• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၉ သြ ၂၀၂၆

“ယုံကြည်ခြင်းပြိုင်ပွဲ” အတွက် အသင့်ဖြစ်ပြီလား?

ထုတ်ဝေသည့်ရက်စွဲ ၁၉ သြ ၂၀၂၆

မိတ်ဆွေ ရေ… ဒီနေ့ ကျွန်တော်တို့ဟာ အားကစားအကြောင်းနဲ့ ယုံကြည်ခြင်းခရီးလမ်းမှာ ကြုံတွေ့ရတဲ့ စုံစမ်းမှုများအကြောင်း အနည်းငယ် ဆင်ခြင်ကြည့်ကြပါမယ်။

များသောအားဖြင့်—

“ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။-” ၂ တိမောသေ 4:7 

ဟု မပြောနိုင်မီ...

“ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။ ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။-” ဖိလိပ္ပိ 3:12-14

ဟု ပြောရတတ်ပါတယ်။ အောင်ပွဲခံစင်မြင့်ပေါ်သို့ မတက်မီ အောင်ခြင်းအတွက် တိုက်ပွဲဝင်ရတာ ဖြစ်ပါတယ်။ အားကစားနဲ့ ယုံကြည်ခြင်းအကြား နှိုင်းယှဉ်ချက်ဟာ အလွန် သင့်လျော်ပါတယ်။ တမန်တော်ပေါလုကလည်း ခရစ်ယာန်အသက်တာကို ဖော်ပြရာမှာ ဒီပုံရိပ်ကို အသုံးပြုခဲ့ပါတယ်။

သင့်ရဲ့ ယုံကြည်ခြင်းကို လက်တွေ့အသုံးချသောအခါ မမြင်ရသော်လည်း အမှန်တကယ် ရှိနေသော ရန်သူများကို ရင်ဆိုင်ရပါလိမ့်မယ်။

 မယုံကြည်ခြင်း

 စုံစမ်းနှောင့်ယှက်ခြင်း

 ရောဂါဝေဒနာများ

 စိတ်နှလုံးနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲများ

ဒီအရာတွေဟာ ယုံကြည်သူရဲ့ လေ့ကျင့်ရေးကွင်း ဖြစ်ပါတယ်။ နေ့စဉ် သင့်ရဲ့ ယုံကြည်ခြင်းကို စမ်းသပ်သော အတားအဆီးများစွာ ရှိနေပါတယ်။ ဒါပေမယ့် ချန်ပီယံတစ်ဦးဟာ အိပ်ရာပေါ်မှာ လှဲနေရင်း ချန်ပီယံ မဖြစ်လာပါဘူး။ သူဟာ နေ့စဉ် လေ့ကျင့်ရတယ်၊ ကြိုးစားရတယ်၊ ခံနိုင်ရည်ရှိရတယ်၊ မိမိကိုယ်ကို ကျော်လွန်ရပါတယ်။ ပန်းတိုင်သို့ ရောက်ရန်နဲ့ ဆုကို ရယူရန် ဆက်လက် ပြေးရပါတယ်။

မိတ်ဆွေ ရေ… စုံစမ်းမှုများကို မကြောက်ပါနဲ့။ ကောင်းသော ပြေးပွဲကို ပြေးရန် မကြောက်ပါနဲ့။ ကောင်းသော တိုက်ပွဲကို တိုက်ရန် မကြောက်ပါနဲ့။ အောင်ခြင်းဟာ သင့်အတွက် ရှိနေပါတယ်။ သင် ပြေးနေတဲ့ အားကစားကွင်းရဲ့ ပရိသတ်ခုံများကို ကြည့်လိုက်ပါ... ယေရှုဟာ အဲ့နေရာမှာ ရှိနေပါတယ်။ သင့်ကို အားပေးနေပါတယ်။ သင့်နဲ့အတူ ပြေးလမ်းတစ်လျှောက် လိုက်ပါပေးနေပါတယ်။

“ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။-” ၂ ကောရိန္သု 4:16

အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ပြေးရမယ့်လမ်းကို ဆုံးခန်းထိတိုင်ပြေးလိုက်ပါ။

သင်နဲ့အတူ ခရစ်တော်ရှိနေတယ်။

အောင်မြင်ခြင်းဟာ သင့်အတွက်ရှိနေတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။