• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၁၇ သြ ၂၀၂၆

မနေ့ညက သခင်ဘုရား ဘယ်မှာရှိနေတော်မူခဲ့သလဲ သိပါသလား?

ထုတ်ဝေသည့်ရက်စွဲ ၁၇ သြ ၂၀၂၆

မိတ်ဆွေ ရေ… ဒီမနက် သင့်မျက်စိများ ဖွင့်လာချိန်မှာ တစ်စုံတစ်ဦးက သင့်ကို ချစ်ခြင်းမေတ္တာဖြင့် စောင့်ရှောက်လျက် ရှိနေခဲ့ပါတယ်။

ကိုယ်တော်ဟာ မငိုက်မြည်းခဲ့သလို အိပ်ပျော်သွားခဲ့ခြင်းလည်း မရှိပါဘူး။ တစ်ညလုံး နိုးကြားလျက် သင့်ကို စောင့်ကြည့်ကာ ကာကွယ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ထိုသူဟာ ဘုရင်တကာတို့၏ ဘုရင်၊ အသက်ရှင်တော်မူသော စစ်မှန်သည့် ဘုရားသခင် ဖြစ်ပါတယ်။

“အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​ကို​စောင့်​သော​သူ​သည် ငိုက်​မျဉ်းအိပ်​ပျော်​ခြင်း ရှိ​တော်​မ​မူ။” ဆာလံ 121:4

အချိန်တိုင်း၊ အခိုက်အတန့်တိုင်းမှာ ဘုရားသခင်ရဲ့ မျက်စိတော်ဟာ သင့်အသက်တာကို စောင့်ကြည့်လျက် ရှိပါတယ်။ ဘုရားသခင်ဟာ သင့်အသက်တာရဲ့ အသေးစိတ်အချက်အလက်များကိုပင် သိတော်မူသလို သင့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာများကိုလည်း သိတော်မူပါတယ်။ ဘုရားသခင်ရဲ့ မျက်မှောက်တော်ရှေ့မှာ အရာခပ်သိမ်း ပွင့်လင်းလျက်ရှိပြီး ဖုံးကွယ်ထားနိုင်သော အရာတစ်ခုမျှ မရှိပါဘူး။

သင်လှမ်းသော ခြေလှမ်းတိုင်းနဲ့ တိုးတက်လာသမျှကို ဘုရားသခင် မြင်တော်မူသလို အလားတူပင် သင်၏ အမှားများ၊ ချော်လဲမှုများနှင့် ကျရှုံးမှုများကိုလည်း သိတော်မူပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ဘုရားသခင်ဟာ သင့်အတွက် ကရုဏာတော်ကို အသစ်ပြန်လည်ပေးတော်မူပါတယ်။

“ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။” ယေရမိမြည်တမ်း 3:22 

ဘုရားသခင်ဟာ သင့်ကောင်းကင်ဖခင် ဖြစ်တော်မူသောကြောင့် သင့်ဘဝခရီးတစ်လျှောက်လုံးမှာ သင့်နဲ့အတူ ရှိပါတယ်။ သင့်ရဲ့ ခရီးစဉ်တိုင်းဟာ ဘုရားသခင်ရဲ့ နူးညံ့သော မေတ္တာမျက်ဝန်းအောက်မှာ စတင်တာ ဖြစ်ပါတယ်။

“ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​နှင့် က​ရု​ဏာ​တော်​ကို ခို​လှုံ​သော​သူ​တို့​သည်၊ သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။” ဆာလံ 33:18-19

မိတ်ဆွေ ရေ… စိတ်ချယုံကြည်စွာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းပါ။ အနူးညံ့ဆုံး၊ အကြင်နာဆုံးနဲ့ ချစ်ခြင်းမေတ္တာအပြည့်ဆုံး မျက်ဝန်းတော်ဟာ သင့်အပေါ်မှာ ရှိနေပြီး ကိုယ်တော်ဟာ ယနေ့လည်း သင့်ကို စောင့်ရှောက်လျက် ရှိတော်မူပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။