင်အလယ်မှာပင် သဘာဝလွန်သော ငြိမ်သက်ခြင်းကို ပေးနိုင်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။

မိတ်ဆွေ ရေ… သင့်အောင်ခြင်းဟာ သခင်ဘုရား၌ ရှိပါတယ်။ ကိုယ်တော်တစ်ပါးတည်း၌သာ ရှိပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။