ကိုယ်တော်၏ မေတ္တာတော်တန်ခိုးကို သင် တိုင်းတာနိုင်ပါသလား?
မိတ်ဆွေ ရေ…
ဘဝမှာ တစ်ခါတလေ လူတွေဆီက ရတဲ့ မေတ္တာတွေက အခြေအနေတွေပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်တာကို ကြုံဖူးပါသလား ? ဒါပေမယ့် ဘုရားသခင်ရဲ့ မေတ္တာကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဘုရားသခင်ဟာ သင့်အပေါ် မေတ္တာအပြည့်နဲ့ ချစ်တဲ့ ဘုရားဖြစ်ပါတယ်။ ဘယ်တော့မှ မပျက်စီးတော့တဲ့၊ ထူးခြားဆန်းပြားတဲ့ မေတ္တာပေါ့။
“သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ်နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဖို့ပေးချင်သော်လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။”
ဒီကမ္ဘာပေါ်က ရေတွေအားလုံးဟာ ဒီမေတ္တာကို မငြိမ်းသတ်နိုင်ပါဘူး။ ဒါဟာ ပြိုင်ဘက်ကင်းတဲ့ မေတ္တာ ဖြစ်ပါတယ်။ အလွန်ကြီးမားလွန်းလို့ စကြဝဠာကြီးကတောင် မဆံ့နိုင်သလို၊ အဲဒီမေတ္တာကို ဖော်ပြဖို့ အဘိဓာန်ထဲမှာလည်း စကားလုံး အလုံအလောက် မရှိပါဘူး။ ဒီမေတ္တာဟာ နူးညံ့သလို တန်ခိုးလည်း ကြီးပါတယ်။
တမန်တော်ယောဟန် ရေးသားခဲ့သလိုပဲ -
“ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။-”
မိတ်ဆွေ ရေ... သင့်ရဲ့ နေ့ရက်တိုင်းဟာ ကိုယ်တော့်ရဲ့ ပြည့်စုံတဲ့ မေတ္တာတော် ၊ အတ်ိုင်းအဆမဲ့တဲ့ မေတ္တာတော်နဲ့ ပြည့်နှက်နေတယ်လို့ ခွန်အားပေးချင်ပါတယ် ။
ထိုမေတ္တာတော်အတွက် အတူတကွ ကျေးဇူးတော်ချီးမွမ်းကြရအောင် …
“အဖဘုရားသခင်… ကိုယ်တော်၏ နှိုင်းယှဉ်၍မရနိုင်သော မေတ္တာတော်ကြီးမားပုံကို ဒီနေ့မှာ ပြန်လည် သတိရစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘယ်အရာကမှ မဖြိုခွဲနိုင်တဲ့ ကိုယ်တော့်မေတ္တာတော်ကို ခံယူလျက်၊ ထိုမေတ္တာတော်ထဲမှာ လုံခြုံစွာ အသက်ရှင်နိုင်ဖို့ ကျွန်ုပ်အား မစတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းလျက် ကျေးဇူးတော်ချီးမွမ်းပါ၏ ။ အာမင်။”
တိုင်းတာ၍ မရနိုင်သော မေတ္တာတော်သည် သင့်အထဲ၌ ရှိနေပါတယ် 🤍