• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၈ သြ ၂၀၂၆

ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သင့်ကို ခွဲခွာစေနိုင်သောအရာ လုံးဝမရှိပါ!

ထုတ်ဝေသည့်ရက်စွဲ ၁၈ သြ ၂၀၂၆

မိတ်ဆွေ ရေ… ဖခင်တစ်ဦးနဲ့ သူ့ရဲ့ သားငယ်လေးအကြောင်း စဉ်းစားကြည့်ရအောင်။

အင်အားအပြည့်နဲ့ ပြေးလွှားဆော့ကစားနေတဲ့ ကလေးငယ်ဟာ ပန်းအိုးတစ်လုံးကို မှားယွင်းတိုက်မိပြီး ကြမ်းပြင်ပေါ်မှာ ကွဲရှသွားခဲ့တယ်ဆိုပါစို့။ အဲ့အချိန်မှာ ဖခင်ဖြစ်သူဟာ လူသားတစ်ဦးဖြစ်လို့ စိတ်ဆိုးဒေါသထွက်နိုင်ပေမဲ့ သူ့သားကို ချစ်တဲ့မေတ္တာကတော့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က သူ့သားကို ခွဲထုတ်ဖို့ ကြိုးစားရင်လည်း အသက်နဲ့လဲပြီး ကာကွယ်မှာ အမှန်ပါပဲ။

ဘုရားသခင်ရဲ့ သားသမီးများဖြစ်တဲ့ ကျွန်တော်တို့အတွက်လည်း အဲ့သလိုပါပဲ။ ဘုရားသခင်ဟာ ပြည့်စုံသော ဘုရားသခင် ဖြစ်တာကြောင့် ကျွန်တော်တို့ကို ပြည့်စုံသော ချစ်ခြင်းမေတ္တာဖြင့် ချစ်နေတာပါ။

တကယ်လို့ အဲ့လို မချစ်ဘူးဆိုရင် သူ့အတွက် အဖိုးတန်ဆုံးဖြစ်တဲ့ တစ်ပါးတည်းသော သားတော်ကို ကျွန်တော်တို့ရဲ့ အပြစ်များအတွက် အသေခံဖို့ စေလွှတ်မှာတောင် မဟုတ်ပါဘူး။ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ အမှားနဲ့ အပြစ်အားလုံးကို ကြိုတင်သိပေမဲ့ အဲ့အရာက ယေရှုကို စေလွှတ်ခြင်းနဲ့ ယဇ်ပူဇော်ခြင်းကို မတားဆီးနိုင်ခဲ့ပါဘူး။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို သူနဲ့ ပြန်လည်သင့်မြတ်စေဖို့ အဆုံးတိုင်အောင် ဝမ်းမြောက်စွာ ချစ်ခဲ့သော ဘုရားသခင် ဖြစ်ပါတယ်။

“အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။” ရောမ 8:38-39

 မိတ်ဆွေ ရေ… ယနေ့ အဖဘုရားရဲ့ မပြောင်းလဲသော၊ အခြေအနေမရွေးသော ချစ်ခြင်းမေတ္တာကို ယုံကြည်စိတ်ချလိုက်ပါ။ သင်ဟာ ဘုရားသခင်ရဲ့ သားသမီး ဖြစ်ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သင့်ကြားမှာ အကွာအဝေး ဖြစ်စေနိုင်တဲ့ အရာတစ်ခုမျှ လုံးဝမရှိပါဘူး။

သင်ဟာအချစ်ခံရသောသူဖြစ်တယ်။ ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲမှာ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ခံယူလိုက်ပါ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။